ငလျင်ကြီးပြီးတဲ့နောက် ၂

 

ဧပြီ ၁၂

၂၀၂၅ခုနှစ် မတ်လ၂၈ ရက်နေ့က စစ်ကိုင်းနဲ့ မန္တ လေးမြို့တို့ကို ဗဟိုပြု ငလျင်လှုပ်ခတ်ခဲ့တာ ရက် သတ္တပတ် နှစ်ပတ်ကြာခဲ့ပြီ ဖြစ်ပါတယ်။အရေးပေါ် ကယ်ဆယ်ရေး ရောက်ရှိလာကြတဲ့ နိုင်ငံတကာ အဖွဲ့အချို့လည်း လုပ်ငန်းတာဝန် ပြီးဆုံးလို့ပြန် လည် ထွက်ခွာသွားကြပြီ ဖြစ်ပါတယ်။

ငလျင်ဘေး တိုက်ရိုက်ထိတွေ့ခဲ့တဲ့ ဒေသတွေမှာတော့ အပျက်အစီးပုံကြီးတွေနဲ့ လူမှုစီးပွားဘဝ ထိ ခိုက် နစ်နာမှုများစွာ ကျန်ခဲ့ပါတယ်။

ထိခိုက်ဒဏ်ရာ ရသူတွေလည်း ဆေးရုံတွေမှာထောင်နဲ့ချီ ရှိနေဆဲပါ။ ပြည်တွင်းပြည်ပ ကူညီရေးအဖွဲ့တွေကလည်း ထောက်ပံ့ ကူညီနေကြဆဲပါ။ ဒါပေမဲ့ ငလျင်ဒဏ်သင့် ပြည်သူတွေရဲ့ လူမှုစီးပွား ဘဝတွေကို ဘယ်လို ပြန်လည် ထူထောင်ပေး မယ် ဆိုတဲ့ အပိုင်းကတော့ ပိုမိုခက်ခဲမှာ သေချာပါတယ် ။

ငလျင်ကြောင့် နိုင်ငံတဝှမ်းမှာ လူနေအိမ်ခြေ ၄၈၈၀၀ ကျော်၊စာသင်ကျောင်းပေါင်း ၂၀၀၀ကျော်၊ ဘုရားစေတီပေါင်း၅၂၀၀၊ ဌာနဆိုင်ရာရုံးအဆောက် အဦး ၂၁၇၀၊ တံတား၁၄၈စင်းနဲ့ လမ်းပိုင်းများစွာ ထိခိုက်ပျက်စီး သွားခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ စစ်တပ်အာဏာသိမ်းထားပြီး ပြည် တွင်းစစ်နဲ့ အတူ စီးပွားရေးဖရိုဖရဲ ဖြစ်နေတဲ့နိုင်ငံ ပါ။စစ်ဘေးရှောင် ဒုက္ခသည်က သန်းနဲ့ချီရှိပါတယ်။တပူပေါ် နှစ်ပူဆင့်ဆိုသလို ငလျင်ဘေးဒုက္ခသည် က ထပ်တိုးလိုက်တဲ့အခါ ဘာတွေဆက် ဖြစ်လာမလဲဆိုတာထက် ဘာဖြစ်ဖြစ်ပြည်သူသာ ခံရစမြဲမို့ သန်းခေါင်ထက်တော့ ညဉ့်နက်စရာ မရှိတော့ပါဘူး။

ငလျင်းဘေးသင့် ဒေသတွေမှာ အဓိက ပံ့ပိုးရမယ့် ကိစ္စက ပြန်လည် ထူထောင်ရေး ဖြစ်ပါတယ်။
လျှပ်စစ်မီး ၊သောက်သုံးရေနဲ့ ယာယီနေထိုင်ရေးပါ။ စီးပွားရေး လုပ်ငန်းတွေ ပြန်လည် လည်ပတ်ဖို့လည်း အရေးကြီးပါတယ်။စီးပွားရေး လည်ပတ်မှသာ အလုပ်အကိုင် အခွင့်အလမ်းတွေ ပြန်လည်ရရှိမှာ ဖြစ်ပါတယ်။အဲဒီ့အတွက် အတိုးမဲ့ချေးငွေတွေ ပေးသင့်ပါတယ်။

