“ ခုချိန်မှာတော့ စောင့်ကြည့်ရဦးမှာပဲဆိုပေမယ့် ကြိုပြင်ဖို့ လိုတာတွေကိုတော့ သတိထားကြတာ ကောင်းပါလိမ့်မယ်။ အနီးကပ်မှဆိုရင် အချိန်မမှီတာတွေ ဖြစ်နိုင်ပါတယ်လို့ မိုးဇလ ကျွမ်းကျင်သူ ဦးဝင်းနိုင်က တိုက်တွန်းထားပါတယ်။
၂၀၊မေ။
မေလ ၂၆ ရက်နောက်ပိုင်းမှာ ဘင်္ဂလားပင်လယ်အော်အတွင်းလေဖိအားနည်းရပ်ဝန်းကတဆင့် ဆိုင်ကလုန်းမုန်တိုင်းတခု ဖြစ်ပေါ်လာနိုင်ချေရှိနေပြီး အိန္ဒိယနိုင်ငံ မြောက်ဘက်ပိုင်းကို ဝင်ရောက်နိုင်တယ်လို့ မိုးဇလ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။
အဲ့ဒီရက်တွေမှာ မုန်တိုင်းရဲ့ သက်ရောက်မှုကြောင့် မြစ်ဝကျွန်းပေါ်ဒေသတွေနဲ့ မွန်-တနင်္သာရီကမ်းရိုးတန်း၊ ရခိုင်ကမ်းရိုးတန်းတလျှောက်မှာ တနာရီ ၄၅ မိုင်နူန်းလေပြင်းတိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်ဟာ ၁၃ ပေထိရှိနိုင်တယ်လို့ မိုးဇလကျွမ်းကျင်ပညာရှင်တွေက တွက်ချက်ထားကြပါတယ်။
“ခုချိန်မှာတော့ စောင့်ကြည့်ရဦးမှာပဲဆိုပေမယ့် ကြိုပြင်ဖို့ လိုတာတွေကိုတော့ သတိထားကြတာ ကောင်းပါလိမ့်မယ်။ အနီးကပ်မှဆိုရင် အချိန်မမှီတာတွေ ဖြစ်နိုင်ပါတယ် “လို့ မိုးဇလ ကျွမ်းကျင်သူ ဦးဝင်းနိုင်က တိုက်တွန်းထားပါတယ်။
ဒါအပြင် မိုးဦးကာလမှာ ဖြစ်တတ်တဲ့ မိုးကြိုး အန္တရာယ်ကိုလည်း ဂရုစိုက်နေထိုင်ကြဖို့ သူက ဆက်ပြီး အကြံပြုထားပါတယ်။
မုတ်သုန်အားရဲ့ သက်ရောက်မှုတွေကြောင့်လည်း မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ အထက်ပိုင်းတွေမှာ မိုးကြီးရေလျှံတာတွေဖြစ်လာနိုင်တာမလို့ငလျင်ဒဏ်သင့်ဒေသတွေအနေနဲ့ အထူးသတိထားကြ ဖို့လိုတယ်လို့လည်း မိုးဇလ ပညာရှင်တွေရဲ့ တိုက်တွန်းမှုတွေလည်း ရှိနေပါတယ်။
မေ ၂၀ ရက်ကနေ မေ ၂၆ ရက်အထိ ဒေသအလိုက် မိုးလေဝသ ခန့်မှန်းချက်
ပုသိမ် – မုတ်သုန်လေ ဝင်ရောက်နေပြီမို့ ဒီရက်သတ္တပတ်လုံးမှာ မိုးရွာသွန်းဖို့ ရှိပါတယ်။ မိုးထစ်ချုန်းမှုနဲ့အတူ လေကြမ်းကြမ်းတွေလည်း တိုက်ခတ်နိုင်ပါတယ်။
ညောင်တုန်း – ဒီကနေ့နဲ့ မနက်ဖြန်မှာတော့ မိုးရွာသွန်းနိုင်ချေ မရှိပါဘူး။ ကျန်နေ့တွေမှာတော့ မိုးအနည်းငယ်ကနေ အသင့်အတင့်ရွာနိုင်ချေ ရှိပါတယ်။
