ဒီရက်သတ္တပတ်အတွက် ထူးခြားချက်ကတော့ ရွားသွန်းမယ့် မိုးရေချိန် ဖြစ်ပါတယ်။ ဧရာဝတီတိုင်း တတိုင်းလုံးအတွက် ရက်အများစုမှာ မိုးရေချိန် ၂ လက်မခွဲအထိ ရွာသွန်းနိုင်တယ်လို့ မိုးဇလပညာ ရှင်တွေဆီက သိရပါတယ်။”
၂၄၊ဇွန်။
မိုးဇလ ပညာရှင် ဦးဝင်းနိုင်ကတော့ လတ်တလောကာလမှာ ထူးခြားမိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ် ပြီး ဒီလိုမျိုး ဖြစ်စဉ်တွေဟာ မိုးလယ်ကာလတ လျှောက်လုံး ရှိနေမှာဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒါပေမယ့် ဧရာဝတီမြစ်ကြောင်းတလျှောက်မှာတော့ ကြီးမားတဲ့ ရေကြီးရေလျှံမှုမျိုးတွေ မဖြစ်နိုင်ဘူးလို့ သုံးသပ်ထားပါတယ်။
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေ အားကောင်း ရာမှ အားအလွန်ကောင်းနေပြီး ဘင်္ဂလားပင်လယ်အော်အတွင်းက အထက် လေပွေလှိုင်းတွေကြောင့် မြန်မာနိုင်ငံ မြောက်ပိုင်းမှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းနေကာ မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအမြင့် ၁၃ ပေရှိနိုင်တဲ့အထိ လေပြင်းတိုက်ခတ်မှုတွေ ရှိနိုင်တယ်လို့ မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦး စီးဌာနက ထုတ်ပြန်ထားပါတယ်။
ဇွန် ၂၄ ရက်ကနေ ဇွန် ၃၀ ရက်အထိရက်သတ္တပတ်စာမိုးလေဝသ ခန့်မှန်းချက်
ပုသိမ် – ဒီရက်သတ္တပတ်လုံး မိုးရွာသွန်းဖို့ရှိပါတယ်။မိုးများနိုင်တဲ့အပြင် မိုးထစ်ချုန်းမှုတွေ၊ လေပြင်းတိုက်ခတ်မှုတွေ ဖြစ်နိုင်ပါတယ်။
ညောင်တုန်း – ရက်သတ္တပတ်လုံး မိုးအနည်းငယ်ကနေ မိုးကြီးနိုင်တဲ့အထိ ရွာသွန်းနိုင်ပါတယ်။
အင်္ဂပူ – ဒီရက်သတ္တပတ်လုံး မိုးရွာသွန်းဖို့ရှိပါတယ်။ မိုးအနည်းငယ်ကနေ မိုးကြီးနိုင်တဲ့အထိ ရွာသွန်းနိုင်ပါတယ်။
ဟင်္သာတ – ရက်သတ္တပတ်လုံး မိုးအနည်းငယ်ကနေ မိုးကြီးနိုင်တဲ့အထိ ရွာသွန်းနိုင်ပါတယ်။
မအူပင် – ဒီရက်သတ္တပတ်လုံး မိုးရွာသွန်းဖို့ရှိပါတယ်။ မိုးအနည်းငယ်ကနေ မိုးကြီးနိုင်တဲ့အထိ ရွာသွန်းနိုင်ပါတယ်။
ဖျာပုံ – ဒီရက်သတ္တပတ်လုံး မိုးရွာသွန်းနိုင်ပါတယ်။ မိုးအနည်းငယ်ကနေ မိုးကြီးနိုင်တဲ့အထိ ရွာသွန်းနိုင်ပါတယ်။
မြန်အောင် ၊ ကြံခင်း – ရက်သတ္တပတ်လုံး မိုးအနည်းငယ်ကနေ မိုးကြီးနိုင်တဲ့အထိ ရွာသွန်းနိုင်ပါတယ်။
ဘိုကလေး – ဒီရက်သတ္တပတ်လုံး မိုးရွာသွန်းဖို့ရှိပါတယ်။ မိုးအနည်းငယ်ကနေ မိုးကြီးနိုင်တဲ့အထိ ရွာသွန်းနိုင်ပါတယ်။
