ဧရာဝတီတိုင်းမှာ ကြက်ဥ ဘဲဥစျေး ငါးရာကျော်ပြီ

ဧရာဝတီတိုင်း ပုသိမ်မြို့မှာအခြေခံစားသောက်ကုန် တွေဖြစ်တဲ့ ကြက်ဥ တလုံး ၅၀၀ ကျပ်နဲ့ ဘဲဥတလုံး ၆၀၀ ကျပ်အထိ ဈေးတက်သွားပါတယ်။ဒါဟာ စစ်တပ်က အာဏာ မသိမ်းခင် ကာလက ကြက်ဥတလုံး ၁၂၀ ဝန်းကျင်ကနေ ၄ နှစ်ကျော်ကာလအတွင်း ၅၀၀ အထိဈေးတက်လာခဲ့တာ ဖြစ်ပါတယ်။

၂၁၊ဇွန်လ။

“ကြက်ဥ၊ဘဲဥကို အလွယ်တကူ ချက်ပြုတ်၊ကြော်စားလို့ရတာကြောင့် လူတန်းစား အလွှာစုံက စား သုံးကြ တာများတယ်။ ဝယ်လိုအားကောင်းတယ်။ ဒါပေမယ့် အရင်းအနှီးကများတော့သေကျေ ပျက်စီး ပြီဆိုရင် ပြန် မတည်ရတာ အခက်အခဲရှိတယ်။ ဒီတော့ထုတ်လုပ်တာ နည်းလာပြီး ဈေးက တက်တော့တာပေါ့” လို့ မြောင်းမြမြို့က ကြက်ဥ ၊ ဘဲဥ ရောင်းဝယ်ရေးဒိုင် လုပ်ငန်းရှင် ကပြောပါ တယ်။

ကြက်စာ၊ဘဲစာ ဈေးနှုန်း မြင့်တက်လာတာသယ်ယူ ပို့ဆောင်ရေး ဝန်ဆောင်မှုစရိတ်တွေ မြင့်တက်လာတာ၊ ရာသီဥတု မမှန်တဲ့အတွက် ကြက်တွေ၊ဘဲတွေ ရောဂါဝင်ပြီး သေတဲ့အတွက်လုပ်ငန်းအချို့ရပ်တန့် သွားတာတွေကြောင့် ကြက်ဥ၊ဘဲဥ ဈေးနှုန်းတွေ မြင့်တက်သွားတယ်လို့ ကြက်ခြံ၊ဘဲခြံ ပိုင်ရှင်တွေက ပြောပါတယ်။

ပြီးခဲ့ တဲ့ ဖေဖေါ်ဝါရီလမှာ ဧရာဝတီတိုင်းထဲက ကြက်ဥ၊ဘဲဥတွေ အများဆုံး ထုတ်လုပ်တဲ့ မြောင်းမြ ၊ ဘိုကလေး နဲ့ ပုသိမ် အပါအဝင် မြို့နယ်အချို့က ဥစား ကြက်ခြံတွေမှာ ကြက်တွေ အသေများခဲ့ပြီး လုပ်ငန်းရဲ့ သုံးပုံတပုံသာ ပြန်ထူထောင်နိုင် တော့တယ်လို့ မွေးမြူရေးသမားတဦးက ပြောပါတယ်။

“ငွေရေးကြေးရေး ကြပ်တည်းတဲ့ ခေတ်ကြီးဗျ။ လုပ်ငန်းပြန် ထူထောင်မယ် ဆိုပေမယ့် အထွေထွေ ကုန် ဈေးနှုန်းတွေက အတက်ပဲရှိတယ်။ အကျမရှိ ဘူး ဆိုတော့ လက်ရှိအရင်းနဲ့ အမြတ်ကနောက် တကြိမ်ပြန် အရင်းတည်ဖို့ကို မကာမိဘူး။ ကြက်ဘဲမွေးတာက ရောဂါဝင်ပြီဆိုလို့ကတော့ တခြံလုံး ပြုတ်သလောက်ကို သေကြတာ” လို့ ပုသိမ်မြို့ခံ ဥစားကြက်ဘဲ မွေးမြူရေးသမားတဦးက ပြောပါတယ်။