အင်္ဂပူ – ဒီကနေ့မှာ သာယာတဲ့ ရာသီဉတုရှိနေပေမယ့် ကျန်နေ့များမှာ တိမ်ထူထပ်နေနိုင်ပြီး မိုးအနည်းငယ်မှ အသင့်အတင်.ရွာသွန်းနိုင်ချေ ရှိပါတယ်။
ဟင်္သာတ – ဒီကနေ့မှာ သာယာတဲ့ ရာသီဉတုရှိနေပေမယ့် ကျန်နေ့များမှာ တိမ်ထူထပ်နေနိုင်ပြီး မိုးအနည်းငယ်မှ အသင့်အတင် ရွာသွန်းနိုင်ချေ ရှိပါတယ်။ မေ ၂၅ နဲ့ ၂၆ တွေမှာတော့ မိုးများနိုင်ပါတယ်။
မအူပင် – ဒီကနေ့နဲ့ မနက်ဖြန်မှာတော့ မိုးရွာသွန်းနိုင်ချေမရှိပေမယ့် တိမ်ထူထပ်နေပါမယ်။ ကျန်နေ့တွေမှာတော့ မိုးအနည်းငယ်ကနေ အသင့်အတင့်ရွာနိုင်ချေ ရှိပါတယ်။
ဖျာပုံ – ဒီကနေ့မှာ တိမ်ထူထပ်နေပေမယ့် မိုးရွာသွန်းနိုင်ချေတော့ မရှိပါဘူး။ ဒါပေမယ့် ကျန်ရက်တွေမှာတော့ မိုးအသင့်အတင့်ရွာသွန်းနိုင်ချေ ရှိနေပါတယ်။
မြန်အောင် – ဒီရက်သတ္တပတ်လုံး တိမ်ထူထပ်နေမှာဖြစ်ပြီး အချို့ရက်တွေမှာ မိုးအနည်းငယ်ရွာသွန်းနိုင်ချေ ရှိပါတယ်။
ဘိုကလေး – ဒီကနေ့မှာ တိမ်ထူထပ်နေပေမယ့် မိုးရွာသွန်းနိုင်ချေတော့ မရှိပါဘူး။ ဒါပေမယ့် ကျန်ရက်တွေမှာတော့ မိုးအသင့်အတင့်ကနေ မိုးများနိုင်ချေ ရှိနေပါတယ်။
ကန်ကြီးဒေါင့် – ဒီရက်သတ္တပတ်လုံး မိုးရွာသွန်းဖို့ရှိနေပြီး မိုးအနည်းငယ်ကနေ အသင့်အတင့် ရွာသွန်းနိုင်ချေရှိပါတယ်။
ဒေးဒရဲ – ဒီကနေ့နဲ့ မနက်ဖြန်မှာတော့ မိုးရွာသွန်းနိုင်ချေမရှိပေမယ့် တိမ်ထူထပ်နေပါမယ်။ ကျန်နေ့တွေမှာတော့ မိုးအနည်းငယ်ကနေ အသင့်အတင့်ကနေ မိုးများနိုင်ချေရှိပါတယ်။ မေ ၂၅နဲ့ ၂၆ မှာတော့ နေ့ရော ညပါ မိုးရွာနိုင်ပြီး မိုးများနိုင်ပါတယ်။
ကျိုက်လတ် – ဒီကနေ့မှာ တိမ်ထူထပ်နေပေမယ့် မိုးရွာသွန်းနိုင်ချေတော့ မရှိပါဘူး။ ဒါပေမယ့် ကျန်ရက်တွေမှာတော့ မိုးအသင့်အတင့်ကနေ မိုးများနိုင်ချေ ရှိနေပါတယ်။
မော်လမြိုင်ကျွန်း – ဒီကနေ့နဲ့ မနက်ဖြန်မှာတော့ မိုးရွာသွန်းနိုင်ချေမရှိပေမယ့် တိမ်ထူထပ်နေပါမယ်။ ကျန်နေ့တွေမှာတော့ မိုးအနည်းငယ်ကနေ အသင့်အတင့်ကနေ မိုးများနိုင်ချေရှိပါတယ်။
ဝါးခယ်မ – ဒီရက်သတ္တပတ်လုံး မိုးရွာသွန်းဖို့ရှိနေပြီး မိုးအနည်းငယ်ကနေ အသင့်အတင့် ရွာသွန်းနိုင်ချေရှိပါတယ်။
