၂၉၊ဧပြီ။
မိုးရွာသွန်းနိုင်ခြေတွေဟာ မေလ ၃ ရက်နေ့ထိဖြစ်နိုင်ပြီး မိုးရွာသွန်းနေစဉ် နေ့အပူချိန်တွေ ကျဆင်းနိုင်ပေမယ့် မိုးရပ်သွားချိန်မှာ အပူချိန်တွေ ရုတ်တ ရက်ပြန်မြင့်တက်လာနိုင်ပါတယ်။
မိုးထစ်ချုန်းမှုတွေလည်း ခပ်စိတ်စိတ်ရှိနိုင်ပြီး ထစ် ချုန်းမှုနဲ့အတူ အန္တရာယ်မရှိတဲ့ လေပြင်းတိုက်ခတ် မှုတွေလည်း ပါလာနိုင်ပါတယ်။
ဒါကြောင့် မိုးစပါးစိုက်ဖို့အတွက် ပြင်ဆင်နေကြသူတွေအနေနဲ့ လိုအပ်သလို ဆောင်ရွက်နိုင်ကြဖို့နဲ့ ပူလိုက် အေးလိုက် ဖြစ်စဉ်မှာ ကွမ်းစိုက်တောင်သူတွေအပါအဝင် ငါးမွေးမြူရေး၊ ဆားထုတ်လုပ်ငန်းရှင်တွေအနေနဲ့ အထူးဂရုပြုကြဖို့လိုတယ်လို့ စိုက်ပျိုးမွေးမြူရေး ပညာရှင်တွေက တိုက်တွန်းအကြံပြုထားပါတယ်။
ဧပြီ ၂၉ ရက်ကနေ မေ ၅ ရက်အထိ ရက်သတ္တပတ် စာဒေသအလိုက် မိုးလေဝသ ခန့်မှန်းချက်
ပုသိမ် – ဒီကနေ့ ဧပြီ ၂၉ ရက်နေ့မှာ မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး မနက်ဖြန် ဧပြီ ၃၀ မှာတော့ မိုးသည်းထန်စွာရွာသွန်းနိုင်ပါတယ်။ မိုးရွာသွန်းမှုဟာ မေလ ၃ ရက်နေ့ထိ ဆက်တိုက်ရှိနေမှာဖြစ်ပြီး မေလ ၄ ရက်နဲ့ ၅ ရက်မှာတော့ တိမ်အသင့်အတင့်နဲ့ နေသာနိုင်ခြေရှိပါတယ်။
ညောင်တုန်း – ဒီကနေ့ ဧပြီ ၂၉ ရက်နေ့မှာ မိုးထစ် ချုန်းရွာသွန်းနိုင်ပြီး မနက်ဖြန် ဧပြီ ၃၀ နဲ့ မေလ ၁ ရက်နေ့မှာတော့ မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး မိုးများနိုင်ပါတယ်။ မိုးရွာသွန်းမှုဟာ မေလ ၂ ရက်နေ့မှာတော့ ရပ်တန့်သွားနိုင်ပြီး မိုးထစ်ချုန်းမှုတွေ ရှိနိုင်ပါတယ်။ မေလ ၄ ရက်နဲ့ ၅ ရက်မှာတော့ တိမ်အသင့်အတင့်နဲ့ နေသာနိုင်ခြရှိပါတယ်။
အင်္ဂပူ – ဒီကနေ့ ဧပြီ ၂၉ ရက်နေ့မှာ မိုးထစ်ချုန်းမှုတွေ ရှိနေမှာဖြစ်ပြီး မနက်ဖြန် ဧပြီ ၃၀နဲ့ မေလ ၁ ရက်နေ့မှာတော့ မိုးအနည်းငယ် ထစ်ချုန်းရွာသွန်းနိုင်ပါတယ်။ မိုးရွာသွန်းမှုဟာ မေလ ၂ ရက်နေ့ကစလို့ ၅ ရက်နေ့အထိ တိမ်အသင့်အတင့်နဲ့ နေသာနိုင်ခြေရှိပါတယ်။
ဟင်္သာတ – ဒီကနေ့ ဧပြီ ၂၉ ရက်နေ့မှာ မိုးထစ်ချုန်းမှုတွေ ရှိနေမှာဖြစ်ပြီး မနက်ဖြန် ဧပြီ ၃၀နဲ့ မေလ ၁ ရက်နေ့မှာတော့ မိုးအနည်းငယ် ထစ်ချုန်းရွာသွန်းနိုင်ပါတယ်။ မိုးရွာသွန်းမှုဟာ မေလ ၂ ရက်နေ့ကစလို့ ၅ ရက်နေ့အထိ မိုးထစ်ချုန်းမှုအနည်းငယ်၊ တိမ်အသင့်အတင့်နဲ့ နေသာနိုင်ခြေရှိပါတယ်။
