သိုလှောင်ဆန်တွေကိုသတ်မှတ်ရည်ညွန်းစျေးနဲ့ပြန်ဝယ်ယူဖို့စစ်ကောင်စီစီစဥ်နေ

“ရည်ညွှန်ဈေးဆိုတဲ့ စစ်ကောင် စီသက်မှတ်ဈေးနှုန်းရောင်းချမယ်ဆိုရင်တော့ ဆန်ကုန်သည်တွေအားလုံးဟာ အရှုံးပေါ်ရတော့မှာလည်းဖြစ်ပါတယ်။”

၂၁၊မေ။

ဂိုဒေါင်တွေမှာ သိုလှောင်ထားတဲ့ ဆန်ပမာဏရဲ့ ဆယ်ရာခိုင်နှုန်းကို ရည်ညွှန်းဈေးနဲ့ မဖြစ်မနေပြန်လည် ရောင်းချဖို့စစ်ကောင်စီက ဆန်ကုန်သည်တွေဆီကို မေလ ၁၉ ရက်နေ့က အကြောင်းကြားခဲ့ တယ်လို့ ဧရာဝတီတိုင်းမှာ နေထိုင်တဲ့ ဆန်ကုန်သည်တဦးက ပြောပါတယ်။

စစ်ကောင်စီဟာ သိုလှောင်ထားတဲ့ ဆန်အချောတွေကို သက်မှတ်ဈေးနဲ့ ဝယ်ယူဖို့လုပ်ဆောင်နေတာပါ။ ပမာဏဘယ်လောက်အထိ ဝယ်ယူမယ်ဆိုတာမသိပေမယ့် စစ်ကောင်စီဟာ သိုလှောင်ထားတဲ့ ဆန်အား လုံးကို ဝယ်ယူဖို့ ကြိုးစားနေတာလို့ သူကပြောပါတယ်။

“အကုန်လုံးကို သက်မှတ်ဈေးနဲ့ ဖြတ်မယ်လုပ်တာ။ အသင်းက (မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်) က ပြောလို့ ဆယ်ရာခိုင်နှုန်းဖြစ်သွားတာ”လို့ ဆန်ကုန်သည်က ပြောပါတယ်။

ရည်ညွှန်ဈေးဆိုတဲ့ စစ်ကောင် စီသက်မှတ်ဈေးနှုန်းရောင်းချမယ်ဆိုရင်တော့ ဆန်ကုန်သည်တွေအားလုံးဟာ အရှုံးပေါ်ရတော့မှာလည်းဖြစ်ပါတယ်။

စစ်ကောင်စီကအဖက်ဖက်ကနေ ဒုက္ခပေးနေတာလို့လည်း ဧရာဝတီတိုင်းမှာနေထိုင်တဲ့ ဆန်ကုန်သည်က ပြောပါတယ်။ ဧရာ ဝတီတိုင်းက ဆန်ကုန်သည်တွေဟာ ရန်ကုန်ကမ်းနားမှာရှိတဲ့ အပ် / ငှား ပြုလုပ်နိုင်တဲ့ ဂိုတောင်တွေမှာ ဆန်အချောတွေကို သိုလှောင်ထားကြတာပါ။

“ဧရာဝတီက ထွက်တဲ့ဆန်ထဲမှာ ကျားပျံ (ပေါ်ဆန်း ၊ ဘေးကြား ၊ တောင်ပျံ) ခေါ်တယ်။ ထမင်းကောင်း တယ်။ ရွှေဘိုထမင်းနီးနီးကောင်းတယ်။ ရည်ညွှန်းဈေးဘယ်ရောင်းနိုင်မလဲ “လို့ ဆန်ကုန်သည်က ပြောပါ တယ်။ ဒါပေမယ့် စစ်ကောင်စီကတော့ အာဏာသုံးပြီးတော့ ဆန်ကုန်သည်တွေဆီက ဆန်အချောကို ဝယ်ယူဖို့စီစဥ်နေတာပါ။

စစ်ကောင်စီရဲ့ ရည်ညွှန်ဈေး / သက်မှတ်ဈေးဆိုတာကတော့ လစဉ်လတိုင်း ထွက်ရှိနေတာပါ။ ဒါကြောင့် ဆန်ကုန်သည်တွေဆီက ဆန်ဝယ်ယူချိန်မှာ ရည်ညွှန်းဈေး ဘယ်လောက်ရှိမယ်ဆိုတာကတော့ မသိရ သေးပါဘူး။ ဒါပေမယ့်လည်း ဆန်အချောလိုင်းမှာ ရည်ညွှန်ဈေးနဲ့ ရောင်းဖို့ဆိုတာ ကုန်သည်တွေအတွက် လက်မခံနိုင်စရာလို့ဆိုကြပါတယ်။

စစ်ကောင်စီက ဆန်ဝယ်ယူတဲ့အခါမှာ ငွေသားနဲ့ပေးချေမယ် ၊ ကုန်စည်ပစ္စည်းတခုခုနဲ့ ပေးချေမယ်ဆို တာကတော့ ဆန်ကုန်သည်တွေကြားမှာ တမျိုးစီပြောဆိုနေကြပါတယ်။ ကုန်စည်ပစ္စည်းတစ်ခုခုနဲ့ ပေး ချေမယ်ဆိုရင်တော့ ဆန်ကုန်သည်တွေဟာ နှစ်ခါနစ်နာရမှာလည်းဖြစ်ပါတယ်။