
Photo – Karen vibes
ဖေဖော်ဝါရီ၊ ၂၁
ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်က မြန်မာစာအသုံးပြုသူတွေအတွက်ဖန်တီးပေးထားတဲ့ Zawgyi ဖောင့်ကနေ Unicode ဖောင့်ကို အလိုအလျောက်ပြောင်းလဲပေးတဲ့စနစ်က ကရင်စာအသုံးပြုသူတွေကို လူမှုကွန်ရက်ပေါ်မှာ အခက်တွေ့စေတာကြောင့် Unicodeတမျိုးတည်းကိုသာအသုံးပြုဖို့ တောင်းဆိုသွားမယ်လို့ ကရင်စာပေအရေး လှုပ်ရှားနေသူတွေကပြောပါတယ်။
“ကရင်စာတွေက အမှန်မပေါ်တဲ့အခါမှာ အချင်းချင်း ဆက်သွယ်ဖို့၊ သတင်းစကားပေးဖို့တွေမှာ အခက်အခဲရှိ တယ်၊ ကျန်းမာရေးပေ့ချ်တွေ သတင်းဌာနတွေမှာလည်း အမှန်မပေါ်ဘူးပေါ့နော်။ ဒီတော့ ကရင်တွေအများစု အသုံးပြု ကြတဲ့ FB မှာ ဒီလိုတွေဖြစ်နေတာက အဆင်မပြေဘူး”လို့ ကရင်စာပေနဲ့ နည်းပညာဖွံ့ဖြိုးတိုး တက် ရေးအဖွဲ့က တာဝန်ရှိသူတဦးဖြစ်တဲ့ ဒေါက်တာ စောကပေါ်ရှီးကပြောပါတယ်။
ကရင်လူမျိုးတွေနဲ့ ကရင်စာပေလေ့လာသူတွေအဓိကအသုံးပြုနေကြတဲ့ ကရင် စာပေသုံးမျိုးရှိပြီး စကောကရင်၊ အရှေ့ပိုး ကရင်နဲ့ အနောက်ပိုင်းကရင်စာပေတွေဖြစ်ပါတယ်။လက်ရှိ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်မှာတော့ အဲ့ဒီ စာပေတွေကိုအသုံးပြုရေးသားတဲ့အခါ စာအမှန်မပေါ်တဲ့ ပြဿနာရှိနေတာလို့ သိရပါတယ်။
“ကျွန်တော်တို့ ကရင်စာကို ဒီဒစ်ဂျစ်တယ်ပလက်ဖောင်းပေါ်မှာ မှန်မှန်ကန်ကန်နဲ့တယောက်ကို တယောက်ရေး သားဆက်သွယ်နိုင်ဖို့ရန်အတွက် ကျွန်တော်တို့အလိုရှိပါတယ်”လို့ ကရင်စာပေအရေးဆောင်ရွက်နေသူတဦးဖြစ်တဲ့ မန်းဒေါက်ဂလပ်စ်(Mahn Douglast) ကပြောပါတယ်။
ကရင်စာအသုံးပြုသူတွေ လက်ရှိကြုံနေရတဲ့ အခက်အခဲပြေလည်ဖို့ဆိုရင် ဖေ့စ်ဘွတ်ခ် အနေနဲ့ Zawgyi ကနေ Unicode အလိုအလျောက်ပြောင်းပေးတဲ့ စနစ်ကို ပိတ်ထားပေးဖို့လိုတယ်လို့ ကရင်စာပေအရေးလှုပ်ရှားနေသူ တွေကပြောပါတယ်။
ဒါကြောင့် ဖေ့စ်ဘွတ်ခ် တာဝန်ရှိသူတွေဆီ စုပေါင်းလက်မှတ်ရေးထိုးတောင်းဆိုမယ့် ကမ်ပိန်းတခုကိုလည်း နိုင်ငံ တကာ မိခင်ဘာသာစကားနေ့ဖြစ်တဲ့ ဒီကနေ့မှာ စတင်ခဲ့ပြီး မတ်လ ၂၂ရက်အထိ တလကြာမြင့်မယ့် အဲ့ဒီကမ်ပိန်း ကတဆင့် ကရင်စာပေအသုံးပြုမှု အဆင်ပြေနိုင်ရေး ဖေ့စ်ဘွတ်ခ်တာဝန်ရှိသူတွေဆီ တောင်းဆိုသွားမယ်လို့ သိရပါတယ်။
