ဧရာဝတီတိုင်း ဆားလုပ်ငန်းရှင်များ အသင်းရဲ့ တာဝန်ရှိသူတဦးက “ရာသီဥတုက ဖောက်တော့ ဆားလုပ်ငန်း လုပ်ချိန်ကတိုတောင်းသွားတယ် ဒီတော့ ထွက်တဲ့ဆားကြမ်းက ဈေးကွက်အတွင်း ဆားလိုအပ်ချက်ကို မပြည့်မီဘူး အဲဒါ့ကြောင့် ဆားကြမ်းဈေး ခေါင်ခိုက်အောင် မြင့်တက်သွားတာ အထွက် နည်းလို့ ဈေးတက်တဲ့ သဘောပါဆား ဈေး ကောင်းတယ် ဆိုပေမယ့် အပျက်အစီးက များတော့ မှန်းချက်နဲ့ နှမ်းထွက်မကိုက် ဆိုသလိုဖြစ်ကြရတယ်” လို့ပြောပါတယ်။
၁၆ ၊ ဇွန်
ဧရာဝတီတိုင်းမှာ ဆားထွက်နှုန်း ၅၀ ရာခိုင်နှုန်း ကျော်အထိ လျော့ကျသွားပြီးဆားကြမ်းရောင်းဝယ် ဈေးနှုန်းက ဆားဈေးကွက်အတွင်း တကြိမ်တခါမှ မဖြစ်ဖူးခဲ့တဲ့ဈေးနှုန်းအထိ စံချိန်တင် မြင့်တက်နေပါတယ်။
၂၀၂၀/ ၂၀၂၁ ဘဏ္ဏာနှစ်က ဆားကြမ်းပိသာချိန် တသိန်းကို ကျပ်သိန်း ၁၅၀ ရှိခဲ့ရာက ၂၀၂၄ /၂၀၂၅ ဘဏ္ဏာ နှစ်မှာ ဆားကြမ်း ပိသာချိန် တသိန်း ကို ကျပ် သိန်း၉၀၀ ဝန်းကျင်ထိ တဟုန်ထိုး စံချိန်တင် မြင့်တက်သွားတယ်လို့ ဆားလုပ်ငန်းရှင်တွေဆီကသိရပါတယ်။
“ဆားလယ်လုပ်လာတာ ဘိုးဘွားစဉ်ဆက်ပါ ကိုယ့်တသက်မှာ တခါမှ ဒီဈေးနှုန်းမျိုး မကြားခဲ့ဖူးပါဘူး ဈေးနှုန်းက အားကုန်ထိုးတက်တာ” လို့ လပွတ္တာမြို့နယ်အတွင်းက အသက် ၆၀ ကျော်အရွယ် ဆားတောင်သူတဦးက ပြောပါတယ်။
ဆားလုပ်ငန်းဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စက်သုံးဆီနဲ့ အထွေထွေ ကုန်ဈေးနှုန်းမြင့်တက်လာတာ ၊ရာသီဥတုမမှန်တာတွေကြောင့်အရှုံးပြတာ ၃ နှစ်ဆက် တိုက်ရှိခဲ့တာဖြစ်ပြီး ဆားတောင်သူတွေ အနေနဲ့ လုပ်ငန်းရဲ့ ထက်ဝက်လောက်ပဲ လုပ်နိုင်ခဲ့တာကြောင့် ဆားကြမ်းထွက်နှုန်း လျော့ကျခဲ့တာလို့ ဆားလုပ်ငန်းရှင် တွေ ဆီကသိရပါတယ်။
ရာသီဥတု မမှန်တာကြောင့် ဆားလုပ်ငန်းခွင် စတင် ချိန် နောက်ကျခဲ့သလို ဆားလှိုင်လှိုင်ပေါ်ချိန် ဧပြီလ အတွင်း မှာလည်း မိုးရွာသွန်းတာကြောင့် ဆားလုပ်ငန်းခွင်(ဆားကွင်း)တွေပျက်တာ ၊ အခုနှစ်ရဲ့ နေရောင်ရရှိမှု အပူချိန် များပေမယ့် ဆားလုပ်မယ့်လယ်မြေတွေက အပူထုတ်မှု နည်းပါးတဲ့အပြင် ပင်လယ်ရေက ဆားပါဝင်မှုရာခိုင်နှုန်း လျော့ကျနေတာကြောင့်လည်း ဆားထွက်နှုန်း လျော့ကျတာလို့ သိရပါတယ်။
