G7 သို့မဟုတ် ၇နိုင်ငံအုပ်စုဟာ ကမ္ဘာ့အချမ်းသာဆုံး ဒီမိုကရေစီနိုင်ငံ ၇နိုင်ငံ ပါဝင်တဲ့ အဖွဲ့အစည်းတခုဖြစ်ပါတယ်။ စက်မှုထိပ်သီး ၇ နိုင်ငံလို့လည်း ခေါ်ကြပါတယ်။
၁၇၊ဇွန်လ။
၁၉၇၅ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ပထမဆုံးညီမလာခံကို ပြင်သစ်က လက်ခံကျင်းပခဲ့ပါတယ်။
လက်ရှိအဖွဲ့ဝင်နိုင်ငံတွေကတော့ ယူကေ ၊ အမေရိကန် ၊ ဂျပန် ၊ ပြင်သစ် ၊ ဂျာမနီ ၊ ကနေဒါနဲ့ အီတလီတို့ ဖြစ်ပါတယ်။ ဥရောပသမဂ္ဂ (အီးယူ) ကလည်း ကိုယ်စားလှယ်အဖြစ် ပါဝင်ပါတယ်။
နှစ်စဉ်နှစ်တိုင်း၊ G7 နိုင်ငံအဖွဲ့ခေါင်းဆောင်တွေဟာ ထိပ်သီးညီလာခံတခု ကျင်းပပြီး တွေ့ဆုံကြပါတယ်။ ဖြစ်ပေါ်နေတဲ့ ကမ္ဘာ့စီးပွားရေး ၊ ပထဝီနိုင်ငံရေးစတဲ့ အကြောင်းအရာတွေကို ဆွေးနွေးကြပြီး မူဝါဒဆိုင်ရာ လုပ်ဆောင်ချက်တွေကို ညီလာခံမှာ ညှိနှိုင်းကြပါတယ်။
ဆွေးနွေးကြတဲ့ ခေါင်းစဉ်တွေကတော့ ကုန်သွယ်ရေး ၊ သဘာဝပတ်ဝန်းကျင်ကနေ နျူကလီးယား လုံခြုံရေးကိစ္စတွေအထိ ပါဝင်ပါတယ်။
ပြင်သစ်မှာ ပထမဆုံး ညီလာခံစပြီးနောက် အဖွဲ့ဝင်နိုင်ငံတွေက အလှည့်ကျ အိမ်ရှင်အဖြစ် လက်ခံကျင်းပရပါတယ်။ ဒီနှစ် ၂၀၂၅မှာတော့ ကနေဒါနိုင်ငံက ၇ကြိမ်မြောက်အဖြစ် ဇွန် ၁၅ရက်နေ့ကနေ ဇွန် ၁၇ အထိ လက်ခံကျင်းပနေပါတယ်။
Ref – BBC
#G7 #Explainer
#DeltaNewsAgency #DNA
Delta News Agency Telegram – https://shorturl.at/lxKMR
Delta News Agency YouTube – https://shorturl.at/ahBL2
Delta News Agency Website – https://shorturl.at/ozAIM
Delta News Agency Podcast – https://shorturl.at/epwzH