ဖွင့်ပွဲ အခမ်းအနားမှာ ဖျက်သင်္ဘောအသစ်ကြီး ပျက်စီးသွားလို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းစိတ်ပျက်

သင်္ဘောရေချတဲ့ လုပ်ငန်းစဉ်မှာ တာဝန်ယူသူတွေဟာ အတွေ့အကြုံနည်းပါးတာနဲ့ ဂရုတစိုက် မလုပ်နိုင်တာကြောင့် သင်္ဘောဟာ ရေချတဲ့အချိန်မှာ ဟန်ချက်မညီဘဲ အောက်ခြေ အစိတ်အပိုင်းတချို့ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

၂၂၊ မေ

တန်ချိန် ၅,၀၀၀ ရှိ မြောက်ကိုရီးယား ဖျက်သင်္ဘောသစ် ရေချတဲ့ အခမ်းအနားမှာ မတော်တဆမှုဖြစ်ပြီး သင်္ဘောအောက်ခြေပျက်စီးခဲ့တာကြောင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း စိတ်ပျက်သွားခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံ့ခေါင်းဆောင် ကင်ဂျုံအွန်းကိုယ်တိုင်တက်ရောက်တဲ့ မေလ ၂၁ရက်နေ့ အခမ်းအနားမှာ အခုလို ဖြစ်ပွါးခဲ့တာလို့ မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာန KCNA က ဖော်ပြပါတယ်။

သင်္ဘောရေချတဲ့ လုပ်ငန်းစဉ်မှာ တာဝန်ယူသူတွေဟာ အတွေ့အကြုံနည်းပါးတာနဲ့ ဂရုတစိုက် မလုပ်နိုင်တာကြောင့် သင်္ဘောဟာ ရေချတဲ့အချိန်မှာ ဟန်ချက်မညီဘဲ အောက်ခြေ အစိတ်အပိုင်းတချို့ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါဟာ ကြီးမားပြင်းထန်တဲ့ မတော်တဆမှုဖြစ်သလို ထိန်းချုပ်မှုမရှိ၊ တာဝန်ယူမရှိတာကြောင့် ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ကင်ဂျုံအွန်းက မှတ်ချက်ပြုခဲ့ပါတယ်။

ဒါ့အပြင် ပျက်စီးသွားတဲ့ ဖျက်သင်္ဘောကို အမြန်ဆုံးပြုပြင်နိုင်အောင် ဆောင်ရွက်ရမှာဖြစ်ပြီး ဒါဟာ သာမန်ပြုပြင်ရေးလုပ်ငန်းထက် နိုင်ငံရေး ဂုဏ်သက္ခာအတွက်ပါ အရေးကြီးတယ်လို့လည်း သူက ပြောခဲ့ပါတယ်။

Ref – Korea JoongAng Daily