“ကရင်စာအမှန်ဖြစ်ဖို့ Unicode ကိုသုံးစွဲစို့ ”လို့ အမည်ပေးထားတဲ့ အဲ့ဒီကမ်ပိန်းအတွက် ထောက်ခံလက်မှတ် စုစု ပေါင်း တသိန်းရရှိဖို့ ကရင်စစာပေအရေးလှုပ်ရှားနေသူတွေက မျှော်မှန်းထားပြီး ရရှိလာတဲ့ လက်မှတ်တွေနဲ့ အတူ ဖေ့စ်ဘွတ်ခ်ဆီတရားဝင်တောင်းဆိုမယ့်အပြင် ကမ်ပိန်းကာလအတွင်း ဖေ့စ်ဘွတ်ခ်ဘက်က သတိထား မိလာ အောင် လူမှုကွန်ရက်ပေါ်မှာ လှုပ်ရှားမှုတွေလုပ်ဖို့စီစဉ်ထားပါတယ်။
“ကျွန်တော်တို့ ဖေ့စ်ဘွတ်ရဲ့ Asia-Pacific ရုံးကို လက်မှတ်ထိုးပြီးပို့တာလည်း ပို့မှာဖြစ်သလို ဒီမှာ မရပ်ပေးမချင်း ကရင်စာအမှန်မပေါ်မချင်း ဟတ်ချ်တက်ခ်တွေနဲ့ တင်တာတွေကိုလည်း လုပ်ပေးကြဖို့ ပြောချင်ပါတယ် ” လို့ ကရင်စာပေနဲ့ နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ရဲ့ တာဝန်ရှိသူ တဦးဖြစ်တဲ့ ဒေါက်တာစောအောင်မြင်က ပြောပါတယ်။
ဖေ့စ်ဘွတ်ခ်တာဝန်ရှိသူတွေအနေနဲ့ Unicode စနစ်တခုတည်းကိုသာ အသုံးပြုမယ်ဆိုရင် လက်ရှိကရင်စာ အသုံး ပြုသူတွေ လူမှုကွန်ရက်မှာအခက်ကြုံနေရတဲ့ ကရင်စာအမှန်မပေါ်တဲ့ ကိစ္စကို ဖြေရှင်းနိုင်မှာဖြစ်တယ်လို့ အဖွဲ့ရဲ့ တာဝန်ရှိသူတွေက ဆိုပါတယ်။
“ကရင်စာအမှန်ဖြစ်ဖို့ Unicode ကိုသုံးစွဲစို့ ”လို့ အမည်ပေးးထားတဲ့ ကမ်ပိန်းမှာ ပါဝင်လက်မှတ်ထိုးလိုသူတွေအ နေနဲ့ လက်မှတ်ထိုးဖို့နည်းပညာဆိုင်ရာရှင်းပြချက်တွေနဲ့ ကမ်ပိန်းကာလအတွင်း ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေမှာ ဟတ်ချ်တက်ခ်တွေနဲ့ ရေးသားမျှဝေကြဖို့ စာသားတွေကိုတော့ Karen Dictionary စာမျက်နှာမှာလေ့လာနိုင်ပါတယ်။
ဒါ့အပြင် ကရင်စာကို အသုံးပြုနိုင်ဖို့အတွက် ဘယ်လို ကီးဘုတ်တွေကို အသုံးပြုလို့ရလဲဆိုတာကိုပါ လေ့လာနိုင် တယ်လို့သိရပါ။လက်ရှိပြည်တွင်းနဲ့ပြည်ပနိုင်ငံအသီးသီးမှာ ကရင်လူမျိုး ခုနစ်သန်းကျော်လောက်ရှိနေတယ်လို့ ကရင် စာပေအရေးလှုပ်ရှားနေသူတွေကပြောပါတယ်။