ဝါးတောကွင်းရွာအနီးကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲ

 

ဧပြီ ၉

ဧရာဝတီတိုင်း ၊ ဟင်္သာတခရိုင်၊လေးမျက်နှာမြို့ နယ်ထဲက ဝါးတောကွင်းရွာကို ဧပြီလ ၈ ရက် မနေ့ည ၁၂ နာရီ အကျော်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးလာကြဲသွားတယ်လို့ ဝါးတောကွင်းရွာသားတဦးက DNA ကိုပြောပါတယ်။

“ညက ၁၂ နာရီကျော်လောက် ဖြစ်မယ်။ နှစ်ခါလာတာ။ရွာပေါ်ကနေ ဖြတ်ပြန်သွားတာ အသံအကျယ် ကြီးပဲ”လို့ ပြောပါတယ်။

ဒါပေမယ့် လာရောက်ပစ်ခတ်မှုဟာ ဝါးတောကွင်းရွာအတွင်းကို မကျပဲ ရေတံခွန်ရှိရာ ရွာအနောက်ဘက်ကို ကျခဲ့တဲ့အတွက် အထိအခိုက် မရှိဘူးလို့သိရပါတယ်။

လေးမျက်နှာ မြို့နယ်နဲ့ အင်္ဂပူမြို့နယ် အစပ်ကျေး
ရွာတွေမှာ မတ်လ အတွင်း တိုက်ပွဲတွေ ပြင်းထန် တာ ဖြစ်ပါတယ်။ မတ်လ ၂၈ ရက်နေ့ စစ်ကိုင်းင လျင် လှုပ်ခတ်မှုအပြီး ထိတွေ့တိုက်ပွဲတွေ အတန် ငယ် ငြိမ်သက်သွားပေမယ့် စစ်တပ်က လေယာဉ် ၊ စက်တပ်လေထီးတွေနဲ့ လာရောက်ပစ်ခတ်တာ ဗုံး ကြဲတာတွေ ရှိခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

“မနေ့က စပြီးလက်နက်ကြီးသံတွေ ပြန်ကြားရတယ် ၊ လေးချက်လောက်ရှိမယ်လို့” ကြက်ပေါင်ကုန်း ရွာသားတဦးက ပြောပါတယ်။

လေးမျက်နှာမြို့နယ် ၊ အင်္ဂပူမြို့နယ်ထဲက ပုသိမ်-မုံရွာ ကားလမ်း တလျှောက်ရွာတွေမှာ စစ်ပွဲကြောင့် ဒေသခံတွေဟာ စစ်ရှောင်နေကြရပြီး ရွာမှာအသက် ကြီး ဘိုးဘွားအချို့သာ ကျန်နေခဲ့ကြရတယ်လို့ ဆိုပါတယ်။ ဧရာဝတီနဲ့ ရခိုင်ပြည်နယ်အစပ် ရခိုင်ရိုးမ တောင်ခြေကို အမီပြုနေထိုင်ကြတဲ့ ကျေးရွာတွေ ဖြစ်ပြီး စပါးနဲ့ပဲကို အထိက စိုက်ပျိုးကြပေမယ့် စစ် ပွဲတွေကြောင့် မတ်ပဲခင်းတွေ မစွတ်နိုင်ပဲ စစ်ရှောင်
နေကြရတာ ဖြစ်ပါတယ်။