ဖုန်းခေါ်ဆိုမှုအတွင်း အမေရိကန်ပါအဝင် ဥရောပနိုင်ငံတွေ တောင်းဆိုထားတဲ့ ရက်ပေါင်း ၃၀ ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေးကိစ္စကိုလည်း ရုရှားသမ္မတ ပူတင်ဘက်က ညွှန်းဆိုပြောဆိုတာတွေ မရှိခဲ့ဘူးလို့ သိရပါတယ်။
၂၀၊ မေလ
ရုရှားနဲ့ ယူကရိန်းတို့ အပစ်အခတ်ရပ်စဲရေးနဲ့ စစ်ပွဲအဆုံးသတ်ရေးအတွက် ညှိနှိုင်းမှုတွေ ချက်ချင်းစတင်မှာဖြစ်တယ်လို့ အမေရိကန် သမ္မတ ထရမ့်က ရုရှားသမ္မတ ပူတင်နဲ့ ဒီကနေ့ နှစ်နာရီကြာ ဖုန်းခေါ် ဆွေးနွေးမှု အပြီး ပြောကြားခဲ့ပါတယ်။
အမေရိကန်သမ္မတ ထရမ့်ဟာ ရုရှားသမ္မတ ပူတင်နဲ့ ဖုန်းပြောဆို ဆွေးနွေးမှုအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အကောင်းမြင်တဲ့ ရလဒ်တွေ ရှိခဲ့တယ်လို့ မှတ်ချက်ပြုထားပြီး သက်ဆိုင်တဲ့ နှစ်နိုင်ငံအကြားမှာလည်း ညှိနှိုင်းမှုတွေလည်း လုပ်ဖို့ လိုအပ်တယ်လို့ အသိပေးထားပါတယ်။
ယူကရိန်းသမ္မ ဇေလန်စကီးနဲ့လည်း ဖုန်းပြောခဲ့တဲ့ ထရမ့်ဟာ အခုလို အကောင်းမြင်မှတ်ချက်ပြုခဲ့ပေမယ့် ဘယ်လိုအပစ်အခတ်ရပ်စဲရေး ဒါမှမဟုတ် ငြိမ်းချမ်းရေးဆွေးနွေးမှုမှ နီးစပ်ပုံ မရပါဘူး။
ဖုန်းခေါ်ဆိုမှုအတွင်း အမေရိကန်ပါအဝင် ဥရောပနိုင်ငံတွေ တောင်းဆိုထားတဲ့ ရက်ပေါင်း ၃၀ ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေးကိစ္စကိုလည်း ရုရှားသမ္မတ ပူတင်ဘက်က ညွှန်းဆိုပြောဆိုတာတွေ မရှိခဲ့ဘူးလို့ သိရပါတယ်။
ယူကရိန်းကတော့ ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲမယ်ဆိုတဲ့ ဆန္ဒကို ထပ်လောင်းအတည်ပြုထားပြီး ရုရှားအနေနဲ့ ဒါကို အဆင်သင့်မဖြစ်ခဲ့ရင် ပိုမိုပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှုတွေပြုလုပ်ဖို့ တောင်းဆိုထားပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကတော့ သူ့ရဲ့ Truth ဆိုရှယ်မီဒီယာမှာ “ရုရှားနဲ့ ယူကရိန်းဟာ အပစ်အခတ်ရပ်စဲဖို့အပြင် ပိုပြီးအရေးကြီးတဲ့ စစ်ပွဲကြီး အပြီးသတ် ရပ်တန့်သွားဖို့ ဆွေးနွေးမှုတွေ ချက်ချင်းစတင်မယ်”လို့ ရေးသားဖော်ပြခဲ့တာပါ။
ရုရှား-ယူကရိန်း စစ်ပွဲအတွင်း အမေရိကန်ကြားဝင်ညှိနှိုင်းမှုတွေဟာ အထမမြောက်သလို စစ်ပွဲရပ်တန့်ဖို့ အခြေအနေဟာလည်း တိုးတက်မှုမရှိတာကြောင့် ဒီကိစ္ကနေ အမေရိကန် နောက်ဆုတ်သွားမယ်လို့ အစောပိုင်းက သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ သမ္မတထရမ့်ကတော့ ငြင်းဆိုခဲ့ပါတယ်။
Ref – BBC