တပတ်အတွင်းမိုးလေဝသသတင်း ဧရာဝတီတိုင်းအတွင်းမိုးအသင့်အတင့်ကနေမိုးများနိုင်လို့မိုးနဲ့ဆက်စပ်လုပ်ငန်းတွေဂရုပြုရန်လို


“ မြစ်ချောင်းတွေအနီးမှာနေထိုင်ကြသူတွေကတော့ရေကြီးနိုင်ချေနည်းနေပေမယ့် မြစ်ရေစီးမှု၊မိုးရွာသွန်းမှုတွေကြောင့်ကမ်းပါးပြိုမှုတွေကိုတော့ဂရု စိုက်ကြဖို့လိုတယ်လို့ ဧရာဝတီတိုင်းအတွင်းကလူမှုကူညီရေး အသင်းအဖွဲ့တွေကအကြံပြုထားကြပါတယ်။”

၁၇၊ဇွန်

ဒီရက်သတ္တပတ်အတွက်ထူးခြားချက်ကတော ဇွန် ၂၃ ရက်နေ့မှာ ဧရာဝတီတတိုင်းလုံးနီးပါး မိုးသည်း ထန်စွာ ရွာသွန်းမယ်ဆိုတဲ့ ခန့်မှန်းချက်ပါပဲ။

ရာနှုန်းပြည့်ပြောလို့မရသေးပေမယ့် မိုးနဲ့ပတ်သက် တဲ့ လုပ်ငန်းတွေအနေနဲ့ ဂရုပြုကြဖို့ မိုးဇလ ပညာ ရှင်တွေက တိုက်တွန်းထားပါတယ်။

မိုးဇလပညာရှင် ဦးဝင်းနိုင်က” အခု ဘင်္ဂလားပင်လယ်အော်ထဲက အထက်လေပွေလှိုင်းကလည်း ဆက်ရှိနေသေးတယ်ဆိုတော့ အနောက်တောင် မုတ်သုန်လေကလည်း အားကောင်းနေတုန်းပဲ ဆိုတော့ မိုးကတော့ ဆက်ရွာနေမယ်၊ မိုးအသင့်အတင့် ကနေ မိုးများနိုင်တယ်။ ဒီ ၄၈ နာရီ (ယခု ၂ ရက်) အတွင်း မိုးရေချိန်လက်မ ၂ လက်မခွဲနဲ့အထက်ထိ ရွာနိုင်ပါတယ်။” လို့ ဆိုပါတယ်။

ဒါပေမယ့် လက်ရှိအနေအထားအရ ဧရာဝတီတိုင်းအတွင်းမှာ ရေကြီးနိုင်လောက်တဲ့အထိ မြစ်ရေရော မိုးရွာသွန်းနိုင်ချေရော မရှိနိုင်သေးဘူးလို့ သူက ခန့်မှန်းထားပါတယ်။

ဧရာဝတီတိုင်းရဲ့ မြစ်ချောင်းတွေ အနီးမှာနေထိုင် ကြသူတွေကတော့ ရေကြီးနိုင်ချေ နည်းနေပေမယ့် မြစ်ရေစီးမှု၊ မိုးရွာသွန်းမှုတွေကြောင့် ကမ်းပါးပြိုမှုတွေကိုတော့ ဂရုစိုက်ကြဖို့ လိုတယ်လို့ ဧရာဝတီ တိုင်းအတွင်းက လူမှုကူညီရေး အသင်းအဖွဲ့တွေက အကြံပြုထားကြပါတယ်။

ရက်သတ္တပတ်စာ ဇွန် ၁၇ ရက်ကနေ ဇွန် ၂၃ ရက်အထိ ဒေသအလိုက် မိုးလေဝသ ခန့်မှန်းချက်

ပုသိမ် – ဒီရက်သတ္တပတ်လုံးမိုးရွာသွန်းဖို့ရှိပါတယ်။ မိုးအနည်းငယ်ကနေ မိုးကြီးနိုင်တဲ့အထိ ရွာသွန်းနိုင်ပါတယ်။

