အိုးတိန်ကွင်းရွာ ထိခိုက်မှုဖြစ်စဉ်က ChatGPT ဖော်ပြမှုအရ လက်လုပ်မှိုင်းသာဖြစ်လို့ ဝါဒဖြန့်

အိုးတိန်ကွင်းရွာ ထိခိုက်မှုဖြစ်စဉ်က ChatGPT ဖော်ပြမှုအရ လက်လုပ်မှိုင်းသာဖြစ်လို့ ဝါဒဖြန့်

 

၂၀၂၅ခုနှစ်၊ မေလ၊ ၁၄ ရက်။

(Fact Check) DNA/ MPA/ The Red Flag

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာရဲ့ ထိခိုက်ဒဏ်ရာရ ဓါတ်ပုံတွေကို ChatGPTနဲ့ စစ်ဆေးကြည့်တဲ့အခါမှာ လက်လုပ်မိုင်းကြောင့်သာဖြစ်တယ်လို့ ChatGPTက ပြန်လည်ဖြေကြားခဲ့တယ်လို့ စစ်ကောင်စီလော်ဘီချန်နယ်တွေမှာ ဖြန့်ဝေနေပါတယ်။

 

အဲ့ဒီလိုမေးမြန်းမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီလော်ဘီချန်နယ်တခုဖြစ်တဲ့ KO CHIT (MDY) ဆိုတဲ့ ချန်နယ်ကနေစတင်ဖြန့်ဝေထားတာဖြစ်ပြီး ပျံ့နှံ့မှုလည်းအားကောင်းနေတာပါ။

 

သတင်းမှားလင့် – https://archive.ph/gGqxW 

 

ပျံ့နှံ့နေတဲ့သတင်းနဲ့ပတ်သက်ပြီး MFCN အဖွဲ့ဝင်တွေဖြစ်တဲ့ DNA Fact Check အဖွဲ့နဲ့ MPA Fact Check အဖွဲ့တို့ကနေ ပူးပေါင်းစစ်ဆေးတဲ့အခါမှာ သေဆုံးပြီးကျောင်းသူ၊ ကျောင်းသားတွေကို စုစည်းလှဲလျောင်းထားပြီး ဆောင်တွေနဲ့အဝတ်တွေ အပေါ်မှာထပ်ထားတဲ့ပုံတပုံကိုသာ သုံးပြီးလှည့်ဖျားမေးမြန်းထားတာကိုတွေ့ရပြီး သတင်းမှားဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။ 

 

သတင်းစိစစ်ချက်

 

MFCN အဖွဲ့သားတွေကနေ “လက်လုပ်မိုင်းပေါက်ကွဲတာကြောင့် လူအယောက် ၂၄ယောက်ခြေလက်အင်္ဂါပြတ်တောက် သေဆုံးနိုင်သလား၊ Clusterဗုံးအမျိုးစားထဲက တခုကြောင့် ဖြစ်သလား”ဆိုတာကို ခြေလက်အင်္ဂါပြတ်ထွက်နေတဲ့ ကျောင်းသူ၊ကျောင်းသားဓါတ်ပုံ၊ စာသင်ကျောင်းပျက်စီးသွားတဲ့ဓါတ်ပုံတွေကို ထည့်သွင်းပြီး မေးမြန်းခဲ့ပါတယ်။

 

ChatGPT Ai အနေနဲ့လည်း “ပျံ့နှံ့တဲ့ဒဏ်ရာ၊ ကျောင်းတစ်ခုလုံးအထိထိခိုက်မှုက လက်လုပ်မိုင်းနဲ့ မကိုက်ညီပါဘူး။”လို ပြန်လည်ဖြေကြားခဲ့သလို “သင်ဖော်ပြထားသည့်အချက်များအရ (ကလေး ၂၂ ဦး၊ ဆရာမ ၂ ဦး သေဆုံးခြင်း၊ ခြေလက်ပြတ်ခြင်း စသည်ဖြင့်)၊ ဒီဟာဟာ လေကြောင်းတိုက်ခိုက်မှု (Airstrike) သို့မဟုတ် အမြင့်မှပေါက်ကွဲသော ဗုံး/cluster bomb အသုံးပြုမှု ဖြစ်နေရမယ်လို့ ခန့်မှန်းနိုင်ပါတယ်” လို့လည်းပြောဆိုခဲ့ပါသေးတယ်။