အိမ်ရာပြန်လည် တည်ဆောက်ဖို့ အိမ်ဆောက်ပစ္စည်းတွေကို အခွန်မဲ့ တင်သွင်းရောင်းချပေးသင့် ပါတယ်။ အိမ်ဆောက်ပစ္စည်း ဈေးမြှင့် ရောင်းချမှုတွေကိုလည်း ထိန်းချုပ်သင့်ပါတယ်။အိမ်ရာထူ ထောင်ရေး ချေးငွေများလည်း မြေတန်ဖိုးပေါ် မူ
တည်ပြီး ထုတ်ချေးသင့်ပါတယ်။ ဒါတွေ လုပ်နိုင်ဖို့အတွက် တိုင်းပြည် စီးပွားရေးဟာ အရေးကြီးပါတယ်။

ငွေရှိမှထောက်ပံ့နိုင်မှာပါ။ထူထောင်နိုင်မှာပါ။ အဲ့ဒီ့အတွက် တိုင်းပြည်တည်ငြိမ်ဖို့ လိုပါတယ်။
တိုင်းပြည် တည်ငြိမ်ဖို့ စစ်ပွဲတွေ ရပ်ရပါမယ်။ဗုံးကြဲလို့ ကုန်တဲ့ပိုက်ဆံကို ငလျင်ဘေးမှာ သုံးရပါမယ် ။ လူ့အသက်သေစေတဲ့ ကျည်ဆံဖိုးကို လူ့အသက် ဆက်စေမဲ့ စားနပ်ရိက္ခာအတွက် သုံးရပါ့မယ်။

လတ်တလောမှာဘဲ အာဏာသိမ်းမှုကြောင့် စီးပွား ရေး ပိတ်ဆို့ ဒဏ်ခတ်မှုတွေကြောင့် ကုန်ဈေးနှုန်း အဆမတန် တက်တဲ့ဒဏ်ကို ပြည်သူတွေ ခံနေကြရပါတယ်။ဒီကြားထဲ နယ်စပ်ဒေသ စစ်ပွဲတွေကြောင့် ကုန်စည်စီးဆင်းမှုက ရပ်တန့်ရ ပြန်ပါတယ်။ခုလည်း လာပါဦးမယ်။အမေရိကန်ရဲ့ ကမ္ဘာလုံးဆိုင် ရာ အခွန်တိုးကောက်မှုတွေဟာ မြန်မာ့အထည်ချုပ် လုပ်ငန်းကို မျက်စပစ်လာပြီဖြစ်ပါတယ်။ ဘာတွေ ကြိုပြင်ထားလဲ မေးရင် ခံဘို့ပြင်ထားတယ်ဘဲ ဖြစ် မှာပါ။

ဒီကြားထဲ တိုင်းပြည်တည်ငြိမ်ဖို့ လာမဲ့ဒီဇင်ဘာမှာ‌ ပါတီစုံ ရွေးကောက်ပွဲ လုပ်ဦးမတဲ့။တိုက်ဆိုင်မှုလားတော့ မသိပါဘူး။မြန်မာပြည်မှာ စစ်တပ်က ရွေး ကောက်ပွဲ လုပ်မယ်ဆိုတာနဲ့ ကပ်ဆိုက်တော့တာပါပဲ ။ ၂၀၀၈ခုနှစ် အခြေခံဥပဒေ ထောက်ခံပွဲနဲ့ ၂၀၁၀ ပါတီစုံ ရွေးကောက်ပွဲ ကြံလိုက်တာ ၂၀၀၈ မေလမှာ လူသိန်းချီ သေဆုံးတဲ့ နာဂစ်မုန်တိုင်ကြီးနဲ့ ကြုံရပါတယ်။ခုလည်း ဒီဇင်ဘာရွေးကောက်ပွဲ ဆိုတာနဲ့ မတ်လမှာ ငလျင်ဘေးသင့်တာပါပဲ။

ဒီဇင်ဘာ ရွေးကောက်ပွဲကလည်း ပြည်သူ့ဆန္ဒနဲ့ နိုင် ငံတကာ အသိအမှတ် ဖြစ်တာမဖြစ်တာ အသာထား ရွေးကောက်ပွဲကြောင့် စစ်ပွဲတွေမရပ် နိုင်တာက တော့ အသေအချာပါဘဲ။ငလျင်ဘေးသင့် ပြည်သူတွေရဲ့ စိတ်ဒဏ်ရာတွေ သက်သာစေဖို့ တိုင်းပြည် တည်ငြိမ်ရေးနဲ့ လူမှုစီးပွား ဘဝတွေ နလန်ထူဖို့ အရေးကြီးတယ်လို့သာ မြင်မိပါကြောင်း။

#ငလျင် #ဆောင်းပါး #DeltaNewsAgency