ဧရာဝတီတိုင်း ဆားလုပ်ငန်းရှင်များ အသင်းရဲ့ တာဝန်ရှိသူတဦးက “ရာသီဥတုကဖောက်တော့ ဆားလုပ်ငန်း လုပ်ချိန်ကတိုတောင်းသွား တယ် ဒီတော့ ထွက်တဲ့ဆားကြမ်းက ဈေးကွက်အတွင်းဆားလိုအပ်ချက်ကို မပြည့်မီဘူး အဲဒါ့ကြောင့် ဆားကြမ်းဈေး ခေါင်ခိုက်အောင် မြင့်တက်သွားတာ အထွက်နည်းလို့ ဈေးတက်တဲ့ သဘောပါ ဆားဈေး ကောင်းတယ် ဆိုပေမယ့် အပျက်အစီးက များတော့ မှန်းချက်နဲ့ နှမ်းထွက်မကိုက် ဆိုသလိုဖြစ်ကြရတယ်” လို့ပြောပါတယ်။
ဒါ့အပြင်ဧရာဝတီတိုင်း အတွင်းမှာ ဆားလုပ်ငန်းအတွက် လုပ်ငန်းခွင် ကျွမ်းကျင်အမျိုးသားလုပ်သားတွေလည်း စစ်မှုထမ်း ဥပဒေကြောင့် လျော့နည်းလာပြီး ရေရှည်မှာ ဆားလုပ်ငန်း အလုပ် အကိုင်တွေ အနေနဲ့ တနိုင်တပိုင် လုပ်ကိုင်သူတွေပဲ ရှိတော့မယ်လို့ ငပုတော မြို့နယ် ရှိဆားတောင်သူ အချို့ ဆီကသိရပါတယ်။
ဧရာဝတီတိုင်းအတွင်း က ငပုတော၊ လပွတ္တာ နဲ့ ဒေးဒရဲ မြို့နယ်တို့ မှာ နေလှန်းအများအပြား ထုတ်လုပ် ပြီး ၊ ပုသိမ်၊မြောင်းမြ၊ လပွတ္တာ၊ဝါးခယ်မနဲ့ ဒေးဒရဲမြို့တို့ မှာရှိတဲ့ ဆားကြိတ်စက်တွေမှာ ဆားကြမ်းတွေကို ကြိတ်ခွဲပြီး ဆားချောထုတ်လုပ် ရောင်းချတာ ဖြစ်ပါတယ်။
ပုသိမ်၊မြောင်းမြ၊ လပွတ္တာ၊ဝါးခယ်မနဲ့ ဒေးဒရဲမြို့ အားလုံးပေါင်းဆားကြိတ်စက် ၃၅ စက် ရှိတဲ့အနက် ပုသိမ်မြို့တမြို့တည်းမှာ ၁၆ စက် ရှိကာ ဆားဈေးကွက်ကတော့ ပြည်တွင်းမှာသာ ရှိ ပြီး ပြည်ပဈေးကွက် မရှိဘူး လို့ ၏လည်း ဧရာဝတီတိုင်း သတ္ထုတွင်းဦးစီးဌာန ဆားလုပ်ငန်းဌာနခွဲ ဆီက သိရပါတယ်။
ပေါက်ကွဲစေဖို့ရည်ရွယ်ပြီး ပစ်ခတ်လိုက်ပေမယ့် မပေါက်ကွဲသေးဘဲကျန်နေတဲ့ စစ်ကျန် လက်နက်ပစ္စည်းတွေက မြေမြှုပ်မိုင်းတွေထက် ပေါက်ကွဲအားပြင်းထန်ပြီး အချိန်မရွေးပေါက်ကွဲဖို့ အဆင် သင့်ဖြစ်နေတတ်ပါတယ်။
#ဧရာဝတီတိုင်းဒေသကြီး #ဆားထွက်နှုန်း #လျော့ကျ #စျေးနှုန်း #စံချိန်တင် #မြင့်တက် #DeltaNewsAgency #DNA