ညောင်တုန်း – ရက်သတ္တပတ်လုံး မိုးရွာသွန်းဖို့ရှိပါတယ်။ မိုးအနည်းငယ်ကနေ မိုးကြီးနိုင်တဲ့အထိ ရွာသွန်းနိုင်ပါတယ်။

အင်္ဂပူ – ရက်သတ္တပတ်လုံး မိုးရွာသွန်းဖို့ရှိပါတယ်။ မိုးအနည်းငယ်ကနေ မိုးကြီးနိုင်တဲ့အထိ ရွာသွန်းနိုင်ပါတယ်။

ဟင်္သာတ – ဒီရက်သတ္တပတ်လုံး မိုးရွာသွန်းနိုင်ပါတယ်။ မိုးအနည်းငယ်ကနေ မိုးကြီးနိုင်တဲ့အထိ ရွာသွန်းနိုင်ပါတယ်။

မအူပင် – ရက်သတ္တပတ်လုံး မိုးရွာသွန်းဖို့ရှိပြီးမိုးအနည်းငယ်ကနေ မိုးကြီးနိုင်တဲ့အထိ ရွာသွန်းနိုင်ပါတယ်။

ဖျာပုံ – ဒီရက်သတ္တပတ်လုံး မိုးရွာသွန်းနိုင်ပါတယ်။ မိုးအနည်းငယ်ကနေ မိုးကြီးနိုင်တဲ့အထိ ရွာသွန်းနိုင်ပါတယ်။

မြန်အောင် ၊ ကြံခင်း – ရက်သတ္တပတ်လုံး မိုးအနည်း ငယ်ကနေ မိုးကြီးနိုင်တဲ့အထိ ရွာသွန်းနိုင်ပါတယ်။

ဘိုကလေး – ဒီရက်သတ္တပတ်လုံး မိုးရွာသွန်းဖို့ရှိပါတယ်။ မိုးအနည်းငယ်ကနေ မိုးကြီးနိုင်တဲ့အထိ ရွာသွန်းနိုင်ပါတယ်။

ကန်ကြီးဒေါင့် – ရက်သတ္တပတ်လုံး မိုးအနည်းငယ် ကနေ မိုးကြီးနိုင်တဲ့အထိ ရွာသွန်းနိုင်ပါတယ်။ ဇွန် ၁၉ ရက်မှာတော့ မိုးသည်းထန်စွာရွာသွန်းပြီး မိုး တိမ်တောင်တွေကြောင့် မိုးကြိုးပစ်တာတွေ ဖြစ်နိုင်ပါတယ်။

ဒေးဒရဲ – ဒီရက်သတ္တပတ်လုံး မိုးရွာသွန်းဖို့ရှိပါတယ်။ မိုးအနည်းငယ်ကနေ မိုးကြီးနိုင်တဲ့အထိ ရွာသွန်းနိုင်ပါတယ်။

ကျိုတ်လတ် – ရက်သတ္တပတ်လုံး မိုးအနည်းငယ်ကနေ မိုးကြီးနိုင်တဲ့အထိ ရွာသွန်းနိုင်ပါတယ်။

မော်လမြိုင်ကျွန်း – ဒီရက်သတ္တပတ်လုံး မိုးရွာသွန်းနိုင်ပြီး မိုးအနည်းငယ်ကနေ မိုးကြီးနိုင်တဲ့အထိ ရွာသွန်းနိုင်ပါတယ်။

ဝါးခယ်မ – ရက်သတ္တပတ်လုံး မိုးရွာသွန်းဖို့ရှိပါတယ်။ မိုးအနည်းငယ်ကနေ မိုးကြီးနိုင်တဲ့အထိ ရွာသွန်းနိုင်ပါတယ်။

ကျုံပျော် – ဒီရက်သတ္တပတ်လုံးမိုးအနည်းငယ်ကနေ မိုးကြီးနိုင်တဲ့အထိ ရွာသွန်းနိုင်ပါတယ်။

