“မနက်က ရောက်လာတယ် အမြောက်တွေ ၅ လက် လို့ ပြောတယ်။ ကားကြီး နှစ်စီးနဲ့ သယ်လာတယ်”လို့ မြို့ခံတဦးက ပြောပါတယ်။
၁၂၊ဇွန်လ။
ရေကြည်မြို့ မြောက်စမ်းရွာ အနီးက အမြောက် တပ် ၃၄၄ က လက်နက်ကြီးတွေကို ဇွန်လ ၁၂ ရက် ဒီနေ့မနက်ပိုင်းမှာ ကျုံပျော်အခြေစိုက် ခြေမြန်တပ် ရင်း ၃၆ ဆီကို အရေးပေါ် ပြောင်းရွှေ့နေပါတယ်။
ကျုံပျော်မြို့ပေါ်မှာ ရှိတဲ့ မြို့ခံတွေကြားမှာလည်း တိုက်ပွဲ ဖြစ်လာတော့မယ်ဆိုတဲ့ သတင်းတွေကြောင့် ကျောင်းသားမိဘတွေက ကျောင်းတက်နေတဲ့ ကလေးတွေကို ကျောင်းတွေကနေ ခေါ်ထုတ်
လာကြတယ်လို့ ဆိုပါတယ်။
“မြို့ထဲမှာ ရုတ်ရုတ် ရုတ်ရုတ် ဖြစ်နေတယ်။ဒီနေ့ ပစ်မယ်ပြောတယ်။ အထောင်ဘက်ကနေ ဝင်လာမယ် ကြားလို့တဲ့။ကျောင်းသားမိဘတွေ ကလေးတွေကို ပြန်ခေါ်နေကြတယ်။တချို့ နယ်ဘက်က ကလေးတွေကို ခေါ်ပြီး အထုတ်တွေနဲ့ ရွာပြန်ကုန်
ကြပြီ”လို့ ကျုံပျော်မြို့ပေါ်က တက္ကသိုလ်ကျောင်း
သူတဦးက DNA ကိုပြောပါတယ်။
အမတ ၃၄၄ က အမြောက်တွေကိုလည်း ဒီနေ့မနက် အစောပိုင်းမှာ ကျုံပျော်ဘက်ကို ပို့ဆောင်နေတယ် လို့ ဒေသခံတွေက ပြောပါတယ်။
“လေးနာရီလောက်က ကားနှစ်စီးနဲ့သယ်သွားတာ” လို့ အမြောက်တပ် ၃၄၄ အနီးအနားမှာနေထိုင်သူက ထပ်မံပြောပါတယ်။
ကျုံပျော်မြို့ပေါ်မှာ နေထိုင်သူတွေကလည်း လက်နက်ကြီးတချို့ ကျုံပျော်ကို သယ်လာတာကို အတည်ပြုပါတယ်။
“မနက်က ရောက်လာတယ် အမြောက်တွေ ၅ လက်လို့ ပြောတယ်။ ကားကြီး နှစ်စီးနဲ့ သယ်လာတယ်”လို့ မြို့ခံတဦးက ပြောပါတယ်။
ဇွန်လ ၁၁ ရက်နေ့က အမြှောက်တပ် ၃၄၄ နဲ့ လေးမိုင်အကွာလောက်မှာ အနီးကပ်တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ပုံမှန်က လက်နက်ကြီးတွေပစ်နေတာ။ ညနေပိုင်းရောက်တော့ လက်နက်ငယ်သံတွေပဲ ကြားရတော့ တယ်။ အမြောက်ပစ်လို့မရတဲ့အထိ အနီးကပ်တိုက်ပွဲတွေ ဖြစ်ကြတာ” လို့ အမြောက်တပ် ၃၄၄ အနီးအနားမှာ နေထိုင်သူက ပြောပါတယ်။
ဇွန် ၁၂ ရက် မနက်ပိုင်း သေနက်သံတွေ တိတ်သွားတဲ့အခါမှာတော့ စစ်ကောင်စီဘက်က လေယာဉ် တွေ ပျံဝဲလာတဲ့အပြင် အမြောက်တပ် ၃၄၄ ဘက် ကလည်း လက်နက်ကြီးပစ်သံတွေ ကြားလာရတယ်လို့ သူက ဆက်ပြောပါတယ်။
“၃၄၄ မလွယ်သေးဘူး။ ကာကင်းတွေပဲ ဖောက်နေရတာ။ တပ်ခြံစည်းရိုးနားကပ်ဖို့ဆို တာဝေးသေးတယ်။ မိုင်းကွင်းတွေလည်းရှိတော့ ဝင်ဖို့ဆိုတာ မလွယ်သေးဘူး” လို့ အမြောက်တပ် ၃၄၄ အနီးအ နားမှာနေထိုင်သူက စစ်ရေးအခြေအနေကိုပြောပါတယ်။
အမြောက်တပ် ၃၄၄ နဲ့ ခြေမြန်တပ်ရင်း ၃၆ ဟာ ၂၃ မိုင်သာ ကွာဝေးပါတယ်။ လက်နက်ကြီးတွေပြောင်း ရွှေ့ထားတဲ့ ခြေမြန်တပ်ရင်း ၃၆ ထဲမှာတော့ စစ်ကောင်စီဟာ စက်တပ်လေထီး ၆ စီးအထိ ထားရှိပြီး လေးမျက်နှာမြို့နယ်နဲ့ ရေကြည်မြို့နယ်ထဲကို စစ်ဆင်ရေးတွေ လုပ်ဆောင်နေတယ်လို့ စစ်တပ် အသိုင်းအဝန်းနဲ့ နီးစပ်သူက ပြောပါတယ်။
“အမြောက်တွေကိုတော့ မနက်အစောကြီးကတည်း တာပေါ်လင်အုပ်ပြီး တွဲကားနဲ့ သယ်လာတာ”လို့ သူက အတည်ပြုပေးပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ကျုံပျော်မြို့ ဝန်းကျင် ရွာတွေထဲမှာ pdf ရှိတယ်ဆိုပြီး လူငယ်တွေကို ပစ်မှတ်ထားတဲ့ ဧည့်စာရင်းစစ်တာတွေလုပ်နေတယ်လို့ သိရပါတယ်။