ကြက်၊ဘဲမွေးတဲ့အခါ အဆောက်အအုံအတွက် ဝါး၊ဓနိ အပါအဝင် အစာကုန်ကြမ်းဖြစ်တဲ့ ဖွဲ၊ဆန်ကွဲ နဲ့ ငါးနုပ်၊ငါးဖွဲအညံ့ခြောက်၊နှမ်းဖတ်တို့ကအစ ဝယ်ယူရတဲ့ ဈေးနှုန်းတွေတက်ပြီးရင်းတက်နေ တာကြောင့် အသားစား၊ဥစား ကြက်၊ဘဲ မွေးမြူရေးသမားတွေ အခက်အခဲဖြစ်နေရတာပါ။

လူတန်းစား အလွှာအသီးသီးအတွက် အဓိကအားထား စားသုံးကြတဲ့ ဆန် နဲ့ ကြက်ဥ၊ဘဲဥ အပါ အဝင် မီးဖိုချောင်သုံး စားသောက်ကုန်တွေ အဆမ တန် ဈေးတက်လာတဲ့အတွက် လက်လုပ် လက်စား တနေ့တာ ဝင်ငွေအပေါ် မှီခိုလုပ်ကိုင် အသက်မွေးနေရသူတွေ အနေနဲ့ ဘဝရပ်တည်မှု ပိုမိုခက်ခဲလာ တယ်လို့ ပုသိမ်မြို့ က ထမင်းဟင်း ချက်ပြုတ်ရောင်းချသူ ဒေါ်သန်းသန်း‌အေး ကပြောပါတယ်။

“အရင်တုန်း ကျမရဲ့ ထမင်းဆိုင်လေးအတွက် ဈေးတကြိမ်ရင်းရင် ကျပ်သုံးသောင်းကျော်လောက်နဲ့ ရင်းလို့ရတယ်။ ခုတော့တနေ့ သုံးသိန်းကျော်ရင်း နေရတယ်။ ရောင်းရဝယ်ရတာ မကောင်းတော့ဘူး။၊ စားသုံးသူ တွေအတွက်လည်း အခက်အခဲတွေ ရှိလာတယ်”လို့ သူမက ဆက်ပြောပါတယ်။

ဧရာဝတီတိုင်းအတွင်းမှာ မြို့နယ် အများစုက ဥစားကြက်ဘဲ မွေးမြူရေး လုပ်ငန်းကို တနိုင်တပိုင် လုပ် ကိုင်ကြပြီး မြောင်းမြမြို့ နဲ့ ဘိုကလေးမြို့တွေမှာကတော့ အများဆုံးလုပ်ကိုင် ကြပါတယ်။

ဘိုကလေးမြို့က ဥစားကြက်ဘဲ မွေးမြူရေးခြံတွေက ထွက်တဲ့ ကြက်ဥ၊ဘဲဥတွေကို ရန်ကုန်မြို့ ဈေးကွက်ကို တိုက်ရိုက်တင်သွင်း ရောင်းချပြီး ဧရာဝတီတိုင်းအတွက် ဈေးကွက်လိုအပ်ချက်ကို ရန်ကုန် ဈေးကွက်က တဆင့်ပြန်လည် တင်သွင်း ရောင်းချကြတယ်လို့ သိရပါတယ်။

#ဧရာဝတီတိုင်းဒေသကြီး #ကြက်ဥ #ဘဲဥ #စျေး #ငါးရာကျော် #DeltaNewsAgency #DNA

Delta News Agency Telegram – https://shorturl.at/lxKMR
Delta News Agency YouTube – https://shorturl.at/ahBL2
Delta News Agency Website – https://shorturl.at/ozAIM
Delta News Agency Podcast – https://shorturl.at/epwzH