ဟိုင်းကြီးကျွန်း – ရက်သတ္တပတ်လုံး မိုးရွာသွန်းဖို့ရှိပါတယ်။ မိုးအနည်းငယ်ကနေ မိုးကြီးနိုင်တဲ့အထိ ရွာသွန်းနိုင်ပါတယ်။ နေ့ရော ညပါ ရွာသွန်းနိုင်ပါတယ်။

လပွတ္တာ – ဒီရက်သတ္တပတ်လုံး မိုးရွာသွန်းနိုင်ပြီး မိုးအနည်းငယ်ကနေ မိုးကြီးနိုင်တဲ့အထိ ရွာသွန်းနိုင်ပါတယ်။ နေ့ရော ညပါ ရွာသွန်းနိုင်ပါတယ်။

မြောင်းမြ – ရက်သတ္တပတ်လုံး မိုးရွာသွန်းဖို့ရှိပါတယ်။ မိုးအနည်းငယ်ကနေ မိုးကြီးနိုင်တဲ့အထိ ရွာသွန်းနိုင်ပါတယ်။

ဓနုဖြူ – ဒီရက်သတ္တပတ်လုံး မိုးအနည်းငယ်ကနေ မိုးကြီးနိုင်တဲ့အထိ ရွာသွန်းနိုင်ပါတယ်။ နေ့ရော ညပါ ရွာသွန်းနိုင်ပါတယ်။

ကျုံတနီး – ရက်သတ္တပတ်လုံး မိုးရွာသွန်းဖို့ရှိပါတယ်။ မိုးအနည်းငယ်ကနေ မိုးကြီးနိုင်တဲ့အထိ ရွာသွန်းနိုင်ပါတယ်။ နေ့ရော ညပါ ရွာသွန်းနိုင်ပါတယ်။

ရေကြည် – ဒီရက်သတ္တပတ်လုံးမိုးအနည်းငယ်ကနေ မိုးကြီးနိုင်တဲ့အထိ ရွာသွန်းနိုင်ပါတယ်။

အသုတ် – ရက်သတ္တပတ်လုံး မိုးရွာသွန်းဖို့ရှိပါတယ်။ မိုးအနည်းငယ်ကနေ မိုးကြီးနိုင်တဲ့အထိ ရွာသွန်းနိုင်ပါတယ်။

ကျုံမငေး – ဒီရက်သတ္တပတ်လုံး မိုးအနည်းငယ်ကနေ မိုးကြီးနိုင်တဲ့အထိ ရွာသွန်းနိုင်ပါတယ်။

ကျောင်းကုန်း – ရက်သတ္တပတ်လုံး မိုးရွာသွန်းဖို့ရှိပါတယ်။ မိုးအနည်းငယ်ကနေ မိုးကြီးနိုင်တဲ့အထိ ရွာသွန်းနိုင်ပါတယ်။

ဇလွန် – ဒီရက်သတ္တပတ်လုံး မိုးရွာသွန်းဖို့ရှိပါတယ်။ မိုးအနည်းငယ်ကနေ မိုးကြီးနိုင်တဲ့အထိ နေ့ရော ညပါ ရွာသွန်းနိုင်ပါတယ်။

ပန်းတနော် – ရက်သတ္တပတ်လုံး မိုးအနည်းငယ်ကနေ မိုးကြီးနိုင်တဲ့အထိ ရွာသွန်းနိုင်ပါတယ်။

အိမ်မဲ – ဒီရက်သတ္တပတ်လုံး မိုးရွာသွန်းဖို့ရှိပါတယ်။ မိုးအနည်းငယ်ကနေ မိုးကြီးနိုင်တဲ့အထိ ရွာသွန်းနိုင်ပါတယ်။

ငသိုင်းချောင်း – ရက်သတ္တပတ်လုံး မိုးရွာသွန်းနိုင်ပြီး မိုးအနည်းငယ်ကနေ မိုးကြီးနိုင်တဲ့အထိ ရွာသွန်းနိုင်ပါတယ်။