ကန်ကြီးဒေါင့် – ရက်သတ္တပတ်လုံး မိုးအနည်းငယ် ကနေ မိုးကြီးနိုင်တဲ့အထိ ရွာသွန်းနိုင်ပါတယ်။
ဒေးဒရဲ – ဒီရက်သတ္တပတ်လုံး မိုးရွာသွန်းဖို့ရှိပါတယ်။ မိုးအနည်းငယ်ကနေ မိုးကြီးနိုင်တဲ့အထိ ရွာသွန်းနိုင်ပါတယ်။နေ့ရော ညပါရွာသွန်းနိုင်ချေရှိပါတယ်။
ကျိုတ်လတ် – ရက်သတ္တပတ်လုံး မိုးအနည်းငယ်ကနေ မိုးကြီးနိုင်တဲ့အထိ နေ့ရော ညပါရွာသွန်းနိုင်ချေရှိပါတယ်။
မော်လမြိုင်ကျွန်း – ဒီရက်သတ္တပတ်လုံး မိုးရွာသွန်းဖို့ရှိပါတယ်။ မိုးအနည်းငယ်ကနေ မိုးကြီးနိုင်တဲ့အထိ ရွာသွန်းနိုင်ပါတယ်။ နေ့ရော ညပါရွာသွန်းနိုင်ချေရှိပါတယ်။
ဝါးခယ်မ – ရက်သတ္တပတ်လုံး မိုးရွာသွန်းဖို့ရှိပါတယ်။ မိုးအနည်းငယ်ကနေ မိုးကြီးနိုင်တဲ့အထိ ရွာသွန်းနိုင်ပါတယ်။
ကျုံပျော် – ဒီရက်သတ္တပတ်လုံး မိုးအနည်းငယ်ကနေ မိုးကြီးနိုင်တဲ့အထိ နေ့ရော ညပါရွာသွန်းနိုင်ချေရှိပါတယ်။
ဟိုင်းကြီးကျွန်း – ဒီရက်သတ္တပတ်လုံး မိုးရွာသွန်းဖို့ရှိပါတယ်။ မိုးအနည်းငယ်ကနေ မိုးကြီးနိုင်တဲ့အထိ ရွာသွန်းနိုင်ပါတယ်။ နေ့ရော ညပါ ရွာသွန်းနိုင်ပါတယ်။
လပွတ္တာ – ရက်သတ္တပတ်လုံး မိုးအနည်းငယ်ကနေ မိုးကြီးနိုင်တဲ့အထိနေ့ရော ညပါ ရွာသွန်းနိုင်ပါတယ်။
မြောင်းမြ – ဒီရက်သတ္တပတ်လုံး မိုးရွာသွန်းဖို့ရှိပါတယ်။ မိုးအနည်းငယ်ကနေ မိုးကြီးနိုင်တဲ့အထိ ရွာသွန်းနိုင်ပါတယ်။
ဓနုဖြူ -ရက်သတ္တပတ်လုံးမိုးအနည်းငယ်ကနေ မိုးကြီးနိုင်တဲ့အထိ ရွာသွန်းနိုင်ပါတယ်။
ကျုံတနီး – ဒီရက်သတ္တပတ်လုံး မိုးရွာသွန်းဖို့ရှိပါတယ်။ မိုးအနည်းငယ်ကနေ မိုးကြီးနိုင်တဲ့အထိ ရွာသွန်းနိုင်ပါတယ်။
ရေကြည် – ရက်သတ္တပတ်လုံး မိုးအနည်းငယ်ကနေ မိုးကြီးနိုင်တဲ့အထိ ရွာသွန်းနိုင်ပါတယ်။
အသုတ် – ဒီရက်သတ္တပတ်လုံး မိုးရွာသွန်းဖို့ရှိပါတယ်။ မိုးအနည်းငယ်ကနေ မိုးကြီးနိုင်တဲ့အထိ ရွာသွန်းနိုင်ပါတယ်။
ကျုံမငေး – ရက်သတ္တပတ်လုံး မိုးအနည်းငယ်ကနေ မိုးကြီးနိုင်တဲ့အထိ နေ့ရော ညပါရွာသွန်းနိုင်ချေရှိပါတယ်။
ကျောင်းကုန်း – ဒီရက်သတ္တပတ်လုံး မိုးရွာသွန်းဖို့ရှိပါတယ်။ မိုးအနည်းငယ်ကနေ မိုးကြီးနိုင်တဲ့အထိ ရွာသွန်းနိုင်ပါတယ်။
ဇလွန် – ရက်သတ္တပတ်လုံးမိုးအနည်းငယ်ကနေ မိုးကြီးနိုင်တဲ့အထိ ရွာသွန်းနိုင်ပါတယ်။
ပန်းတနော် – ဒီရက်သတ္တပတ်လုံး မိုးရွာသွန်းဖို့ရှိပါတယ်။ မိုးအနည်းငယ်ကနေ မိုးကြီးနိုင်တဲ့အထိ ရွာသွန်းနိုင်ပါတယ်။