 

အသေးစိတ်ကိုအောက်ကပုံတွင်ကြည့်ပါ။

စစ်ကောင်စီလေတပ်က၊ ဂျက်လေယာဥ်တစီးက အဲ့ဒီနေ့ မေလ၁၂ရက် မနက်၉နာရီ၁၅မိနစ်အချိန်မှာ မိထ္ထီလာ၊ ရှမ်းတဲလေတပ်ကနေ ထွက်ခွာခဲ့ပြီး ၉နာရီ ၃၆မိနစ်မှာပဲ ဒီပဲယင်းမြို့ပေါ်ပျံဝဲနေခဲ့တာဖြစ်ပြီး ၉နာရီ ၄၀မိနစ်မှာပဲ လေကြောင်းကတဆင့်တိုက်ခိုက်ခဲ့တာဖြစ်တယ်ဆိုတာကို MFCNရဲ့ “အိုးတိန်တွင်းရွာ လေကြောင်းတိုက်ခိုက်မှုဝိဝါဒရှင်းတမ်း” အချက်အလက်စစ်ဆေး ဆောင်းပါးမှာ ဖော်ပြခဲ့ပြီးသားပါ။

 

ဒါ့အပြင်လေကြောင်းတိုက်ခိုက်မှုကြောင့်သာ ထိခိုက်ခဲ့တာဖြစ်တယ်ဆိုတဲ့အကြောင်းကိုလည်း BBC မြန်မာပိုင်းကလည်း “အိုတိန်းတွင်းရွာလေကြောင်းတိုက်ခိုက်မှုကို ဆန်းစစ်ခြင်း” ဆောင်းပါးမှာလည်း ရေးသားဖော်ပြထားပါတယ်။

 

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကို စောင့်ကြည့်လေ့လာပြီး တည်နေရာတွေနဲ့ ထိခိုက်ပျက်စီးမှုကို သက်သေခံအဖြစ် စုဆောင်းနေတဲ့အဖွဲ့စည်းတခုဖြစ်တဲ့ Myanmar Wittness ကနေလည်း အိုးတိန်တွင်းရွာလေကြောင်းတိုက်ခိုက်မှုကို မှတ်တမ်းတင်ခဲ့ပါသေးတယ်။

 

လက်လုပ်မိုင်းပေါက်ကွဲခဲ့တာကြောင့် ကျောင်းသူကျောင်းသားတွေသေဆုံးခဲ့ရတယ်ဆိုတဲ့ဖော်ပြချက်က သတင်းအမှားသာဖြစ်ကြောင်း MFCN ကနေလည်း ပြီးခဲ့တဲ့ မေလ၊ ၁၂ရက်နေ့က အချက်လက်စစ်ဆေးခဲ့ပါသေးတယ်။

 

သုံးသပ်ချက်

 

စစ်ကောင်စီအနေနဲ့ အရပ်သားပစ်မှတ်တွေကို ထိခိုက်စေတဲ့သက်သေတွေကို ဖုံးကွယ်ဖို့အတွက် နည်းမျိုးစုံနဲ့ ကြိုးပမ်းလုပ်ဆောင်နေကြတာကိုတွေ့ရပါတယ်။

 

ဒါပေမယ့် စစ်ကောင်စီလောက်အောက်ခံမီဒီယာတွေနဲ့ လော်ဘီချန်နယ်တွေကတော့ အချက်လက်အစစ်မှန်တွေကိုတော့ဖုံးကွယ်လို့ မရခဲ့ပါဘူး။ 

 

အိုးတိန်တွင်းကျေးရွာရဲ့ ထိခိုက်ဒဏ်ရာရ ဓါတ်ပုံတွေကို ChatGPTနဲ့ စစ်ဆေးကြည့်တဲ့အခါမှာ လက်လုပ်မိုင်းကြောင့်သာဖြစ်တယ်ဆိုတဲ့အကြောင်းအရာက ပုံဖျက်ဖော်ပြထားတဲ့ အကြောင်းအရာမှားသာဖြစ်ပြီး သတင်းမှားဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။ 

 

ဒါကြောင့် ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

 

 စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check  နဲ့ MPA FactCheck အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

Web – https://myanmarfactcheckingnetwork.org/   

 

Fb – https://www.facebook.com/myanmarfactcheckingnetwork 

#DNAFactCheck #DNA #MFCN