ဖျာပုံ၊ဒေါ်ညိမ်းကျေးရွာအုပ်စုထဲမှာ လှိုင်းရိုက်လို့ နေအိမ် သုံးဆယ်ကျော် ပျက်ဆီး

 

“အိမ်တွေက ဓနိမိုး ၊ ဝါးခင်း ၊ ဓနိကာတွေ ပါ။ သူတို့တွေအများစု ကလည်း ပင်လယ်လုပ်သားတွေပါ” လို့ ခါးပြတ်ရွာသား တဦးက ပြောပါတယ်။

၃၊ဇွန်လ။

ဧရာဝတီတိုင်း ၊ ဖျာပုံမြို့နယ် ၊ ဒေါ်ညိမ်းကျေးရွာအုပ်စုထဲက ပင်လယ်လှိုင်းဒဏ်သင့်ခဲ့တဲ့ အိမ်ထောင်စု ပေါင်း ၃၀ ခန့်ဟာ ရက်သတ္တတပတ်ကြာတဲ့အထိ ကြုံသလို ပြောင်းရွှေ့နေထိုင် နေကြရပါတယ်။

“သူတို့ရဲ့ လက်ရှိအခတ်ကတော့ နေစရာအိမ်ပါ” လို့ ဒေသခံ တဦးက DNA ကိုပြောပါတယ်။

မေလ ၂၆ ရက်နဲ့ ၂၉ ရက်မှာ ပင်လယ်လှိုင်း ရိုက်ခတ်မှုကြောင့် ဒေါ်ညိမ်းကျေးရွာအုပ်စုထဲက ခါးပြတ် ၊ ဗန် ဒါပင် ၊ ရွှေထီး ၊ သရက်ပင်ဆိပ် ၊ ဘုရားလေးသောင် ၊ အောင်လှိုင် ကျေးရွာတွေက  နေအိမ် ၃၀ လောက် ပင်လယ်ထဲကို ပါသွားခဲ့တာပါ။

ဒီရွာ ၆ ရွာမှာက အိမ်ထောင်စုပေါင်း  ၆၀၀ လောက်ရှိပေမယ့် ကမ်းခြေနဲ့အနီးဆုံးက နေအိမ်တွေ ပင် လယ်ထဲ ပါသွားခဲ့တာပါ။ ဒါပေမယ့် အသက်အန္တာရယ်တော့ မရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ပင်လယ်ထဲပါသွားတဲ့ နေအိမ်တည်နေရာတွေမှာ သဲတွေ ၊ ရွှံ့တွေ ကျန်ရစ်ခဲ့တာကြောင့် ပြန်လည်တည် ဆောက်ဖို့ လက်ရှိအခြေအနေမှာ မဖြစ်နိုင်သေးဘူးလို့ ဆိုပါတယ်။ ဒါကြောင့် ပင်လယ်လှိုင်းဒဏ်သင့်တဲ့ ပြည်သူတွေဟာ နီးစပ်ရာဆွေမျိုးတွေနဲ့ အလုပ်ရှင်တွေရဲ့ နေအိမ်တွေမှာ နေထိုင်ကြပါတယ်။

ဇွန်လဟာ ပင်လယ်လုပ်ငန်းသိမ်းချိန်လည်းဖြစ်တာကြောင့် ဝင်ငွေရှားပါးနေတဲ့အချိန်မှာ ပြန်လည်ရပ် တည်ရေးက ပိုပြီးခက်ခဲတယ်လို့လည်း ဒေသခံကပြောပါတယ်။

“အိမ်တွေက ဓနိမိုး ၊ ဝါးခင်း ၊ ဓနိကာတွေ ပါ။ သူတို့တွေအများစု ကလည်း ပင်လယ်လုပ်သားတွေပါ” လို့ ခါးပြတ်ရွာသားတဦးက ပြောပါတယ်။

ဒီဒေသတွေမှာ ပင်လယ်လှိုင်းကြီးတာဟာ ပုံမှန်အခြေအနေတစ်ခုဖြစ်ပေမယ့်လည်း မေ ၂၆ ရက်နဲ့ ၂၉ ရက်ကတော့ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေတဲ့အပြင် ရေထ (ဒီရေမြင့်တက်ချိန်) ရက်လည်းဖြစ်တာ ကြောင့် အခုလို နေအိမ်တွေ ပျက်ဆီးတဲ့အထိ ဖြစ်ခဲ့တာလို့ ဒေသခံကပြောပါတယ်။

လာမယ့် ဇွန်လ ဒုတိယပတ်ထဲမှာတော့ ဘင်္ဂလားပင်လယ်အော်အတွင်းမှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်လာနိုင်ချေတွေရှိနေတယ်လို့ မိုးဇလပညာရှင်တွေက ခန့်မှန်းထားကြ ပြန်ပါတယ်။ အချိန် အနည်းငယ် စောနေသေးတာကြောင့် အခြေအနေကို အတိအကျ ပြောနိုင်ဖို့ စောင့်ကြည့်ရမယ့် အနေအထားဖြစ်ပါတယ်။