မအူပင် – ဒီကနေ့ ဧပြီ ၂၉ ရက်နေ့မှာ မိုးထစ်ချုန်းမှုတွေ ရှိနေမှာဖြစ်ပြီး မနက်ဖြန် ဧပြီ ၃၀မိုး အနည်း ငယ် ရွာသွန်းနိုင်ပြီး မေလ ၁ ရက်နေ့မှာတော့ မိုးသည်းထန်စွာရွာသွန်းနိုင်ပါတယ်။ မေလ ၂ ရက်နေ့မှာလည်း မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ပြီး မေလ ၃ ရက် ၅ ရက်နေ့အထိ တိမ်အသင့်အတင့်နဲ့ နေသာနိုင်ခြေရှိပါတယ်။
ဖျာပုံ – ဒီကနေ့ ဧပြီ ၂၉ ရက်နေ့မှာ မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး မနက်ဖြန် ဧပြီ ၃၀နဲ့ မေလ ၁ရက်နေ့တွေ မှာတော့ မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး မိုးများနိုင်ပါတယ်။ မိုးရွာသွန်းမှုဟာ မေလ ၂ ရက်နေ့ထိ ဆက်တိုက်ရှိနေမှာဖြစ်ပြီး မေလ ၃ ရက်ကနေ ၅ ရက်မှနေ့ထိကတော့ မိုးထစ်ချုန်းမှု အနည်းငယ်၊ တိမ်အသင့်အတင့်နဲ့ နေသာနိုင်ခြေရှိပါတယ်။
မြန်အောင် – ဒီကနေ့ ဧပြီ ၂၉ ရက်နေ့မှာ မိုးထစ် ချုန်းမှုတွေ ရှိနေမှာဖြစ်ပြီး မနက်ဖြန် ဧပြီ ၃၀ ကနေ မေလ ၂ ရက်နေ့ထိ မိုးအနည်းငယ် ထစ်ချုန်းရွာ သွန်းနိုင်ပါတယ်။ မေလ ၃ ရက်နေ့မှာတော့ တိမ်အသင့်အတင့်နဲ့ နေသာနိုင်ပါတယ်။
ဘိုကလေး – ဒီကနေ့ ဧပြီ ၂၉ ရက်နေ့မှာ မိုးထစ်ချုန်းမှုတွေ ရှိနေပြီး မနက်ဖြန် ဧပြီ ၃၀နဲ့ မေလ ၂ ရက်နေ့ ထိ မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး မိုးများနိုင်ပါတယ်။ မေလ ၃ ရက်ကနေ ၅ ရက်မှနေ့ထိကတော့ မိုးထစ်ချုန်းမှု အနည်းငယ်၊ တိမ်အသင့်အတင့်နဲ့ နေသာနိုင်ပါတယ်။
ကန်ကြီးဒေါင့် – ဒီကနေ့ ဧပြီ ၂၉ ရက်နေ့မှာ မိုးထစ်ချုန်းမှုတွေ ရှိနေပြီး မနက်ဖြန် ဧပြီ ၃၀ ရက်နေ့မှာတော့ မိုးသည်းထန်စွာရွာသွန်းနိုင်ပါတယ်။ မေလ ၁ ရက်နဲ့ ၂ ရက်နေ့တွေမှာ မိုးအနည်းငယ် ရွာသွန်းနိုင်ပါတယ်။ မေလ ၃ ရက်ကနေ ၅ ရက်မှနေ့ထိကတော့ မိုးထစ်ချုန်းမှု အနည်းငယ်၊ တိမ်အသင့်အတင့်နဲ့ နေသာနိုင်ပါတယ်။
ဒေးဒရဲ – ဒီကနေ့ ဧပြီ ၂၉ ရက်နေ့မှာ မိုးထစ်ချုန်းမှုတွေ ရှိနေပြီး မနက်ဖြန် ဧပြီ ၃၀နဲ့ မေလ ၁ ရက်နေ့ တွေမှာ မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး မိုးများနိုင်ပါတယ်။ မေလ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ မိုးအနည်းငယ် ရွာသွန်းနိုင်ပြီး ကျန်နေ့တွေမှာတော့ မိုးထစ်ချုန်းမှု အနည်းငယ်၊ တိမ်အသင့်အတင့်နဲ့ နေသာနိုင်ခြေရှိပါတယ်။
ကျိုတ်လတ် – ဒီကနေ့ ဧပြီ ၂၉ ရက်နေ့ကနေ မေလ ၃ ရက်နေ့ထိ မိုးဆက်တိုက်ရွာသွန်းနိုင်ပြီး မိုးများနိုင်ပါတယ်။ မေလ ၄ ရက်နဲ့ ၅ ရက်မှာတော့ မိုးထစ်ချုန်းမှု အနည်းငယ်၊ တိမ်အသင့်အတင့်နဲ့ နေသာနိုင်ခြေရှိပါတယ်။
