ဧပြီ ၁၇
ဧရာဝတီမြစ်ဝကျွန်းပေါ်က ပြည်သူ့ကာကွယ်ရေး တပ်သား(PDF)တွေဟာ အမိန့်နာခံမှုနဲ့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းတွေကို လိုက်နာကြသူတွေဖြစ်တယ်လို့ မဟာမိတ်တွေရဲ့ ချီးကျူးမှုတွေ ခံရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦး ရည်မွန်က ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့က အခြေခံစစ်ပညာသင်တန်းဆင်းခဲ့တဲ့ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန (ဧရာဝတီ) ၊ အမှတ် (၂၉) ဗျူဟာ ( AYA PDF) ၊ အပတ်စဉ် (၅) ရဲ့ သင်တန်းဆင်းပွဲမှာ အခုလို ပြောကြားခဲ့တာဖြစ် ကြောင်း အမှတ် (၂၉) ဗျူဟာ က ဒီကနေ့မှာ သ တင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ဝန်ကြီးက “ မြစ်ဝကျွန်းပေါ်သားတွေ တိုက်ပွဲဝင်နိုင်အောင် အဘက်ဘက်က ကူညီပေးခဲ့တဲ့ မဟာ မိတ်ခေါင်းဆောင်များနဲ့ ရဲဘော်များကိုလည်း အ ထူးကျေးဇူးတင်ကြောင်း ပြောလိုတယ်။ အခုဆို ဒေ သတိုင်းမှာ တပ်တည်ဆောက်မှု တပ်ဖြန့်နေရာယူမှုဟာ အတိုင်းအတာ တခုထိ ပြီးမြောက်ခဲ့ပြီလို့ ပြောနိုင်တယ်။ ဧရာဝတီတိုင်းသားတွေရဲ့ အိမ်ပြန်ခရီးဟာ ငါတို့ရဲ့ ကွက်ပြည့် မဟာဗျူဟာကို ပြည့်စုံစေခဲ့တယ် ” လို့ သူ့ရဲ့မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ် ရေးတပ်မတော်နဲ့ မဟာမိတ် တော်လှန်ရေးအဖွဲ့တွေဟာ စစ်မဟာဗျူဟာ ဒုတိယအဆင့်ဖြစ်တဲ့ မြို့သိမ်း၊ စခန်းသိမ်း တိုက်ပွဲတွေကို ဆင်နွှဲနေကြပြီဖြစ် တာကြောင့် နောက်ဆုံးအဆင့်ဖြစ်တဲ့အထွေထွေ ထိုးစစ်ကြီးအတွက်လည်း ပြင်ဆင်ကြိုးပမ်းနေကြတယ်ဆိုတဲ့ အကြောင်းကိုလည်း သတင်းစကားပါးလိုတယ်လို့ ဝန်ကြီးက ဆိုပါတယ်။