ပန်းတနော်မြို့ကနေ ဆေးခန်းလာပြတဲ့ကားကို Ford Ranger ကားက အရှိန်ပြင်းပြင်းနဲ့ဝင်တိုက်ခဲ့တာဖြစ်ပြီး ဆေးခန်းလာပြတဲ့ကားပေါ်က လူ ၇ ဦးအနက်၂ ဦးသေဆုံးခဲ့ကာ ကျန်လူတွေလည်း အပြင်းအထန် ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။”
၁၅၊ဇွန်ဧလ။
ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ ဆေးခန်းလာပြတဲ့ လိုက်ထရပ်ကား(light Truck)ကို Ford Ranger ကားကဝင်တိုက်မိပြီး လိုက်ထရပ်ကားပေါ်ပါလာသူတွေထဲက၂ ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။
မနေ့ကဇွန် ၁၄ ရက်နေ့ညဦးပိုင်းက မအူပင်မြို့ဈေးလမ်းနဲ့ မင်းလမ်းထိပ်မှာ ပန်းတနော်
မြို့ကနေ ဆေးခန်းလာပြတဲ့ကားကို Ford Ranger ကားက အရှိန်ပြင်းပြင်းနဲ့ဝင်တိုက်ခဲ့တာဖြစ်ပြီး ဆေးခန်းလာပြတဲ့ကားပေါ်က လူ ၇ ဦးအနက်၂ ဦးသေဆုံးခဲ့ပြီး ကျန်လူတွေလည်း အပြင်းအထန် ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။
“မနေ့က ညနေပိုင်းကတည်းက အဲ့ကား (Ford Ranger)က အရှိန်တော်တော် မြန်မြန်နဲ့ မြို့ထဲမှာ ပတ်မောင်းနေတာ။ နံပါတ်တောင် ဖတ်လို့မရအောင်မြန်တယ်လို့” မအူပင်ဒေသခံတဦးက ဒီကနေ့ဇွန်လ ၁၅ရက်မှာပြောပါတယ်။
ဒီလထဲမှာ မြို့တွင်းကားမောင်းကြမ်းတဲ့သူတွေ များလာနေတယ်လို့လည်းမအူပင်ဒေသခံတွေက မှတ်ချက်ပြုထားကြပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ မအူပင်မြို့မ ရဲစခန်းကဥပဒေအရဆက်လက်ဆောင်ရွက်နေတယ်လို့ ဆိုပေမယ့် Ford Ranger ကားပိုင်ရှင်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အခြေအနေတွေကိုတော့ မသိရသေးပါဘူး။