“မနှစ်က ကျိုးတာ ဖိုးထားလို့ ဒီနှစ်တော့ ရေမကြီးတော့ဘူးထင်ထားတာ၊ဒီနှစ်က မိုးကလည်း နေ့တိုင်းရွာနေတော့ ရေအားလည်းကြီး ၊ တာကို သေသေချာချာလည်း ပြုပြင်တာမှ မရှိတာ”လို့ ချောင်းဂွဒေသခံ တဦးကမှတ်ချက်ပေးပါတယ်။
၃၀၊မေလ DNA
ဧရာဝတီတိုင်း အတွင်းမှာ ဒီရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းနေခဲ့ပြီးနောက် အင်္ဂပူမြို့နယ် ချောင်းဂွအုပ်စု ကညွှတ်ကုန်း ကျေးရွာအနီးက မမြချောင်းတာဘောင်တခု မနေ့က နေ့လယ်ပိုင်းမှာ ကျိုးပျက်ခဲ့ပါတယ်။
“ သုံးနှစ်တကြိမ်လောက်တော့ ဖြစ်နေကျဗျ ။ ချောင်းတာဘောင်ဆိုတော့ သိပ်တော့ ကိစ္စ မရှိဘူး။ ပြုပြင်ထိန်းသိမ်းမှုလည်း မရှိတော့ ရေများတဲ့အခါ ဖြစ်လေ့ရှိတယ်”လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။
အခု ကျိုးပျက်သွားတဲ့ တာဟာ အင်ပင်မြို့နယ် ကြက်သွန်ကွင်း အုပ်စုနဲ့ အင်္ဂပူမြို့နယ် ချောင်းဂွအုပ်စုထဲက ကညွှတ်ကုန်းကျေးရွာအနီးမှာ တည်ရှိပြီး မနှစ်ကလည်း တခါကျိုးပျက်ခဲ့တဲ့အတွက် အနီးအနားက ရွာတွေထဲကို ချောင်းရေဝင်ရောက်ခဲ့ဖူးတယ်လို့ သိရပါတယ်။
“မနှစ်က ကျိုးတာ ဖိုးထားလို့ ဒီနှစ်တော့ ရေမကြီးတော့ဘူးထင်ထားတာ၊ဒီနှစ်က မိုးကလည်း နေ့တိုင်းရွာနေတော့ ရေအားလည်းကြီး ၊ တာကို သေသေချာချာလည်း ပြုပြင်တာမှ မရှိတာ”လို့ ချောင်းဂွဒေသခံ တဦးကမှတ်ချက်ပေးပါတယ်။
လက်တလောမှာ မိုးကလည်း ဆက်လက်ရွာသွန်းနေသလို ချောင်းရေတွေဟာ အနီးဝန်းကျင် ကျေးရွာတချို့ထဲ ဝင်ရောက်နေပြီး စိုက်ခင်းတချို့ ရေမြုပ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါပေမယ့် ဘယ်လောက်အတိုင်းအတာ ထိခိုက်ပျက်စီးနိုင်မယ်ဆိုတာတော့ တိတိကျကျ မသိရသေးပါဘူး။