အိမ်မဲ – ဒီရက်သတ္တပတ်လုံး မိုးရွာသွန်းဖို့ရှိပါတယ်။ မိုးအနည်းငယ်ကနေ မိုးကြီးနိုင်တဲ့အထိ ရွာသွန်းနိုင်ပါတယ်။
ငသိုင်းချောင်း – ရက်သတ္တပတ်လုံး မိုးအနည်းငယ် ကနေ မိုးကြီးနိုင်တဲ့အထိ နေ့ရော ညပါရွာသွန်းနိုင်ချေရှိပါတယ်။
လေးမျက်နှာ – ဒီရက်သတ္တပတ်လုံး မိုးရွာသွန်းဖို့ရှိပါတယ်။ မိုးအနည်းငယ်ကနေ အသင့်အတင့် ရွာသွန်းနိုင်ပါတယ်။ နေ့ရော ညပါရွာသွန်းနိုင်ချေရှိပါတယ်။
ဆားမလောက် – ရက်သတ္တပတ်လုံး မိုးအနည်းငယ် ကနေ မိုးကြီးနိုင်တဲ့အထိ ရွာသွန်းနိုင်ပါတယ်။
ပြင်စလူ – ဒီရက်သတ္တပတ်လုံး မိုးရွာသွန်းဖို့ရှိပါတယ်။ မိုးအနည်းငယ်ကနေ မိုးကြီးနိုင်တဲ့အထိ ရွာသွန်းနိုင်ပါတယ်။ နေ့ရော ညပါ ရွာသွန်းနိုင်ပါတယ်။
ချောင်းသာ – ရက်သတ္တပတ်လုံး မိုးအနည်းငယ်ကနေ မိုးကြီးနိုင်တဲ့အထိ ရွာသွန်းနိုင်ပါတယ်။ မိုးထစ် ချုန်းမှုနဲ့ လေပြင်းတိုက်ခတ်မှုတွေ ရှိနိုင်သလို နေ့ရော ညပါရွာသွန်းနိုင်ချေရှိပါတယ်။
ငွေဆောင် – ဒီရက်သတ္တပတ်လုံး မိုးရွာသွန်းဖို့ရှိပါတယ်။ မိုးအနည်းငယ်ကနေ မိုးကြီးနိုင်တဲ့အထိ ရွာသွန်းနိုင်ပါတယ်။ မိုးထစ်ချုန်းမှုနဲ့ လေပြင်းတိုက်ခတ်မှုတွေ ရှိနိုင်သလို နေ့ရော ညပါရွာသွန်းနိုင်ချေရှိပါတယ်။
ငရုတ်ကောင်း – ရက်သတ္တပတ်လုံး မိုးအနည်းငယ် ကနေ မိုးကြီးနိုင်တဲ့အထိ ရွာသွန်းနိုင်ပါတယ်။ မိုးထစ်ချုန်းမှုနဲ့ လေပြင်းတိုက်ခတ်မှုတွေ ရှိနိုင်သလို နေ့ရော ညပါရွာသွန်းနိုင်ချေရှိပါတယ်။
သာပေါင်း – ဒီရက်သတ္တပတ်လုံး မိုးရွာသွန်းဖို့ရှိပါတယ်။ မိုးအနည်းငယ်ကနေ အသင့်အတင့် ရွာသွန်းနိုင်ပါတယ်။
ဒေါ်ငြိမ်းရွာ – ဒီကနေ့နဲ့ မနက်ဖြန်မှာ နေ့ဘက်ပိုင်းတွေ ရာသီဥတုသာယာနိုင်ပေမယ့် ညဘက်တွေမှာ မိုးသည်းထန်စွာရွာသွန်းနိုင်ပါတယ်။ ကျန်ရက်များမှာတော့ နေ့ရောညပါ မိုးအနည်းငယ်ကနေ အသင့် အတင့် ရွာသွန်းနိုင်ပါတယ်။
ငပုတော – ရက်သတ္တပတ်လုံး မိုးအနည်းငယ်ကနေ မိုးကြီးနိုင်တဲ့အထိ ရွာသွန်းနိုင်ပါတယ်။ မိုးထစ် ချုန်းမှုနဲ့ လေပြင်းတိုက်ခတ်မှုတွေ ရှိနိုင်သလို နေ့ရော ညပါရွာသွန်းနိုင်ချေရှိပါတယ်။
မယ်ဂျာရွာ – ဒီရက်သတ္တပတ်လုံး မိုးရွာသွန်းဖို့ရှိပါတယ်။ မိုးအနည်းငယ်ကနေ မိုးကြီးနိုင်တဲ့အထိ ရွာသွန်းနိုင်ပါတယ်။
ထူးကြီး – ရက်သတ္တပတ်လုံး မိုးအနည်းငယ်က
နေ အသင့်အတင့် ရွာသွန်းနိုင်ပါတယ်။