ဧပြီ ၈
စစ်ကိုင်းငလျင် ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူ ထောင်ရေး လုပ်ငန်းစဉ်တွေ အရှိန်မြင့်လုပ်ဖို့ အ တွက် ဧပြီ ၂၂ ရက်နေ့အထိ တနိုင်ငံလုံး အပစ်အ
ခတ်ရပ်စဲကြောင်း ကြေညာခဲ့တဲ့ စစ်ကောင်စီဟာ ဧရာဝတီတိုင်းထဲက ကျေးရွာတွေမှာ လေကြောင်းတိုက်ခိုက်တာနဲ့ လူသစ်စုဆောင်းတာတွေ အဆက်မ ပြတ် လုပ်ဆောင်နေပါတယ်။ ဧပြီ ပထမပတ်အ
တွင်း ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ်နဲ့ အင်္ဂပူမြို့နယ် အစပ်က ပိန္နဲကွင်း ၊တုံးတော၊ဝါးတောကွင်း အစရှိတဲ့ ရွာတွေကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။
မတ်လထဲက ရေကြည်၊လေးမျက်နှာ၊အင်္ဂပူမြို့နယ် တွေထဲမှာ ထိတွေ့တိုက်ပွဲတွေ ရှိခဲ့သလို လေ ကြောင်းတိုက်ခိုက်ခံရမှုတွေလည်း ရှိခဲ့တာပါ။
ဧပြီလ ပထမ ပတ်ထဲမှာတော့ ထိတွေ့တိုက်ပွဲတွေ မရှိပေမယ့် စစ်ကောင်စီက လေကြောင်းက လာရောက် တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ ဒေသခံတဦးကတော့ “တုံးတောဘက်မှာ ပိုပြီး အထိအခိုက် များတယ်”လို့ မှတ်ချက်ပေးပါတယ်။
လေကြောင်းတိုက်ခိုက်မှု ခံခဲ့ရတဲ့ ကျေးရွာတွေဟာ ပုသိမ် – မုံရွာလမ်းအနီးက ကျေးရွာတွေဖြစ်ပြီးတော့ မိုဘိုင်းဖုန်းဆက်သွယ်ရေးကွန်ရက်လည်း ပြတ်တောက်နေတယ်လို့ အိုင်သပြု ကျေးရွာမှာ နေထိုင်သူတဦးက ပြောပါတယ်။
“ရွာသားတွေ အသက်အန္ဒရာယ် ကင်းမယ်လို့တော့ ထင်တာပဲ။ ဘာလို့လဲဆိုတော့ ပုသိမ် – မုံရွာလမ်းနား က ရွာတွေက ကြိုပြီးစစ်ရှောင်သွားကြပြီ” လို့ ဆိုပါတယ်။
ရေကြည်မြို့နယ် ၊ ငသိုင်းချောင်းမြို့ အနောက် မြောက်ဘက် ရိုးမတောထဲမှာလည်း ဧပြီလ ပထမအပတ်အတွင်း သေနက်သံတွေ နှစ်ရက်ဆက်တိုက်
ကြားလိုက်ရတယ် လို့လည်း ဒေသခံတဦးက ပြောပါတယ်။
အင်္ဂပူမြို့နယ် ၊ ရွှေကျောင်းအိုင် ကျေးရွာအုပ်စုမှာ ဆိုရင်လည်း ဧပြီလ ၅ ရက်က စစ်ကောင်စီတပ် သားတွေဟာ ညအချိန် ကျေးရွာထဲကို ဆိုင်ကယ်
တွေနဲ့ ဝင်ရောက်လာပြီးတော့ အကြောင်းမဲ့ သေ နတ် ပစ်ဖောက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ဒေသခံတွေက ပြောပါတယ်။