လျှပ်စစ်ရှော့ရိုက် ငါးဖမ်းသူတွေကြောင့် ငါးပုဇွန်တွေရှားပါးလာ

“ ရှော့ရိုက်ဓာတ်တို့ ငါးဖမ်းတာ တွင်ကျယ်လာတဲ့နောက်ပိုင်း သဘာဝရေချိုငါးပုဇွန်တွေဟာ တဖြေး ဖြေးရှားပါးလာပြီးတော့ စားသုံးမရတဲ့ ငါးစုပ်ခွက်
တွေ ဧရာဝတီတိုင်းမှာ ပေါများလာခဲ့ပါတယ်။”

၂၁၊ ဇွန်။

ငါး၊ပုဇွန်ပေါများတယ်ဆိုတဲ့ကာလမှာ လျှပ်စစ်နဲ့ ရှော့တိုက် ငါးဖမ်းသူတွေကြောင့် ငါးမှုံငါး မွှား ငါးအသေးတွေနဲ့ ကုန်းပေါ်တက်ငါးရစ်ငါးတွေကစလို့ ငါးကြီးတွေအထိ ရှားပါးကုန်တယ်လို့ ဧရာဝတီ တိုင်း ၊ ဘိုကလေးမြို့နယ် ၊ မလော့ရေရိုးမှာ နေထိုင် သူက ပြောပါတယ်။

“မိုးဦးကျ လယ်ထဲမှာ တဟင်းစားအတွက် မိနစ် ၂၀ လောက် ဂေါ်ထိုးလိုက်ရင် ပုဇွန်ကျော့ ၅၀ သား လောက်ရတယ်။ အခု ကျင်စက် (ဓာတ်တို့) ထိုးတော့ ငါးမော့တော့တောင်မရှိဘူး။ ငါးရှဉ့်လည်း မျိုးတုန်းတော့မယ်”လို့ သူကပြောပါတယ်။

ဒါ့ပြင် မလော့ရေရိုးတစ်လျှောက်မှာဆိုရင် မြစ်ချောင်း ၊ အင်းအိုင်ကို ငါးဖမ်းဆီးခွင့် လေလံအောင် မြင်သူတွေက ကိုယ်ပိုင်လယ်ကွင်းထဲမှာ ငါးရှာတာကိုခွင့်မပြုပါဘူး။ ကိုယ်ပိုင်လယ်ထဲမှာ ဒိုင်းဝန်း ၊ ဂေါ်ထိုးအနေနဲ့ မိရိုးဖလာငါးပုဇွန်ရှာသူတွေကို လေလံအောင်မြင်သူတွေက ဒဏ်ကြေးကောက်ပါတယ်။

“ ကျင်စက်သမားက ပိုက်သမား (လေလံအောင်သူ) ကို တရာသီအတွက် ၂ သိန်းကနေ ၃ သိန်းကြားပေး ရတယ်။ ဒိုင်းဝန်းတွေ ၊ ဂေါ်တွေနဲ့ လယ်ထဲမှာ ငါးရှာတာတွေ့ရင် ၇ သောင်း ဒဏ်ကြေးဆိုတော့ ကိုယ့် လယ်ထဲလည်း ကိုယ်ငါးမရှာရဲဘူး” လို့ ဘိုကလေးမြို့နယ်မှာ နေထိုင်သူကပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီးထဲမှာ ရှော့ရိုက်ဓာတ်တို့တဲ့ ငါးဖမ်းနည်းကို ဒေသခံတွေပြောင်းလဲကျင့်သုံးလာ ခဲ့တာဟာ ဆယ်စုနှစ်တခုကျော်ရှိခဲ့ပါပြီ။

ရှော့ရိုက်ဓာတ်တို့ ငါးဖမ်းတာ တွင်ကျယ်လာတဲ့နောက်ပိုင်း သ ဘာဝရေချိုငါးပုဇွန်တွေဟာ တဖြေး ဖြေးရှားပါးလာပြီးတော့ စားသုံးမရတဲ့ ငါးစုပ်ခွက်
တွေ ဧရာဝတီ တိုင်းမှာ ပေါများလာခဲ့ပါတယ်။

“ ကလေးဘဝတုန်းက ငါးမျှားကြတာ။ နောက်တော့ ပိုက်တွေ ၊ ကွန်တွေနဲ့ ငါးဖမ်းကြတာ။ အခု ရှော့ရိုက် ကြတယ်။ မြစ်ဘေးနေပြီး မွေးမြူရေးငါးမြစ်ချင်းပြန်ဝယ်စားနေရတဲ့ ဘဝရောက်ပြီ” လို့ ဧရာဝတီ တိုင်း ကျိုက်လတ်မြို့နယ် ၊ ဖောင်ရိုးဆိပ်ကျေးရွာ
အုပ်စုမှာ နေထိုင်သူပြောပါတယ်။

ဘတ္ထီအသုံးပြုပြီးတော့ ရှော့ရိုက်ဓာတ်တို့တဲ့ ကျင်စက်တွေဟာ ဧရာဝတီတိုင်းကျေကျေးရွာတိုင်းနီးပါးမှာ ရှိနေပေမယ့်လည်း စနစ်တကျဖမ်းဆီးအရေးယူတာတွေတော့ မရှိသေးပါဘူး။

“ ကျင်စက်က စားမရတဲ့ ငါးစုတ်ခွက်ကလွဲရင် ဟိုးမြေကြီးထဲက ငါးရှဉ့်တောင် ဖင်ထောင်ပြီးထွက်လာတယ်” လို့ သူကဆက်ပြောပါတယ်။

#ဧရာဝတီတိုင်းဒေသကြီး #လျှပ်စစ်ရှော့ရိုက် #ငါးဖမ်းသူ #ငါးပုဇွန် #ရှားပါး #DeltaNewsAgency #DNA

Delta News Agency Telegram – https://shorturl.at/lxKMR
Delta News Agency YouTube – https://shorturl.at/ahBL2
Delta News Agency Website – https://shorturl.at/ozAIM
Delta News Agency Podcast – https://shorturl.at/epwzH