ဆန်ကိစ္စမဆင်မခြင် ပြောခဲ့တဲ့ ဂျပန်ဝန်ကြီး ရာထူးနုတ်ထွက်

ဂျပန်လယ်ယာစိုက်ပျိုးရေးဝန်ကြီး Taku Eto ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရန်ပုံငွေရှာဖွေရေးပွဲတစ်ခုမှာ သူဟာ ဘယ်တုန်းကမှ ဆန်ကို မဝယ်စားခဲ့ရကြောင်း ၊ ဆန်တွေ လက်ဆောင်ပေးတဲ့ သူ့ရဲ့ ထောက်ခံသူတွေကို ကျေးဇူးတင်ကြောင်း ပြောခဲ့တာပါ။

၂၁၊ မေ

ဂျပန်လယ်ယာစိုက်ပျိုးရေးဝန်ကြီး Taku Eto ဟာ အခုသီတင်းပတ်အတွင်း ဆန်ကိစ္စနဲ့ပတ်သတ်ပြီး မဆင်မခြင် ပြောခဲ့တာကို တာဝန်ယူတဲ့အနေနဲ့ ကနေ့ မေလ ၂၁ ရက်နေ့မှာပဲ ရာထူးက နုတ်ထွက်ကြောင်း ပြောကြားလိုက်ပါတယ်။

ဝန်ကြီးရဲ့ နေရာမှာ အစားထိုးဖို့အတွက် လက်ရှိမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး Shigeru Ishiba ကို ခန့်အပ်ဖို့ ရှိနေတယ်လို့ အများပိုင်ရုပ်သံလိုင်း NHK နဲ့ ဂျပန်မီဒီယာတချို့မှာ ဖော်ပြထားပါတယ်။

ဂျပန်လယ်ယာစိုက်ပျိုးရေးဝန်ကြီး Taku Eto ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရန်ပုံငွေရှာဖွေရေးပွဲတစ်ခုမှာ သူဟာ ဘယ်တုန်းကမှ ဆန်ကို မဝယ်စားခဲ့ရကြောင်း ၊ ဆန်တွေ လက်ဆောင်ပေးတဲ့ သူ့ရဲ့ ထောက်ခံသူတွေကို ကျေးဇူးတင်ကြောင်း ပြောခဲ့တာပါ။

အဲ့ဒီလိုပြောခဲ့တာကြောင့် အတိုက်အခံပါတီက လူပုဂ္ဂိုလ်တွေနဲ့ အာဏာရညွန့်ပေါင်းလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဝေဖန်မှုတွေကို အပြင်းအထန်ခံခဲ့ရပြီး လာမယ့် ဇူလိုင်ရွေးကောက်ပွဲအတွက်ပါ ဝန်ကြီးချုပ် Ishiba အတွက်ပါ ဖိအားတွေ ဖြစ်လာခဲ့ပါတယ်။

ဂျပန်လယ်ယာစိုက်ပျိုးရေးဝန်ကြီး Taku Eto ကတော့ ပြည်သူတွေ ဆန်စျေးမြင့်တက်မှုနဲ့ ရင်ဆိုင်နေရချိန် အခုလို မှတ်ချက်ပြုခဲ့တာနဲ့ ပတ်သတ်လို့ တောင်းပန်ခဲ့ပြီး ရာထူးကနုတ်ထွက်လိုက်တာပါ။

ဒါဟာ လက်ရှိဂျပန်ဝန်ကြီးချုပ် Ishiba ရဲ့ အစိုးရအဖွဲ့မှာ ပထမဆုံး ရာထူးကနေ နုတ်ထွက်မှုလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့တနှစ်အတွင်း ဆန်စျေးနှုန်းမြင့်တက်မှုဟာ  ဆယ်စုနှစ်များစွာအတွင်း မကြုံစဖူး စံချိန်တင် ဖြစ်တာကြောင့် ဂျပန်မဲဆန္ဒရှင်တွေအတွက် စိတ်ပူစရာဖြစ်လာနေပါတယ်။

ဂျပန်အစိုးရကတော့ ဆန်စျေးနဲ့ ပတ်သက်လို့ စျေနှုန်းထိန်းညှိတာတွေ ပြီးခဲ့တဲ့ မတ်လကတည်းက စတင်လုပ်ဆောင်ခဲ့ပေမဲ့ အခုထိ အကျိုးသက်ရောက်မှုတွေ နည်းပါးနေဆဲဖြစ်ပါတယ်။

Ref – Reuters