လေးမျက်နှာမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက် လုပ်နေသလို နယ်မြေရှင်းလင်းရေးလုပ်မယ်လို့ သတင်းတွေထွက်ပေါ်

“ရွာခံတွေကို ပြေးခိုင်းနေတယ်ဆိုတာက ကြားတော့ကြားတယ်။ အရပ်သတင်းလိုဖြစ်နေတာ။ ပြေးရ အောင်လည်း ရွာတွေမှာ လူတွေကမရှိသလောက်ပဲ” လို့ ဒေသခံကပြောပါတယ်။

၁၉ ၊ မေ လ။

ဧရာဝတီတိုင်း ၊ လေးမျက်နှာမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာတွေကို စစ်တပ်က မေလ ၁၉ ရက်နေ့ မနက်မှာ Y 12 လေယာဉ်အသုံးပြုပြီး လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

“ဗုံးအလုံးရေ ၃၀ ကျော်ကြဲတယ်။ တစ်ခါချရင် ဗုံးသီး ၃ လုံးနဲ့ ၅ လုံးကြားချတာ” လို့ သူက ပြောပါတယ်။ လေးမျက်နှာမြို့နယ် ပုသိမ် – မုံရွာ ကားလမ်းအနီးက ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းတိုက် ခိုက်မှု ပြုလုပ်ခဲ့တာပါ။

“ရွာတွေကို ကြဲတာ။ နေရာအစုံပဲ။ စက်စက်ယိုနားကရွာတွေ။ နံနက် ၆ နာရီ ၁၄ မိနစ်မှာ စကြဲတာ” လို့ ဒေသခံကပြောပါတယ်။ လေကြောင်းတိုက်ခိုက်ခံရတဲ့ ကျေးရွာတွေမှာ ဆက်သွယ်ရေးကွန်ရက်တွေ ပျက်တောက်နေတဲ့အပြင် ဒေသခံအားလုံးနီးပါးလည်း ဘေးလွတ်ရာ ရှောင်တိန်းနေကြရပါတယ်။

စစ်တပ်က မေလဒုတိယအပတ်ထဲမှာ လေးမျက်နှာမြို့နယ်နဲ့ ထိစပ်နေတဲ့ ရေကြည်မြို့နယ် အနောက်ဘက်တကြောကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပါသေးတယ်။ လက်ရှိ အချိန်မှာ လေးမျက်နှာမြို့နယ် ၊ ပန်းတောကြီးကျေးရွာအနီးအနားက ရွာတွေကို စစ်ကောင်စီ က မေလ ၂၀ ရက်နေ့ နောက်ဆုံးထား ရွေ့ပြောင်းခိုင်းနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

“ရွာခံတွေကို ပြေးခိုင်းနေတယ်ဆိုတာက ကြားတော့ကြားတယ်။ အရပ်သတင်းလိုဖြစ်နေတာ။ ပြေးရ အောင်လဲ ရွာတွေမှာ လူတွေကမရှိသလောက်ပဲ” လို့ ဒေသခံကပြောပါတယ်။ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှာ ဖြစ်တဲ့အတွက် စစ်ကောင်စီက ဒေသခံတွေကို ပြောင်းရွှေ့ခိုင်းတာလို့ လေးမျက်နှာမြို့ နယ်ထဲမှာ သတင်းတွေထွက်ပေါ်နေတာပါ။

ဧရာဝတီတိုင်းအတွင်းမှာ စစ်ကောင်စီလက်ချက်နဲ့ နှစ်ပတ်အတွင်း အရပ်သား ၉ ဦးသေဆုံးပြီး ၈ ဦးဒဏ် ရာရှိကာ အိမ်ခြေ ၁၀၀ ကျော်ပျက်စီးခဲ့တယ်လို့ တိုင်းစစ်ဌာန (ဧရာဝတီ) အမှတ် ၂၉ ဗျူဟာ နဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (PLF) က ပူးတွဲထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်မှာတော့ လေးမျက်နှာမြို့နယ် ၊ ပန်းတောကြီးကျေးရွာနဲ့ စက်စက်ယိုကျေးရွာဟာ စစ် ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးဒဏ်နဲ့ လေကြောင်းတိုက်ခိုက်မှုဒဏ်ကြောင့် မီးလောင်ပျက် စီးသွားခဲ့ပြီလို့ ဒေသခံတွေက ပြောပါတယ်။