မော်လမြိုင်ကျွန်း – ဒီကနေ့ ဧပြီ ၂၉ ရက်နေ့မှာ မိုးထစ်ချုန်းမှုတွေ ရှိနေပြီး မနက်ဖြန် ဧပြီ ၃၀ ကနေ မေလ ၃ ရက်ထိ မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး မိုးများနိုင်ပါတယ်။ မေလ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ မိုးထစ်ချုန်းမှု အနည်းငယ်၊ တိမ်အသင့်အတင့်နဲ့ နေသာနိုင်ပါတယ်။
ဝါးခယ်မ – ဒီကနေ့ ဧပြီ ၂၉ ရက်နေ့ကနေ မေလ ၂ ရက်နေ့ထိ မိုးဆက်တိုက်ရွာသွန်းနိုင်ပြီး မိုးများနိုင်ပါတယ်။ မေလ ၃ ရက်ကနေ ၅ ရက်ထိမှာတော့ မိုးထစ်ချုန်းမှု တွေရှိနိုင်ပေမယ့် မိုးရွာသွန်းနိုင်ချေ မရှိပါဘူး။
ကျုံပျော် – ဒီကနေ့ ဧပြီ ၂၉ ရက်နေ့မှာ မိုးထစ်ချုန်းမှုတွေ ရှိနေပြီး မနက်ဖြန် ဧပြီ ၃၀ ကနေ မေလ ၂ ရက်ထိ မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး မိုးများနိုင်ပါတယ်။ မေလ ၃ ရက်ကနေ ၅ ရက်နေ့ထိ မိုးထစ်ချုန်းမှု အနည်းငယ်၊ တိမ်အသင့်အတင့်နဲ့ နေသာနိုင်ခြေရှိပါတယ်။
ဟိုင်းကြီးကျွန်း – ဒီကနေ့ ဧပြီ ၂၉ ရက်နေ့မှာ မိုးထစ်ချုန်းမှုတွေ ရှိနေပြီး မနက်ဖြန် ဧပြီ ၃၀ ကနေ မေလ ၃ ရက်ထိ မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး မိုးများနိုင်ပါတယ်။ မေလ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ မိုးထစ်ချုန်းမှု အနည်းငယ်၊ တိမ်အသင့်အတင့်နဲ့ နေသာနိုင်ခြေရှိပါတယ်။
လပွတ္တာ – ဒီကနေ့ ဧပြီ ၂၉ ရက်နေ့မှာ မိုးထစ်ချုန်းမှုတွေ ရှိနေပြီး မနက်ဖြန် ဧပြီ ၃၀ ကနေ မေလ ၃ ရက်ထိ မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး မိုးများနိုင်ပါတယ်။ မေလ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ မိုးထစ်ချုန်းမှု အနည်းငယ်၊ တိမ်အသင့်အတင့်နဲ့ နေသာနိုင်ပါတယ်။
မြောင်းမြ – ဒီကနေ့ ဧပြီ ၂၉ ရက်ကနေ မေလ ၃ ရက်နေ့အထိ မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး မိုးများနိုင်ပါတယ်။ မေလ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ တိမ်အသင့်အတင့်နဲ့ နေသာနိုင်ခြေရှိပါတယ်။
ဓနုဖြူ – ဒီကနေ့ ဧပြီ ၂၉ ရက်ကနေ မေလ ၂ ရက်နေ့အထိ မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး မိုးများနိုင်ပါတယ်။ မေလ ၃ ရက်ကနေ ၅ ရက်နေ့အထိကတော့ တိမ်အသင့်အတင့်နဲ့ နေသာနိုင်ခြေရှိပါတယ်။
ကျုံတနီး – ဒီကနေ့ ဧပြီ ၂၉ ရက်နေ့မှာ မိုးထစ်ချုန်းမှုတွေ ရှိနေပြီး မနက်ဖြန် ဧပြီ ၃၀ ကနေ မေလ ၂ ရက်ထိ မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး မိုးများနိုင်ပါတယ်။ မေလ ၃ ရက်ကနေ ၅ ရက်နေ့အထိကတော့ တိမ်အသင့်အတင့်နဲ့ နေသာနိုင်ပါတယ်။
