ဧပြီ ၆
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ မတ်လ၂၈ရက်နေ့က စစ်ကိုင်းမြို့ကို ဗဟိုပြုပြီး အင်အား၇.၇ရစ်ချတာစ
ကေးရှိတဲ့ အားပြင်းတဲ့ ငလျင်ကြီးလှုပ်ခဲ့ပြီး တချိန် တည်းမှာဘဲ မန္တလေး၊နေပြည်တော်တို့မှာလည်း အားပြင်းတဲ့ ငလျင်တွေ လှုပ်ခတ်ခဲ့ပါတယ်။
ငလျင်ဒဏ်ကြောင့် မြို့ပေါင်း ၁၀ မြို့နယ်က ပြည် သူတွေရဲ့ အသက်အိုးအိမ်တွေ ထိခိုက် ပျက်စီးခဲ့ရပါတယ်။ ဧပြီလ ၅ ရက်နေ့ ထုတ်ပြန်ချက်အရ လူ ဦးရေ ၃၃၅၄ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ဒဏ်ရာရသူ ၄၅၀၈ ဦးနဲ့ ပျောက်ဆုံးသူ ၂၂၀ ဦးရှိလာပြီ ဖြစ်ပါတယ်။
ငလျင်ကြောင့် လူနေအဆောက်အဦး၊ ဌာနဆိုင်ရာရုံးများနဲ့ ဘာသာရေးအဆောက်အဦး များစွာပျက် စီးဆုံးရှုံးခဲ့ရပြီး နောက်ဆက်တွဲငလျင်များကြောင့် ငလျင်ဒဏ်သင့်ပြည်သူများ အတွက် စားဝတ်နေရေး အလွန်ခက်ခဲလျှက်ရှိပါတယ်။ ငလျင်ဘေးဟာ အခြားသော သဘာဝဘေးအန္တရာယ် တွေဖြစ်တဲ့ ရေဘေး၊လေဘေးတို့နဲ့သဘောသဘာဝခြင်းမတူပါဘူး။ ငလျင်လှုပ်မယ်ဆိုတာကို အချိန်၊နေရာအတိ အကျ ကြိုတင် မခန့်မှန်းနိုင်တာကြောင့်ကြိုတင်ကာကွယ်ရေးလုပ်ဖို့ အခွင့်အရေး မရှိပါဘူး။
ဖြစ်လာချိန် ရောက်မှသာ မိမိအသိဉာဏ်နဲ့ လွတ် မြောက်ဖို့ ကြိုးစားကြရတာ ဖြစ်ပါတယ်။
ငလျင်ကြီး ပြီးတဲ့နောက်မှာတော့ နိုင်ငံတကာ ကူညီကယ်ဆယ်ရေး အဖွဲ့တွေ အသီးသီး ရောက်ရှိလာပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေကြသ လို ပြည်တွင်း ပရဟိတ အဖွဲ့အစည်းများနဲ့ စေတနာ ရှင် များစွာဟာလည်း ငလျင်ဒဏ်သင့် ဒေသမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေကြပြီ ဖြစ်ပါတယ်။
သဘာဝဘေးအန္တရယ် တခုဖြစ်လာပြီ ဆိုတာနဲ့
အရေးပေါ် တုံ့ပြန်ကယ်ဆယ်ရေးဟာ အလွန် အ ရေးကြီးပါတယ်။ မြန်မာနိုင်ငံဟာ သဘာဝဘေး အန္တရာယ်နဲ့ စိမ်းတဲ့နိုင်ငံ မဟုတ်ပါဘူး။ လေဘေးရေဘေး မကြာခဏ ကြုံတွေ့နေရတဲ့ နိုင်ငံပါ။
မကြာခဏ ကြုံတွေ့ရသလို ဖြစ်လိုက်တာနဲ့လည်း အကြီးအကျယ် ခံလိုက်ရတာပါဘဲ။
သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ အချိန်မှာ လူ့အသက် ကယ်ဆယ်ရေး လုပ်ငန်းဟာ အရေးအကြီးဆုံးပါ။ လူ့အသက်ထက် ဘာမှ အရေးမကြီးပါဘူး။နိုင်ငံမှာ ပြည်သူ့ဘဏ္ဍာနဲ့ ထူထောင်ထားတဲ့ သဘာဝဘေးအန္တရာယ် အရေးပေါ် တုံ့ပြန်ရေးအဖွဲ့ဆိုတာ ရှိပါတယ်။အဲဒီ့အဖွဲ့ဟာဘဏ်ထဲပိုက်ဆံတွေ ဘယ် လောက် ထည့်ထားထား လူ့အသက်ကယ်ဖို့ ချက်ခြင်းမတုံ့ပြန်နိုင်ပါဘူး။ယခု ငလျင်ဘေး ဆိုပါစို့။ အဲဒီ့အဖွဲ့မှာ မြေတူးစက်၊ မြေကော်စက် ဘယ်နှစ်စီးရှိလဲ ၊ကရိန်းကား ဘယ်နှစ်စီးရှိလဲ၊ဖောက်စက်၊ဖြတ်စက် တွေ အလုံးထောင်ချီရှိလား ၊လေ့ကျင့်ပြီးသား ကျွမ်းကျင်ဝန်ထမ်း အင်ဂျင်နီယာ ဘယ်လောက်ရှိလဲ။ အိပ်စရေးစက်တွေ အနံ့ခံခွေးတွေ ဘယ်ေလာက်ရှိလဲ စတာတွေကသာ လူတွေကို ချက်ခြင်းကယ်ဆယ်နိုင်မှာပါ။ ခုတော့ဖြစ်တာနဲ့ ထစ်ခနဲဆို မီးသတ် သမား သွားသွား ခေါ်ရတော့ ဟိုမှာလည်း မီးသတ် ကားနဲ့ ရေဘဲရှိတော့ ဒီအပျက်အစီးပုံ အောက်က လူတွေကို ဘယ်လို ကယ်မှာတုန်း စဉ်းစားသာ ကြည့်ပေါ့။သုံးလေးရက် ကြာမှ အစည်းအဝေးထိုင် အလှူခံပြီး အရေးပေါ် တုံ့ပြန်ရေးအတွက် ကျပ်ငွေဘယ်နှဘီလီယံ သုံးစွဲပါမယ် ကြေညာ။ မရတော့တာကတော့ လူ့အသက်တွေဘဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက စာသင်ကျောင်းနဲ့ တက္ကသိုလ်တွေမှာ ပထဝီတို့ ဘူမိဗေဒတို့ သင်ကြားကြရပါတယ်။မြန်မာနိုင်ငံမှာရှိတဲ့ ကျောက်ချပ်လွှာတွေ ပြတ်ရွေ့တွေ အကြောင်း၊စစ်ကိုင်းပြတ်ရွေ့အကြောင်း၊လှုပ် ခဲ့ဘူးတဲ့ ငလျင်ကြီးတွေ အကြောင်းတွေပါပါတယ်။ငလျင်ပညာရှင်တွေ ကလည်း မီဒီယာ အသီသီးကနေ စစ်ကိုင်းပြတ်ရွေ့ကြီး ငြိမ်သက်နေတာ ကြာပြီဖြစ်တဲ့အတွက်ပြန်လည် လှုပ်ခတ်နိုင်ကြောင်း သတိ ပေးကြပါတယ်။ဒါပေမဲ့ ငလျင်ဖြစ်ရင် ဘယ်လိုကယ်ကြမလဲဆိုတဲ့ အကြောင်းတော့ လေးလေးနက် နက် ကြံဆလုပ်ဆောင်ထားဟန် မတွေ့ရပါဘူး။
သဘာဝဘေးအန္တရာယ် ဖြစ်လာတာနဲ့ ထစ်ခနဲရှိ ရေသန့်ဗူးလေး ဆွဲလာလိုက်၊ခေါက်ဆွဲခြောက်ထုပ်တွေ၊ ထမင်းထုပ်တွေ၊ ဝေငှလိုက်နဲ့တော့ သိပ်အဆင်မပြေ ပါဘူး။ခု နိုင်ငံတကာ ကယ်ဆယ်ရေး
အဖွဲ့တွေ ဘယ်လိုရောက်လာလဲ တွေ့ကြမှာပါ။ခေတ်မီ ကယ်ဆယ်ရေး စက်ကိရိယာတွေ၊ကျွမ်း
ကျင် ပညာရှင်တွေ၊ဆရာဝန်တွေ၊ ဆေးဝါးတွေ ယာ ယီခွဲခန်းတွေ၊ယာယီ ဆေးရုံတွေ၊အာဟာရဖြစ်တဲ့ စားနပ်ရိက္ခာတွေ နဲ့လာကြတာ လေယာဉ်တွေ၊ရေယာဉ်တွေနဲ့ အပြည့်အစုံပါဘဲ။
မြန်မာနိုင်ငံသားတွေက မိအေး ဘယ်နှခါ နာနာ မမှတ်ပါဘူး။လူ့အသက် တန်ဘိုးထားကြဖို့ အချိန် တန်ပြီလို့ ဆိုပါရစေ။အန္တရာယ်ဖြစ်လာမှ နိုင်ငံတ ကာ ပတ်ပြီး မျက်ရည်ခံ ထိုးရတာလည်း ရှက်စရာ ကောင်းလှပါပြီ။ နိုင်တဲ့ ဝန်လည်း ကိုယ့်ဘာသာ ထမ်းနိုင်အောင် ကြိုးစားသင့်ပါပြီ။
ငလျင်ကြီး ပြီးတဲ့နောက် ငလျင်ငယ်လေးတွေ လှုပ် တာကို Aftershock လို့ ခေါ်ကြပါတယ်။ သဘာဝဘေး အန္တရာယ် ခဏခဏ ကြုံတွေ့ နေကြရတဲ့ မြန် မာနိုင်ငံသားတွေ ရနေတာကတော့ နိုင်ငံသားတွေရဲ့ အသက်အိုးအိမ် ဆုံးရှုံးမှုနဲ့ ပတ်သက်တဲ့ စိုးရိမ်ထိတ်လန့်မှု After Shook ပါဘဲ။
ကယ်ဆယ်ရေး လုပ်ငန်းများမှာ Before နဲ့ After ကို ခွဲခြား သိရှိကြပါစေလို့။