အီရန်အနေနဲ့ ကြီးကြီးမားမား ပေးဆပ်ရလိမ့်မယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟု ကြုံးဝါး


အစ္စရေးအရပ်သားပြည်သူတွေသေဆုံးမှုအတွက် အီရန်အနေနဲ့ ကြီးကြီးမားမားပေးဆပ်ရလိမ့်မယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုက မနေ့က ဇွန်လ ၁၅ရက်နေ့မှာ ပြောလိုက်ပါတယ်။

၁၆ ၊ ဇွန်လ

တီလ်အဲဗစ်မြို့အနီး ဒုံးကျည်ထိမှန်ခဲ့တဲ့ လူနေအဆောက်အအုံတခုကို သွားရောက်ကြည့်ရှုချိန်မှာ ဝန်ကြီးချုပ်က အခုလို ပြောခဲ့တာပါ။ တိုက်ခိုက်မှုတွေ စတင်ခဲ့တဲ့ သောကြာနေ့ကတည်းက အစ္စရေးဘက်မှာ ၁၃ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ အစ္စရေးရဲ့ ၂ရက်ကြာ မစ်ဇိုင်းဒုံးကျည်တိုက်ခိုက်မှုတွေကြောင့် အီရန်မှာ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် လူပေါင်း ၁၃၈ဦးထက်မနည်း သေဆုံးခဲ့ပြီး ရာချီ ဒဏ်ရာရခဲ့တယ်လို့ အီရန်မီဒီယာတွေက ဖော်ပြကြပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က အီရန်ရဲ့ နျူကလီးယားဆိုင်ရာ သိပ္ပံပညာရှင်တွေ ၊ မစ်ဇိုင်းပရိုဂရမ်တွေ ပြုလုပ်နေတဲ့ နေရာတွေကို အစ္စရေးက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ရာကနေစပြီး တိုက်ပွဲတွေအရှိန်မြင့်လာတာပါ။

စနေနဲ့ တနင်္ဂနွေနေ့တွေမှာတော့ အီရန်နဲ့ အစ္စရေးဟာ မစ်ဇိုင်းဒုံးကျည်တွေနဲ့ အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး အမေရိကန်ကတော့ အစ္စရေးဘက်ကကူပြီး မစ်ဇိုင်းတွေကို ကြားဖြတ်ပစ်ချပေးခဲ့ပါသေးတယ်။
အစ္စရေးအနေနဲ့ အီရန်မှာ နျူလက်နက်တီထွင်နေတာတွေကို ဟန့်တားဖို့အတွက် အခုလို တိုက်ခိုက်တာလို့လည်း ဆိုထားပါတယ်။

အစ္စရေး – အီရန် တိုက်ခိုက်မှုမှာ အမေရိကန်အနေနဲ့ ဘာပတ်သတ်မှုမရှိဘူးလို့ အစောပိုင်းက ငြင်းဆိုခဲ့တဲ့ အမေရိကန်သမ္မတဒေါနယ်ထရမ့်က “နှစ်နိုင်ငံအကြား သဘောတူညီမှုတွေ ပြုလုပ်လိမ့်မယ် မကြာခင် ငြိမ်းချမ်းရေး ရပါလိမ့်မယ်”လို့ မနေ့က သူ့ရဲ့ လူမှုကွန်ရက် Truth Social မှာ ဖော်ပြခဲ့ပါတယ်။

ထရမ့်ဟာသူ့ကိုယ်သူ ငြိမ်းချမ်းရေးဖော်ဆောင်သူအဖြစ် ပုံဖော်ထားပြီး အစ္စရေး-အီရန် ပဋိပက္ခကို မတားဆီးနိုင်တာကြောင့် ဝေဖန်ခံနေရတဲ့အပြင် အိန္ဒိယနဲ့ ပါကစ္စတန် ပြဿနာအပါအဝင် တခြားသော ပဋိပက္ခတွေကို ဖြေရှင်းဖို့ သူတာဝန်ယူတယ်လို့ ပြောထားခဲ့ပါသေးတယ်။

Source: Agencies/nh

#အစ္စရေး #အီရန် #နေတန်ညာဟု #နျူလက်နက် #မစ်ဇိုင်း
#DeltaNewsAgency #DNA
Delta News Agency Telegram – https://shorturl.at/lxKMR
Delta News Agency YouTube – https://shorturl.at/ahBL2
Delta News Agency Website – https://shorturl.at/ozAIM
Delta News Agency Podcast – https://shorturl.at/epwzH