ကျုံပျော် – ဒီကနေ့မှာ မိုးရွာသွန်းဖို့ မရှိပေမယ့် ကျန်နေ့တွေမှာတော့ မိုးရွာသွန်းဖို့ ရှိပါတယ်။ မေ ၂၅ ရက်နေ့မှာတော့ မိုးသည်းထန်နိုင်ချေရှိပြီး နေ့ရောညပါ မိုးကြီးနိုင်ပါတယ်။
ဟိုင်းကြီးကျွန်း – ဒီကနေ့မှာ ရာသီဥတုသာယာနေမှာဖြစ်ပြီး ကျန်ရက်တွေမှာတော့ တိမ်ထူထပ်ကာ မိုးအနည်းငယ်ကနေ အသင့်အတင့် ရွာသွန်းနိုင်ပါတယ်။ မေ ၂၄ ကစလို့ နေ့ရောညပါ မိုးရွာသွန်းနိုင်ချေရှိပါတယ်။
လပွတ္တာ – ဒီကနေ့မှာ ရာသီဥတုသာယာနေမှာဖြစ်ပြီး ကျန်ရက်တွေမှာတော့ တိမ်ထူထပ်ကာ မိုးအနည်းငယ်ကနေ အသင့်အတင့် ရွာသွန်းနိုင်ပါတယ်။
မြောင်းမြ – ဒီရက်သတ္တပတ်လုံး မိုးရွာသွန်းဖို့ရှိနေပြီး မိုးအနည်းငယ်ကနေ အသင့်အတင့် ရွာသွန်းနိုင်ချေရှိပါတယ်။
ဓနုဖြူ – မေလ ၂၅ ရက်နေ့မှာတော့ နေ့ရော ညပါ မိုးသည်းထန်စွာရွာသွန်းနိုင်ချေရှိပြီး မိုးများနိုင်ပေမယ့် ကျန်နေ့တွေမှာတော့ တိမ်ထူထပ်ကာ မိုးအနည်းငယ်သာ ရွာသွန်းနိုင်ချေရှိပါတယ်။
ကျုံတနီး – ဒီကနေ့မှာ ရာသီဥတု သာယာနိုင်ပေမယ့် ကျန်နေ့တွေမှာတော့ မိုးအနည်ငယ်စီ ရွာသွန်းနိုင်ပါတယ်။ မေ ၂၅ ရက်နေ့မှာတော့ နေ့ရော ညပါ မိုးသည်းထန်စွာရှာသွန်းနိုင်ပြီး မိုးများနိုင်ပါတယ်။
ရေကြည် – မေလ ၂၅ ရက်နေ့မှာတော့ နေ့ရော ညပါ မိုးသည်းထန်စွာရွာသွန်းနိုင်ချေရှိပြီး မိုးများနိုင်ပေမယ့် ကျန်နေ့တွေမှာတော့ တိမ်ထူထပ်ကာ မိုးအနည်းငယ်သာ ရွာသွန်းနိုင်ချေရှိနေပါတယ်။
အသုတ် – မေလ ၂၅ ရက်နေ့မှာတော့ နေ့ရော ညပါ မိုးသည်းထန်စွာရွာသွန်းနိုင်ချေရှိပြီး မိုးများနိုင်ပေမယ့် ကျန်နေ့တွေမှာတော့ မိုးအနည်းငယ်သာ ရွာသွန်းနိုင်ချေရှိပါတယ်။
ကျုံမငေး – ဒီနေ့နဲ့ မနက်ဖြန်မှာတော့ တိမ်ထူထပ်နေပေမယ့် မိုးရွာသွန်းနိုင်ချေတော့ မရှိပါဘူး။ ဒါပေမယ့် ကျန်နေ့တွေမှာတော့ မိုးအသင့်အတင့်ကနေ မိုးအသင့်အတင့်ရွာသွန်းနိုင်ပါတယ်။
ကျောင်းကုန်း – ဒီကနေ့မှာ တိမ်ထူထပ်နေပေမယ့် မိုးရွာနိုင်ချေ မရှိပါဘူး။ ကျန်နေ့တွေမှာတော့ မိုးအနည်ငယ်ကနေ အသင့်အတင့် ရွာသွန်းနိုင်ပါတယ်။ မေ ၂၅ ရက်နေ့မှာတော့ နေ့ရော ညပါ မိုးသည်းထန်စွာရှာသွန်းနိုင်ပြီး မိုးများနိုင်ပါတယ်။
