မေလထဲမှာ မိုးရေချိန်မြင့်မားခဲ့တဲ့ နောက်ဆက်တွဲအနေနဲ့ ကွမ်းခြံတွေမှာ အခုလို ရေနာတွေဖြစ်ကုန်တာ လို့ သူကပြောပါတယ်။
၃၊ဇွန်လ။
ဧရာဝတီမြစ်ဝကျွန်းပေါ်ဘက်က ကွမ်းရွက်တွေ အဝင်နည်းခဲ့တာကြောင့် ဒီနေ့မှာ ရန်ကုန် သီရိမင်္ဂလာဈေးကွက်အတွင်း ကွမ်းရွက်ဈေးတွေ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။အထူးသဖြင့် ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်ထဲက ကွမ်းခြံအများစုဟာ ဒီရက်ပိုင်းအတွင်း မိုးရွာသွန်းမှုများခဲ့တဲ့ အတွက် ရေနာပြီး ကွမ်းခြံပျက်စီးမှုတွေနဲ့ ကြုံတွေ့ခဲ့တယ်လို့ သိရပါတယ်။
“ဒင်္ဂါးလို့ အမဲကွက်တွေမဟုတ်ဘူး။ ရေနာပြီး အစိမ်းရောင် ကွက်တွေထနေတော့ ရောင်းမရဖြစ်နေတာ” လို့ ကွမ်းစိုက်တောင်သူက DNA ကို ပြောပါတယ်။ ဒီနေ့ ဇွန်လ ၄ ရက်မှာ ကွမ်းရွက် (ရန်ကုန်ပေါက်ဈေး) ဟာ အလတ် စားအရွက် အသင့်အတင့်အနေအထား တပိဿာကို ၉ ထောင်ကျပ်အထိ ဈေးပေါက်ခဲ့တယ်လို့ ဆိုပါတယ်။
မေလထဲမှာ မိုးရေချိန်မြင့်မားခဲ့တဲ့ နောက်ဆက်တွဲအနေနဲ့ ကွမ်းခြံတွေမှာ အခုလို ရေနာတွေဖြစ်ကုန်တာ လို့ သူကပြောပါတယ်။
“ အရင်နှစ်ကတွေက ရေနာမလိုက်ဘူး။ ကွမ်းပုတ်တာ ၊ အမဲကွက် ဒင်္ဂါးလိုက် တာတော့ နှစ်တိုင်းရှိတယ်” လို့ ဆိုပါတယ်။
ကွမ်းရွက်ဈေးကွက်ကတော့ လပေါင်းများစွာ ကျဆင်းနေရာကနေ ဒီနေ့မှာ မူလဈေးထက် တပိဿာကို ၇ ထောင်လောက်အထိ မြင့်တက်သွားခဲ့ပါတယ်။
“ဒါက မိုးရာသီမှာ ပထမဆုံးဈေးကွက်စလှုပ်တာပဲ” လို့ သီရိမင်္ဂလာဈေးက ကွမ်းရွက်ပွဲစားက ပြောပါတယ်။
လက်ရှိအချိန်မှာ ကွမ်းစိုက်တောင်သူတွေ စိုးရိမ်နေကြတာက ဒေသတွင်းမှာအထက်ရေလို့ခေါ်တဲ့ ဧရာဝတီမြစ်ရေတွေ မြစ်ဝကျွန်းပေါ်ဆီကို ဆက်လက် စီးဆင်းလာမှာကိုပါ။ ဘာကြောင့်လဲ ဆိုရင် နှစ်စဉ်နှစ်တိုင်း အထက်မြန်မာ ပြည်က ရေတွေဟာ ဧရာဝတီမြစ် တလျောက် စီးလာပြီးတဲ့အခါ ဧရာဝတိုင်းက ကွမ်းခြံတွေကို နှစ်မြုပ်ကုန်လေ့ ရှိပါတယ်။
၂၀၂၄ ခုနှစ်ကဆိုရင် ကွမ်းခြံတွေ ရေကြီးနှစ်မြုပ်မှုကြောင့် ကွမ်းရွက်ဈေးဟာ တပိဿာကို ကျပ် ၄ သောင်းခွဲလောက်အထိ မြင့်တက်သွားဖူးပါတယ်။ ကွမ်းအဝင်အနည်းတဲ့အခါမှာနဲ့ ကွမ်းအဝယ်လိုက်တဲ့အခါမျိုးမှာ အခုလို ဈေးနှုန်း မြင့်တက်တာ ဖြစ်ပါတယ်။
လက်တလောမှာ လမ်းပန်းဆက်သွယ်ရေး အခြေအနေတွေ ကြောင့် တချို့သောမြို့တွေရဲ့ ကုန်အဝင်တွေ ပိတ်ဆို့နေတာကြောင့် နယ်ကွမ်းအဝင် နည်းနေတယ်လို့ သိရပါတယ်။
အဓိကဈေးတက်ရတာက ဧရာဝတီတိုင်းက ကွမ်းအဝင်နည်းလာသွားတာကြောင့်လို့ ကွမ်းရွက်ပွဲစားတွေ က ဆိုပါတယ်။ ဒါ့ပြင်ရေကြီးနစ်မြှုပ်မှုတွေ ဖြစ်လာရင် ကွမ်းရွက်ဈေးနှုန်းဟာ အရင်နှစ်က ဈေးနှုန်း ထက် ပိုသွားနိုင်တယ်လို့လည်း ကွမ်းရွက်ပွဲစားတွေက ပြောဆိုပါတယ်။