ရေကြည် – ဒီကနေ့ ဧပြီ ၂၉ ရက်နေ့မှာ မိုးထစ်ချုန်းမှုတွေ ရှိနေပြီး မနက်ဖြန် ဧပြီ ၃၀ ကနေ မေလ ၂ ရက်ထိ မိုးသည်းထန်စွာ ရွာသွန်းနိုင်ပါတယ်။ မေလ ၃ ရက်ကနေ ၅ ရက်နေ့အထိကတော့ တိမ်အသင့်အတင့်နဲ့ နေသာနိုင်ပါတယ်။
အသုတ် – ဒီကနေ့ ဧပြီ ၂၉ ရက်ကနေ မေလ ၂ ရက်နေ့အထိ မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး မိုးများနိုင်ပါတယ်။ မေလ ၃ ရက်ကနေ ၅ ရက်နေ့အထိကတော့ တိမ်အသင့်အတင့်နဲ့ နေသာနိုင်ခြေရှိပါတယ်။
ကျုံမငေး – ဒီကနေ့ ဧပြီ ၂၉ ရက်နေ့မှာ မိုးထစ်ချုန်းမှုတွေ ရှိနေပြီး မနက်ဖြန် ဧပြီ ၃၀ ကနေ မေလ ၃ ရက်ထိ မိုးသည်းထန်စွာ ရွာသွန်းနိုင်ပါတယ်။ မေလ ၄ ရက်နဲ့ ၅ ရက်နေ့မှာတော့ တိမ်အသင့်အတင့်နဲ့ နေသာနိုင်ပါတယ်။
ကျောင်းကုန်း – ဒီကနေ့ ဧပြီ ၂၉ ရက်ကနေ မေလ ၂ ရက်နေ့အထိ မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး မိုးများနိုင်ပါတယ်။ မေလ ၃ ရက်ကနေ ၅ ရက်နေ့အထိကတော့ တိမ်အသင့်အတင့်နဲ့ နေသာနိုင်ပါတယ်။
ဇလွန် – ဒီကနေ့ ဧပြီ ၂၉ ရက်နေ့မှာ မိုးထစ်ချုန်းမှုတွေရှိနေပြီး မနက်ဖြန် ဧပြီ ၃၀ နဲ့ မေလ ၁ ရက်နေ့မှာတော့ မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး မိုးများနိုင်ပါတယ်။ မိုးရွာသွန်းမှုဟာ မေလ ၂ ရက်နေ့မှာတော့ ရပ်တန့်သွားနိုင်ပြီး မိုးထစ်ချုန်းမှုတွေ ရှိနိုင်ပါတယ်။ မေလ ၄ ရက်နဲ့ ၅ ရက်မှာတော့ တိမ်အသင့်အတင့်နဲ့ နေသာနိုင်ခြေရှိပါတယ်။
ပန်းတနော် – ဒီကနေ့ ဧပြီ ၂၉ ရက်ကနေ မေလ ၂ ရက်နေ့အထိ မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး မိုးအသင့်အတင့်များနိုင်ပါတယ်။ မေလ ၃ ရက်ကနေ ၅ ရက်နေ့အထိကတော့ တိမ်အသင့်အတင့်နဲ့ နေသာနိုင်ပါတယ်။
အိမ်မဲ – ဒီကနေ့ ဧပြီ ၂၉ ရက်ကနေ မေလ ၂ ရက်နေ့အထိ မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး မိုးများနိုင်ပါတယ်။ မေလ ၃ ရက်ကနေ ၅ ရက်နေ့အထိကတော့ တိမ်အသင့်အတင့်နဲ့ နေသာနိုင်ခြေရှိပါတယ်။
ငသိုင်းချောင်း – ဒီကနေ့ ဧပြီ ၂၉ ရက်ကနေ မေလ ၁ ရက်နေ့အထိ မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး မိုးများနိုင်ပါတယ်။ မေလ ၂ ရက်ကနေ ၅ ရက်နေ့အထိကတော့ တိမ်အသင့်အတင့်နဲ့ နေသာနိုင်ပါတယ်။
လေးမျက်နှာ – ဒီကနေ့ ဧပြီ ၂၉ ရက်ကနေ မေလ ၂ ရက်နေ့အထိ မိုးအနည်းငယ် ရွာသွန်းနိုင်ပါတယ်။ မေလ ၃ ရက်ကနေ ၅ ရက်နေ့အထိကတော့ တိမ်အသင့်အတင့်နဲ့ နေသာနိုင်ပါတယ်။
