ငလျင်လှုပ်ပြီးနောက် ပါကစ္စတန်အကျဉ်းထောင်တခုမှာ ထောင်သား ၂၀၀ကျော် ထွက်ပြေး

ထွက်ပြေးသွားတဲ့ အကျဉ်းသားတွေထဲက အယောက် ၈၀ကို ပြန်ဖမ်းမိခဲ့ပြီး နောက်ထပ် ၁၃၀ ကျော်ကတော့ လွတ်နေဆဲပါ။ အဲ့ဒီဖြစ်စဉ်မှာထောင်သားတဦးသေဆုံးပြီး ထောင်အရာရှိ ၂ယောက်လည်း ဒဏ်ရာရှိခဲ့ပါတယ်။

၄ ၊ ဇွန်

အင်္ဂါနေ့မနက်အစောပိုင်းမှာ ငလျင်လှုပ်ပြီးနောက် ပါကစ္စတန်နိုင်ငံ ကရာချီမြို့က Malir Jail အကျဉ်း ထောင်မှာ ထောင်သား ၂၀၀ ကျော် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ငလျင်ကြောင့် ထောင်နံရံတွေ လှုပ်သွားပြီးနောက် အကျဉ်းသားတွေဟာ ထောင်တံခါးတွေနဲ့ ပြတင်း ပေါက်တွေကို ဖျက်ဆီးခဲ့ကြတာပါ။

ငလျင်လှုပ်တဲ့အချိန် ထောင်နံရံတွေ ပြိုလာမှုကို စိုးတာကြောင့် ထောင်သားတွေဟာ ကြောက်လန့်အော် ဟစ်ကြရာကနေ ဝရုန်းသုန်းကားဖြစ်လာချိန် အစောပိုင်းမှာ သေနတ်ပစ်ဖောက် သတိပေးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

အဲ့ဒီနောက် တော်တော်များများက သူတို့အခန်းကို ပြန်သွားကြပေမယ့် ထောင်နဲ့ချီတဲ့ အကျဉ်းသားတွေဟာ ထောင်ပင်မဂိတ်ဆီကို ဝင်စီးခဲ့ကြတာပါ။
ထွက်ပြေးသွားတဲ့ အကျဉ်းသားတွေထဲက အယောက် ၈၀ကို ပြန်ဖမ်းမိခဲ့ပြီး နောက်ထပ် ၁၃၀ ကျော်ကတော့ လွတ်နေဆဲပါ။ အဲ့ဒီဖြစ်စဉ်မှာ ထောင်သားတဦးသေဆုံးပြီး ထောင်အရာရှိ ၂ယောက်လည်း ဒဏ်ရာရှိခဲ့ပါတယ်။

လက်ရှိမှာတော့ ရဲတပ်ဖွဲ့က လွတ်သွားတဲ့ ထောင် သားတွေကို ဆက်လက်ရှာဖွေနေပါတယ်။
Malir အကျဉ်းထောင်ဟာ Sindh ပြည်နယ်ရဲ့ ဒုတိယအကြီးဆုံးထောင်ပါ ။ အကျဉ်းသား ၂၂၀၀ အတွက်ဆောက်လုပ်ထားတဲ့ အဲ့ဒီထောင်မှာ အကျဉ်းသား ၅၀၀၀ ကျော်ကို ထားရှိထားတယ်လို့ သိရပါတယ်။

ကရာချီမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မဂ္ဂနီကျုဒ့် ၃ ဒဿ ၄ ပြင်းအထိရှိတဲ့ ငလျင်ငယ်တွေ ဆက် တိုက်လှုပ်ခတ်ခဲ့တယ်လို့ ပါကစ္စတန် အမျိုးသားငလျင်စောင့်ကြည့်ရေးစင်တာက ထုတ်ပြန်ထားပါတယ်။

Ref – BBC

#ပါကစ္စတန် #အကျဉ်းထောင် #ထောင်သား #ထွက်ပြေး #DeltaNewsAgency #DNA

Delta News Agency Telegram – https://shorturl.at/lxKMR
Delta News Agency YouTube – https://shorturl.at/ahBL2
Delta News Agency Website – https://shorturl.at/ozAIM
Delta News Agency Podcast – https://shorturl.at/epwzH

Ref – BBC