လေးမျက်နှာ – ဒီရက်သတ္တပတ်လုံး မိုးရွာသွန်းဖို့ရှိပါတယ်။ မိုးအနည်းငယ်ကနေ အသင့်အတင့် ရွာသွန်းနိုင်ပါတယ်။

ဆားမလောက် – ရက်သတ္တပတ်လုံး မိုးအနည်း ငယ်ကနေ မိုးကြီးနိုင်တဲ့အထိ ရွာသွန်းနိုင်ပါတယ်။

ပြင်စလူ – ဒီရက်သတ္တပတ်လုံး မိုးရွာသွန်းဖို့ရှိပါတယ်။ မိုးအနည်းငယ်ကနေ မိုးကြီးနိုင်တဲ့အထိ ရွာသွန်းနိုင်ပါတယ်။ နေ့ရော ညပါ ရွာသွန်းနိုင်ပါတယ်။

ချောင်းသာ – ရက်သတ္တပတ်လုံး မိုးရွာသွန်းဖို့ရှိပါတယ်။ မိုးအနည်းငယ်ကနေ မိုးကြီးနိုင်တဲ့အထိ ရွာသွန်းနိုင်ပါတယ်။ ဇွန် ၁၉ ရက်မှာတော့ မိုးသည်း ထန်စွာရွာသွန်းပြီး မိုးတိမ်တောင်တွေကြောင့် မိုး ကြိုးပစ်တာတွေ ဖြစ်နိုင်ပါတယ်။

ငွေဆောင် – ဒီရက်သတ္တပတ်လုံး မိုးအနည်းငယ် ကနေ မိုးကြီးနိုင်တဲ့အထိ ရွာသွန်းနိုင်ပါတယ်။ ဇွန် ၂၀ ရက်မှာတော့ မိုးသည်းထန်စွာရွာသွန်းပြီး မိုး တိမ်တောင်တွေကြောင့် မိုးကြိုးပစ်တာတွေ ဖြစ်နိုင်ပါတယ်။

ငရုတ်ကောင်း – ရက်သတ္တပတ်လုံး မိုးရွာသွန်းဖို့ရှိပါတယ်။ မိုးအနည်းငယ်ကနေ အသင့်အတင့် ရွာသွန်းနိုင်ပါတယ်။

သာပေါင်း – ဒီရက်သတ္တပတ်လုံး မိုးအနည်းငယ်ကနေ အသင့်အတင့် ရွာသွန်းနိုင်ပါတယ်။

ဒေါ်ငြိမ်းရွာ – ရက်သတ္တပတ်လုံး မိုးရွာသွန်းဖို့ရှိပါတယ်။ မိုးအနည်းငယ်ကနေ အသင့်အတင့် ရွာသွန်းနိုင်ပါတယ်။

ငပုတော – ဒီရက်သတ္တပတ်လုံး မိုးအနည်းငယ်ကနေ မိုးကြီးနိုင်တဲ့အထိ ရွာသွန်းနိုင်ပါတယ်။

မယ်ဂျာရွာ – ရက်သတ္တပတ်လုံး မိုးရွာသွန်းဖို့ရှိပါတယ်။ မိုးအနည်းငယ်ကနေ မိုးကြီးနိုင်တဲ့အထိ ရွာသွန်းနိုင်ပါတယ်။

ထူးကြီး – ဒီရက်သတ္တပတ်လုံး မိုးရွာသွန်းနိုင်ပြီး မိုးအနည်းငယ်ကနေ အသင့်အတင့် ရွာသွန်းနိုင်ပါတယ်။

#တပတ်တာ #မိုးလေဝသ #ဧရာဝတီတိုင်းဒေသကြီး #DeltaNewsAgency #DNA

Delta News Agency Telegram – https://shorturl.at/lxKMR
Delta News Agency YouTube – https://shorturl.at/ahBL2
Delta News Agency Website – https://shorturl.at/ozAIM
Delta News Agency Podcast – https://shorturl.at/epwzH