ဘင်္ဂလားပင်လယ်အော်အတွင်းမှာ မုတ်သုန်လေ အလွန်အားကောင်းနေပေမယ့် လေဖိအားနည်းဖြစ်လာနိုင်တဲ့ လေပွေလှိုင်းဟာ အားကောင်းတဲ့ မုန်တိုင်းဖြစ်လာနိုင်ချေ မရှိတော့တာကြောင့် လတ်တလောမှာတော့ မြန်မာနိုင်ငံတောင်ပိုင်း ဒေသတွေမှာ ရေကြီးရေလျှံမှု မဖြစ်နိုင်သေးဘူးလို့ မိုးဇလပညာရှင်တွေက ခန့်မှန်းတွက်ချက်ထားကြပါတယ်။
“ မြစ်ရိုးတလျှောက်မှာရွာတဲ့မိုးက မိုးရာသီပုံမှန် မိုးအသင့်အတင့်ရွာတာလောက်ပဲ ရှိတာကြောင့် မြစ်ရေကြီးတာမဖြစ်နိုင်တော့ကြောင်း သုံးသပ်တာပါ။ ချင်းတွင်း၊ဧရာဝတီမြစ်ဖျားပိုင်းက မိုးအခြေအနေကလဲ ပြန်လျော့သွားတာတွေ့ရပါတယ်ဗျ ” လို့ မိုးဇလပညာရှင် ဦးဝင်းနိုင်က ရှင်းပြပါတယ်။
ဧရာဝတီတိုင်းအတွက်ကတော့ လာမယ့် ဇွန် ၁၄ ရက်ဝန်းကျင်မှာ နေရာအတော်တော်များများ မိုးကြီးနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်ကတော့ မပြောင်းလဲသေးပါဘူး။