အိန္ဒိယမိုးလေဝသအေဂျင်စီထုတ်ပြန်ချက်အရ လာမည့်ရက်တွေမှာ မိုးများနိုင်တယ်လို့ ဆိုထားပါတယ်။

၁ ၊ ဇွန်လ

အိန္ဒိယမှာ မုတ်သုံရာသီဝင်ရောက်ချိန် ရုတ်တရက်ရေကြီးတာနဲ့ မြေပြိုမှုတွေကြောင့် နိုင်ငံအရှေ့မြောက်ပိုင်းမှာ လူ ၂၂ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက မေလ ၃၁ရက်နေ့မှာ ပြောပါတယ်။
အာသံပြည်နယ် ဂူဝါဟာတီမြို့မှာ မြေပြိုလို့ လူ ၅ဦးသေဆုံးပြီး တရုတ်နဲ့ နယ်စပ်အနီးက အာရာနာချယ်ပရာဒေ့ရှ်ပြည်နယ်မှာလည်း ရေထဲကားမျောသွားလို့ လူ ၇ဦးသေဆုံးခဲ့တဲ့အပြင် နောက်ထပ် ၂ဦး ရေနစ်သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် မီဇိုရမ် ၊ တြိပူရနဲ့ မီဟာလာယာပြည်နယ်တို့မှာလည်း မိုးများပြီး ရေကြီးမြေပြိုတာတွေ ကြောင့် လူ ၈ဦးသေဆုံးခဲ့တယ်လို့ တရားဝင်အချက်အလက်တွေအရ သိရပါတယ်။
တချိန်နည်းမှာပဲ အာသံပြည်နယ်မှာ ဓာတ်လိုက်တဲ့ အန္တရာယ်လျော့ချဖို့ ဧရိယာတော်တော်များများကို လျှပ်စစ်မီးပြတ်တောက်ထားတယ်လို့ ပြည်နယ်ဝန်ကြီးချုပ် Himanta Biswa Sarma က ပြောပါတယ်။
မိုးသည်းသည်းထန်ထန် ဆက်ရွာနေတာကြောင့် အာသံပြည်နယ် မြို့တော် ဂူဝါဟာတီရဲ့ မြို့ဧရိယာတွေ ရေနစ်မြုပ်နေပြီး လျှပ်စစ်မီးပြတ်တောက်နေပါတယ်။ စာသင်ကျောင်းနဲ့ ကောလိပ်တွေ ပိတ်ထားရမယ့် အခြေအနေဆိုက်နေတယ်လို့လည်း သိရပါတယ်။
အိန္ဒိယမိုးလေဝသအေဂျင်စီထုတ်ပြန်ချက်အရ လာမည့်ရက်တွေမှာ မိုးများနိုင်တယ်လို့ ဆိုထားပါတယ်။
နှစ်စဉ် ဇွန်လကနေ စက်တင်ဘာလအထိ မိုးရာသီကာလဟာ အိန္ဒိယရဲ့ ပြင်းထန်တဲ့ အပူရှိန်ကို သက်သာရာရစေပါတယ်။ ဒါပေမယ့်လည်း မိုးရာသီမှာ အထူးသဖြင့် ရာသီဥတုပြောင်းလဲမှုဒဏ် အခံရဆုံး ဒေသတခုဖြစ်တဲ့ နိုင်ငံအရှေ့မြောက်ပိုင်းမှာ စိုက်ခင်းအမြောက်အများ ပျက်စီးတာတွေ ကြုံတွေ့ရလေ့ရှိပါတယ်။
ရာသီဥတုမမှန်တာနဲ့ ကမ္ဘာကြီးပူနွေးလာတာကြောင့် မုတ်သုံရာသီတွေဟာ ပိုမိုအပြောင်းအလဲ မြန်လာပြီး အိန္ဒိယရဲ့ ဟိမဝန္တာမြောက်ပိုင်းမှာ မြေပြိုတာတွေ ၊ ရုတ်တရက်ရေကြီးတာတွေကို မကြာခဏ ဖြစ်ပေါ်စေတယ်လို့ သိပ္ပံပညာရှင်တွေက မှတ်ချက်ပြုကြပါတယ်။

Ref – AP
#အိန္ဒိယ #ရေကြီး #ရာသီဥတု #သေဆုံး
#DeltaNewsAgency #DNA
Delta News Agency Telegram – https://shorturl.at/lxKMR
Delta News Agency YouTube – https://shorturl.at/ahBL2
Delta News Agency Website – https://shorturl.at/ozAIM
Delta News Agency Podcast – https://shorturl.at/epwzH