ဖျာပုံမှာ ပြည်သူ့စစ်တဦး သိန်းနှစ်ရာဈေးပေါက်

 

ဧပြီ ၄

ဧရာဝတီတိုင်း ၊ဖျာပုံခရိုင်ထဲမှာ စစ်ကောင်စီက မိမိရပ်ရွာ ကာကွယ်ဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ လူငယ်တွေကို ပြည်သူ့စစ်ထဲ ဝင်ဖို့စည်းရုံးလှုံ့ဆော်နေပေမယ့် လက်တွေ့မှာတော့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ပိုက်ဆံပေးပြီး လူဝယ်နေကြရတယ်လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။

“ရွာထဲက ကောင်လေးတစ်ယောက်ကို သိန်း ၁၈၀ နဲ့ ပထမဦး ဆုံးလွတ်လိုက်တယ်။နောက်တစ်သုတ်ခေါ်
ရင်လိုက်ဖို့ လူရှာနေတာ သိန်း ၂၀၀ လို့ ပြောနေတယ်။ ဒါကို ကျေးရွာအုပ်စုတစ်ပိုင်က စုပြီးခံရမှာ” လို့ ပြောပါတယ်။

စစ်ကောင်စီဟာ ဖျာပုံခရိုင်ထဲမှာ မတ်လ ဒုတိယပတ်ကစပြီး ကျေးရွာအုပ်စု တခုကို တယောက်နှုန်းနဲ့ ပြည်သူ့စစ်သင်တန်း တက်ရောက်ဖို့ ညွှန်ကြားချ က်ပေးထားတယ်လို့ သိရပါတယ်။

ပြည်သူ့စစ်သင်တန်းသားတွေ မခေါ်ခင်က မြို့နယ် အလိုက် စည်းရုံးရေးမှူးတွေဟာ ကျေးရွာတွေအထိ ကွင်းဆင်းပြီးတော့ စည်းရုံးမှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။

“ပြည်သူ့စစ်သင် တန်းဆင်းလာရင် လစာရမယ်၊ စစ်မှုထမ်းကင်းလွတ်ခွင့်ရမယ်ဆိုတာမျိုးတွေကို ပြောတာပါ” လို့ ဒေသခံတဦးကလည်း ပြောပါတယ်။

မိမိရပ်ရွာကို ကာကွယ်ဖို့ဆိုတဲ့ခေါင်းစဉ်အောက်မှာ ပြည်သူလူထုရဲ့ဆန္ဒအရ ပြည်သူ့စစ်ထဲဝင်ရောက်
ကြဖို့ စစ်ကောင်စီက စည်းရုံးလှုံ့ဆော်ခဲ့ပေမယ့်လည်း လက်တွေ့မှာတော့ ပြည်သူ့စစ်သင်တန်းတက်ရောက်ဖို့အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေဟာ ပိုက်ဆံပေးပြီး လူဝယ်နေကြရတာပါ။

မတ်လ ဒုတိယအပတ်က ပြည်သူ့စစ်သင်တန်းတက်ရောက်ဖို့ သဘောတူလက်ခံတဲ့ လူငယ်တွေဟာ ဖျာပုံမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီအခြေ စိုက်တပ်စခန်းတွေဆီကို ရောက်ရှိသွားတယ်လို့ သိရပေမယ့် နောက်ဆက်တွဲ သတင်းတွေကိုတော့ မသိရှိရပါဘူး။

ဖျာပုံခရိုင်အတွင်းမှာတော့ ဖျာပုံမြို့နယ် ၊ ကျိုက်လတ်မြို့နယ် ၊ ဒေးဒရဲမြို့နယ် ၊ ဘိုကလေးမြို့နယ် ဆိုပြီး မြို့နယ်လေးခု ရှိပါတယ်။ လက်ရှိအချိန်မှာလည်း ဖျာပုံခရိုင်အတွင်းက ကျေးရွာတွေမှာ ပြည်သူ့စစ် သင်တန်းဆင်း တယောက်ရဲ့ လစာ ၊ ရိက္ခာနဲ့ အခြားခံစားခွင့်တွေအကြောင်း ကြော်ငြာဆိုင်းဘုတ်တွေ စိုက်ထူးထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဧရာဝတီတိုင်းအတွင်းမှာ စစ်ကောင်စီဟာ ပုသိမ်မြို့အပါအဝင် မြို့နယ်အများ စုမှာ ပြည်သူ့စစ်အင်အားကို တိုးချဲ့ပြီးတော့ နယ်မြေကင်းလှည့်တာတွေကို လုပ်ဆောင်နေပါတယ် ။ အထူး သဖြင့် မော်တင်းစွန်းဘုရားပွဲမှာ ပြည်သူ့စစ်အင်အားကို လုံခြုံရေးအနေနဲ့ အများအ ပြားအသုံးပြုသွားတာ တွေ့မြင်ရတယ်လို့ ငပုတောမြို့နယ် ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်းဒေသကြီးထဲမှာ စစ်မှုထမ်းခေါ်ဆောင်တာတွေ ၊ ပေါ်တာဆွဲပြီး စစ်မှုထမ်းခိုင်းတာတွေကို စစ်ကော်စီက ဆက်လက်လုပ်ဆောင်နေပါတယ်။ လက်ရှိအချိန်မှာတော့ စစ်မှု့ မထမ်းလိုတဲ့အတွက် ကျေးရွာနေပြည်သူတွေဟာ လစဉ် တအိမ် ထောင်ကို ၃ သောင်းကျပ်ကနေ ၂ သိန်းကျပ်လောက် အထိ အုပ်ချုပ်ရေးမှူးတွေကို ပိုက်ဆံပေးနေရတယ်လို့ သိရပါတယ်။