“ ဘယ်တုန်းကထောက်ပံ့တာလည်း ဘာမှမရဖူးဘူး။ ရတာဆိုလို့ ဒုက္ခပဲရှိတယ်”လို့ လေးမျက်နှာမြို့နယ် ၊ ငဝန်မြစ်အရှေ့ဘက်ခြမ်းက ကျေးရွာတစ်ခုမှာ စစ်ဘေးရှောင်နေသူတဦးက ပြောပါတယ်။
၁၄၊မေ
စစ်ကောင်စီ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်က စစ်ရှောင်တွေကို တလ ၂ သောင်းကျပ်ထောက်ပံ့နေတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပေမယ့်လည်း ရေကြည်မြို့နယ်နဲ့ လေးမျက်နှာ မြို့နယ်ထဲက စစ်ရှောင်တွေက သူတို့အနေနဲ့ ဒီသတင်းကို မသိရှိဘူးလို့ တုန့်ပြန်ခဲ့ပါတယ်။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် တင်မောင်ဝင်းဟာ မေလ ၁၃ ရက်နေ့က လေးမျက်နှာမြို့ ၊ မြို့နယ် အားကစားကွင်းမှာ စစ်ရှောင်တွေကို တလ ကျပ် ၂ သောင်းနှုန်းနဲ့ နှစ်လစာ ၄ သောင်းကျပ်ထောက်ပံ့ ပေးသွားမယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
!!!ဘယ်တုန်းကထောက်ပံ့တာလည်း ဘာမှမရဖူးဘူး။ ရတာဆိုလို့ ဒုက္ခပဲရှိတယ် !!!လို့ လေးမျက်နှာမြို့နယ် ၊ ငဝန်မြစ်အရှေ့ဘက်ခြမ်းက ကျေးရွာတစ်ခုမှာ စစ်ဘေးရှောင်နေသူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီက ထောက်မယ်ဆိုတဲ့ တလ ၂ သောင်းကျပ်ဆိုတာကလည်း ရယ်စရာပမာဏာတစ်ခုဖြစ်နေ တယ်လို့ သူကဆက်ပြောပါတယ်။
ပုသိမ် – မုံရွာကားလမ်းဘေးက အရှေ့ဘက်ငဝန်မြစ်ကမ်းရောက်တဲ့အထိ မိသားစုတစ်စုရဲ့ သွားလာစား ရိတ်ဟာ သိန်းဂဏန်းအထိကုန်ကျနေတဲ့အပြင် နေ့စဉ်စားသောက်စားရိတ်နဲ့ ဆေးဖိုးဝါးခတွေရဲ့ကုန်ကျ စားရိတ်တွေကို တည်နေရာအသစ်မှာ စစ်ရှောင်တွေအနေနဲ့ အသုံးပြုနေရပါတယ်။
!!အမျိုးရှိလို့နေနိုင်တာ။ အမျိုးမရှိ ၊ ပိုက်ဆံမရှိတဲ့လူတွေ မြို့ပေါ်လာနေဖို့က အိမ်ငှားခနဲ့ ပိုက်ဆံအရမ်းရှိ နေမှ ၊ ပိုက်ဆံမရှိလို့ စစ်မရှောင်တဲ့လူတွေလည်း ရွာတိုင်းမှာရှိတယ်!!! လို့ ငသိုင်းချောင်းမြို့ပေါ်မှာရှိတဲ့ စစ်ဘေးရှောင်တစ်ဦးကပြောပါတယ်။
စစ်ကောင်စီက ကူညီတဲ့အကူအညီကို စစ်ရှောင်တစ်ဦးအနေနဲ့ မရရှိဘူးတဲ့အပြင် ဧည့်စာရင်းရရှိရေးနဲ့ ရပ်ရွာကကြည်ဖြူရေးအတွက် အုပ်ချုပ်ရေးမှူးကိုတောင်လာဘ်ထိုးထားရတယ်လို့ သူကဆက်ပြောပါ တယ်။ ဒါပေမယ့်လည်း ပမာဏဘယ်လောက် လာဘ်ထိုးထားရတယ်ဆိုတာတော့ စစ်ရှောင်ဖြစ်သူက မပြောပါဘူး။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ကတော့ သူ့အနေနဲ့ စစ်ရှောင်တွေကို ထောက်ပံ့ငွေပေးအပ်ကြောင်း မှတ်တမ်းဓာတ်ပုံတွေကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီဓာတ်ပုံတွေထဲမှာတော့ အရပ်သားပြည်သူအနည်းငယ် သာမြင်တွေ့ရပြီးတော့ စစ်ကောင်စီနောက်လိုက်နောက်ပါတွေဖြစ်တဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကိုသာ အများဆုံးတွေ့မြင်ရပါတယ်။