ဇလွန် – ဒီကနေ့မှာ ရာသီဥတု သာယာနိုင်ပေမယ့် ကျန်နေ့တွေမှာတော့ မိုးအနည်ငယ်စီ ရွာသွန်းနိုင်ပါတယ်။ မေ ၂၅ ရက်နေ့မှာတော့ နေ့ရော ညပါ မိုးသည်းထန်စွာရှာသွန်းနိုင်ပါတယ်။
ပန်းတနော် – ဒီရက်သတ္တပတ်လုံး မိုးအနည်းငယ်ကနေ အသင့်အတင့်ရွာသွန်းနိုင်ပါတယ်။
အိမ်မဲ -ဒီကနေ့မှာ တိမ်ထူထပ်နေပေမယ့် မိုးရွာနိုင်ချေ မရှိပါဘူး။ ကျန်နေ့တွေမှာတော့ မိုးအနည်ငယ်ကနေ အသင့်အတင့် ရွာသွန်းနိုင်ပါတယ်။ မေ ၂၅ ရက်နေ့မှာတော့ နေ့ရော ညပါ မိုးရွာသွန်းနိုင်ပါတယ်။
ငသိုင်းချောင်း – မေလ ၂၅ ရက်နေ့မှာတော့ နေ့ရော ညပါ မိုးသည်းထန်စွာရွာသွန်းနိုင်ချေရှိပြီး မိုးများနိုင်ပေမယ့် ကျန်နေ့တွေမှာတော့ အမျိားအားဖြင့် တိမ်ထူထပ်နိုင်ပြီး မိုးအနည်းငယ်သာ ရွာသွန်းနိုင်ချေရှိပါတယ်။
လေးမျက်နှာ – ဒီရက်သတ္တပတ် တခုလုံး မိုးအနည်းငယ်ကနေ အသင့်အတင့် ရွာသွန်းနိုင်ပါတယ်။
ဆားမလောက် – မေလ ၂၅ ရက်နေ့မှာတော့ နေ့ရော ညပါ မိုးသည်းထန်စွာရွာသွန်းနိုင်ချေရှိပြီး မိုးများနိုင်ပေမယ့် ကျန်နေ့တွေမှာတော့ အမျိားအားဖြင့် တိမ်ထူထပ်နိုင်ပြီး မိုးအနည်းငယ်သာ ရွာသွန်းနိုင်ချေရှိပါတယ်။
ပြင်စလူ – ဒီကနေ့ရာသီဥတုသာယာနိုင်ပေမယ့် မနက်ဖြန်ကစလို့ တိမ်ထူထပ်ကာ မိုးအနည်းငယ်ကနေ အသင့်အတင့်ရွာသွန်းနိုင်ပါတဘ်။ မေ ၂၅ မှာတော့ နေ့ရော ညပါ မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီးမိုးများနိုင်ပါတယ်။
ချောင်းသာ – ဒီရက်သတ္တပတ် တခုလုံး မိုးအနည်းငယ်ကနေ အသင့်အတင့် ရွာသွန်းနိုင်ပါတယ်။
ငွေဆောင် – ဒီကနေ့နဲ့ မနက်ဖြန်မှာ တိမ်ထူတပ်နေနိုင်ပေမယ့် မိုးရွာသွန်းနိုင်ချေ မရှိသေးပါဘူး။ ဒါပေမယ့် ကျန်နေ့တွေမှာတော့ မိုးအသင့်အတင့်ကနေ မိုးများနိုင်ချေရှိနေပါတယ်။
ငရုတ်ကောင်း – ဒီကနေ့မှာ မိုးရွာသွန်းနိုင်ချေ မရှိပေမယ့် ကျန်နေ့တွေမှာတော့ မိုးအသင့်အတင့်ကနေ မိုးများနိုင်ပါတယ်။
သာပေါင်း – ဒီရက်သတ္တပတ် တခုလုံး မိုးအနည်းငယ်ကနေ အသင့်အတင့် ရွာသွန်းနိုင်ပါတယ်။
ဒေါ်ငြိမ်းရွာ – ဒီကနေ့ကနေ မေလ ၂၂ ရက်ထိ မိုးရွာသွန်းနိုင်ချေ မရှိသေးပါဘူး။ မေ ၂၅ နဲ့ ၂၆ မှာတော့ နေ့ရောညပါ မိုးကြီးနိုင်ပါတယ်။
ငပုတော – ဒီရက်သတ္တပတ် တခုလုံး မိုးအနည်းငယ်ကနေ အသင့်အတင့် ရွာသွန်းနိုင်ပါတယ်။