ခပ်လန်းတန်ပြည်နယ်မှာ တရားမဝင်လှုပ်ရှားမှုတိုက်ဖျက်ရေး အရှိန်မြင့်လုပ်ဆောင်ဖို့ ကွာလာလမ်ပူအခြေစိုက် ဗဟိုအစိုးရက တိုက်တွန်းပြီးနောက် အခုလို ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
၂၁ ၊ ဇွန်လ
တရားမဝင် မူးယစ်ဆေးဝါးကုန်ကူးတာအပါအဝင် နယ်စပ်ဧရိယာမှာ အန္တရာယ်ရှိတဲ့ အခြားလှုပ်ရှားမှုတွေကို တားဆီးဖို့ မလေးရှား – ထိုင်း နယ်စပ်မှာ တံတိုင်းသစ်တခုဆောက်သွားဖို့ မလေးရှားအစိုးရက စဉ်းစားနေတယ်လို့ Bernama သတင်းဌာနက ဇွန်လ ၂၀ရက်နေ့မှာ ဖော်ပြပါတယ်။
နယ်စပ်လုံခြုံရေးအတွက် ထိုင်းနိုင်ငံ နာရာသီဝပ်ပြည်နယ်နဲ့ ထိစပ်နေတဲ့ မလေးရှားနိုင်ငံ ခပ်လန်းတန်ပြည်နယ်မှာ တံတိုင်းတည်ဆောက်ဖို့ ၊ CCTV ကင်မရာတပ်ဆင်ဖို့နဲ့ တခြားစောင့်ကြည့်ရေး ပစ္စည်းကိရိယာတွေ သုံးဖို့ သုံးသပ်နေတယ်လို့ မလေးရှားပြည်ထဲရေးဒုဝန်ကြီး Shamsul Anuar Nasarah က ပြောပါတယ်။
“ဒါတွေအားလုံးက သုံးသပ်နေဆဲပါ ၊ တကယ်လုပ်ဆောင်ဖို့ကတော့ လိုအပ်ချက်နဲ့ နေရာဒေသပေါ် မူတည်ပါလိမ့်မယ်လို့” သူက ဆိုပါတယ်။
ခပ်လန်းတန်ပြည်နယ်မှာ တရားမဝင်လှုပ်ရှားမှုတိုက်ဖျက်ရေး အရှိန်မြင့်လုပ်ဆောင်ဖို့ ကွာလာလမ်ပူအခြေစိုက် ဗဟိုအစိုးရက တိုက်တွန်းပြီးနောက် အခုလို ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
နာရာသီဝပ်နဲ့ ခပ်လန်းတန်ကြားထဲမှာ Kolok မြစ် တည်ရှိပါတယ်။ ခပ်လန်းတန်မှာတော့ ထိုင်းနိုင်ငံဘက်ကနေ နယ်စပ်ဖြတ်ဝင်လာတဲ့ တရားမဝင် ကုန်ကူးမှု ၊ ရွေ့ပြောင်းလုပ်သားတွေ ဝင်ရောက်လာမှု ၊ မူးယစ်ဆေးဝါးနဲ့ တခြား တင်သွင်းခွင့်မရှိတဲ့ကုန်ပစ္စည်းတွေကို တားဆီးဖို့ ကမ်ပိန်းလှုပ်ရှားမှုတွေ လုပ်နေပါတယ်။
Ref – bangkokpost
#ထိုင်း #မလေးရှား #နယ်စပ်တံတိုင်း
#DeltaNewsAgency #DNA
Delta News Agency Telegram – https://shorturl.at/lxKMR
Delta News Agency YouTube – https://shorturl.at/ahBL2
Delta News Agency Website – https://shorturl.at/ozAIM
Delta News Agency Podcast – https://shorturl.at/epwzH