ဘတ်ဂျက် လျှော့ချမှုတွေဟာ လာမယ့် ဘဏ္ဍာနှစ်စဖြစ်တဲ့ ဇန်နဝါရီ ၁ ရက်နေ့မှာ စတင်အကျုံးဝင်မယ်လို့လည်း အဲ့ဒီစာမှာ ဖော်ပြထားပါတယ်။
၃၀၊ မေ
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးဟာ သူ့ရဲ့ အမေရိကန်ဒေါ်လာ ၃ ဒဿမ ၇ ဘီလီယံ ဘတ်ဂျက်ကို ၂၀ ရာခိုင်နှုန်း ဖြတ်တောက်ပြီး ဝန်ထမ်း ၆,၉၀၀ ဝန်းကျင် လျှော့ချဖို့ ပြင်ဆင်နေတယ်လို့ သီးသန့် ရရှိထားတဲ့ ရုံးတွင်း စာတစောင်အရ သိရတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
ကုလရဲ့ နှစ်စဉ်ရန်ပုံငွေ လေးပုံတပုံနီးပါးကို ထောက်ပံ့ပေးနေတဲ့ အမေရိကန်က အလှူငွေ လျော့ချ လိုက်တာကြောင့် ဘဏ္ဍာရေးအကြပ်အတည်းရင်ဆိုင်နေရချိန် အခုလို ညွှန်ကြားချက် ထွက်ပေါ်လာတာပါ။
သမ္မတ ဒေါ်နယ်ထရမ့် လက်ထက် အမေရိကန်က ပြည်ပထောက်ပံ့မှုတွေကို လျှော့ချပစ်လိုက် တာကြောင့် ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အေဂျင်စီ အများအပြား ထိခိုက်ခဲ့ပါတယ်။
ဒါ့အပြင် အမေရိကန်ဟာ လက်ရှိဘဏ္ဍာနှစ်အတွက်အတွက်အပါအဝင် ဒေါ်လာ ၁ ဒဿမ ၅ ဘီလီယံနီးပါး ကုလကို ပေးဖို့ ကျန်နေသေးပါတယ်။
ဘတ်ဂျက် လျှော့ချမှုတွေဟာ လာမယ့် ဘဏ္ဍာနှစ်စဖြစ်တဲ့ ဇန်နဝါရီ ၁ ရက်နေ့မှာ စတင်အကျုံးဝင်မယ်လို့လည်း အဲ့ဒီစာမှာ ဖော်ပြထားပါတယ်။
ကုလအနေနဲ့ တချို့အေဂျင်စီတွေကို ပေါင်းလိုက်တာ ၊ တချို့ကို လျော့ချဖို့နဲ့ ဝန်ထမ်းတွေကို ကုန်ကျစရိတ်သက်သာတဲ့မြို့တွေဆီ ရွေ့ပြောင်းတာလုပ်ဖို့ စဉ်းစားနေကြောင်း မေလက ကျင်းပခဲ့တဲ့ ကုလကိုယ်စားလှယ်များ အစည်းအဝေးတစ်ခုမှာ ကုလအတွင်းရေးမှူးချုပ် Antonio Guterresက ပြောခဲ့ပါတယ်။
ကုလရဲ့ အကြပ်အတည်းကာလအတွင်း အမေရိကန်က ဘတ်ဂျတ်ပေးဖို့ ကျန်ရှိနေတဲ့အပြင် တရုတ်ကလည်း ငွေလွှဲဖို့ မကြာခဏ နောက်ကျနေတဲ့ အတွက် အခြေအနေ ပိုမိုဆိုးလာတာပါ။
အမေရိကန်နဲ့ တရုတ်နိုင်ငံဟာ ကုလရန်ပုံငွေ စုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းကျော်ကို ထောက်ပံ့ပေးနေတာဖြစ်ပါတယ်။
Ref – Reuters