ဆားမလောက် – ဒီကနေ့ ဧပြီ ၂၉ ရက်ကနေ မေလ ၁ ရက်နေ့အထိ မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး မိုးများနိုင်ပါတယ်။ မေလ ၂ ရက်ကနေ ၅ ရက်နေ့အထိကတော့ တိမ်အသင့်အတင့်နဲ့ နေသာနိုင်ခြေရှိပါတယ်။
ပြင်စလူ – ဒီကနေ့ ဧပြီ ၂၉ ရက်ကနေ မေလ ၃ ရက်နေ့အထိ မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး မိုးများနိုင်ပါတယ် ဧပြီ ၃၀ ရက်မှာ မိုးသည်းသည်းထန်ထန် ရွာသွန်းနိုင်ပါတယ်။ မေလ ၄ ရက်နေ့နဲ့ ၅ ရက်နေ့တွေမှာတော့ တိမ်အသင့်အတင့်နဲ့ နေသာနိုင်ပါတယ်။
ချောင်းသာ – ဒီကနေ့ ဧပြီ ၂၉ ရက်ကနေ မေလ ၃ ရက်နေ့အထိ မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး မိုးများနိုင်ပါတယ်။ မေလ ၄ ရက်နေ့နဲ့ ၅ ရက်နေ့တွေမှာတော့ တိမ်အသင့်အတင့်နဲ့ နေသာနိုင်ခြေရှိပါတယ်။
ငွေဆောင် – ဒီကနေ့ ဧပြီ ၂၉ ရက်နေ့မှာ မိုးထစ်ချုန်းမှုတွေ ရှိနေပြီး မနက်ဖြန် ဧပြီ ၃၀ ကနေ မေလ ၂ ရက်ထိ မိုးသည်းထန်စွာ ရွာသွန်းနိုင်ပါတယ်။ မေလ ၃ ရက်ကနေ ၅ ရက်နေ့ အထိကတော့ တိမ်အသင့်အတင့်နဲ့ နေသာနိုင်ပါတယ်။
ငရုတ်ကောင်း – ဒီကနေ့ ဧပြီ ၂၉ ရက်ကနေ မေလ ၃ ရက်နေ့အထိ မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး မိုးများနိုင်ပါတယ်။ မေလ ၄ ရက်နေ့နဲ့ ၅ ရက်နေ့တွေမှာတော့ တိမ်အသင့်အတင့်နဲ့ နေသာနိုင်ပါတယ်။
သာပေါင်း – ဒီကနေ့ ဧပြီ ၂၉ ရက်ကနေ မေလ ၃ ရက်နေ့အထိ မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး မိုးများနိုင်ပါတယ်။ မေလ ၄ ရက်နေ့နဲ့ ၅ ရက်နေ့တွေမှာတော့ တိမ်အသင့်အတင့်နဲ့ နေသာနိုင်ခြေရှိပါတယ်။
ဒေါ်ငြိမ်းရွာ – ရက်သတ္တပတ် တခုလုံး နေ့အပူချိန်ဟာ ၃၂ ဒီဂရီ စင်တီဂရိတ် ဝန်းကျင်မှာရှိနေနိုင်ပြီး နေ့ဘက်တွေမှာ မိုးရွာသွန်းနိုင်ချေ မရှိပေမယ့် ဒီကနေ့ ဧပြီ ၂၉ ရက် ည နဲ့ မနက်ဖြန် ဧပြီ ၃၀ ရက် ည ပိုင်းတွေမှာတော့ မိုးသည်းထန်စွာ ရွာသွန်းနိုင်ခြေရှိပါတယ်။
ငပုတော – ဒီကနေ့ ဧပြီ ၂၉ ရက်ကနေ မေလ ၂ ရက်နေ့အထိ မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ပါတယ်။ မေလ ၃ ရက်ကနေ ၅ ရက်နေ့ အထိကတော့ တိမ်အသင့်အတင့်နဲ့ နေသာနိုင်ခြေ ရှိပါတယ်။
#မိုးလေဝသ #ဧရာဝတီတိုင်း #DeltaNewsAgency #DNA
Delta News Agency Telegram – https://shorturl.at/lxKMR
Delta News Agency YouTube – https://shorturl.at/ahBL2
Delta News Agency Website – https://shorturl.at/ozAIM
Delta News Agency Podcast – https://shorturl.at/epwzH