ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက စစ်အုပ်ချုပ်ရေး ကြေညာခဲ့လို့ သမ္မတရာထူးကနေ ဖြုတ်ချခံခဲ့ရတဲ့ ယွန်ဆွတ်ယိုးလ်ဟာ ပါတီကို မဲဆန္ဒရှင်တွေ ထောက်ခံမှု ပိုမို ရရှိစေဖို့နဲ့ ပါတီက ထွက်ခွာဖို့ တောင်းဆိုနေကြတဲ့ အပေါ် အခုလို ဆုံးဖြတ်ချက်ချခဲ့တာလည်း ဖြစ်ပါတယ်။
၁၇၊ မေ
တောင်ကိုရီးယားသမ္မတဟောင်း ယွန်ဆွတ်ယိုးလ်ဟာ ကွန်ဆာဗေးတစ် ပြည်သူ့အာဏာပါတီ People Power Party (PPP) ကနေ နုတ်ထွက်တော့မှာဖြစ်တယ်လို့ ဒီကနေ့ မေလ ၁၇ ရက်မှာ သူ့ရဲ့ Facebook လူမှုကွန်ရက်အကောင့်ကနေ အသိပေးလိုက်ပါတယ်
ပြည်သူ့အာဏာပါတီအတွက် ကိုယ်စားလှယ်လောင်း ကင် ကိုလည်း ထောက်ခံအားပေးဖို့ တဆက်စပ်တည်းမှာပဲ သူက တောင်းဆိုထားပါတယ်။
လက်ရှိမှာ ဇွန်လ ၃ ရက်နေ့ ရွေးကောက်ပွဲမတိုင်ခင် စစ်တမ်းတွေအရ People Power Party (PPP) ပြည်သူ့ အာဏာပါတီက ကိုယ်စားလှယ်လောင်း ကင် ဟာ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်း လီဂျေးမြောင်ထက် လူကြိုက်နည်းနေချိန် အခုလို ကြေညာချက် ထွက်ပေါ်လာခဲ့တာပါ။
မေလ ၁၆ရက်နေ့က ထုတ်ပြန်တဲ့ Gallup Korea စစ်တမ်းအရ ကင်မွန်ဆိုးဟာ မဲ ၂၉ ရာခိုင်နှုန်းထောက်ခံမှုရှိပြီး ပြိုင်ဘက် လီဂျေးမြောင်ကတော့ မဲ ၅၁ ရာခိုင်နှုန်းအထိ ရှိနေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက စစ်အုပ်ချုပ်ရေး ကြေညာခဲ့လို့ သမ္မတရာထူးကနေ ဖြုတ်ချခံခဲ့ရတဲ့ ယွန်ဆွတ်ယိုးလ်ဟာ ပါတီကို မဲဆန္ဒရှင်တွေ ထောက်ခံမှု ပိုမို ရရှိစေဖို့နဲ့ ပါတီက ထွက်ခွာဖို့ တောင်းဆိုနေကြတဲ့ အပေါ် အခုလို ဆုံးဖြတ်ချက်ချခဲ့တာလည်းဖြစ်ပါတယ်။
“လွတ်လပ်တဲ့ ကိုရီးယားသမ္မတနိုင်ငံကို ကာကွယ်ဖို့နဲ့ တာဝန်ယူမှုအပြည့်နဲ့ တာဝန်ထမ်းဆောင်ဖို့ ပြည်သူ့အာဏာပါတီကနေ ထွက်ခွာပါမယ် ကျေးဇူးပြုပြီး ကင်မွန်ဆိုးကို မဲပေးကြပါ”လို့ ယွန်ဆွတ်ယိုးလ်က ပြောပါတယ်။
ကိုယ်စားလှယ် လီဂျေးမြောင်နဲ့ ကင်မွန်ဆိုးတို့ဟာ မေလ ၁၈ရက်နေ့မှာ ပထမဆုံးတွေ့ဆုံမှုအနေနဲ့ ရုပ်မြင်သံကြားကနေ စကားစစ်ထိုးကြမှာ ဖြစ်ပါတယ်။
Ref – Reuters