PDFအယောင်ဆောင် စစ်သားစုဆောင်းနေလို့ လူငယ်တွေသတိပြုရန်လို

Photo – စစ်ကောင်စီ

ဇန်နဝါရီ ၂၄

စစ်ကောင်စီက PDF အယောင်ဆောင်ပြီး စစ်သားစုဆောင်းနေလို့လူငယ်တွေအနေနဲ့ မိမိချိတ် ဆက်မယ့်တော်လှန်ရေးအဖွဲ့အကြောင်းကို သေချာလေ့လာစုံစမ်းသင့်တယ်လို့ အမျိုးညီညွတ်ရေးအစိုးရ(NUG)ရဲ့

ဧရာဝတီတိုင်းစစ်ဌာန ချုပ်လက်အောက်မှာတာဝန်ထမ်းဆောင်နေတဲ့ တပ်ဖွဲ့ဝင်တဦးက သတိပေးလိုက်ပါတယ်။

လူငယ်အချို့ဟာ အင်တာနက်ကွန်ရက်ကနေချိတ်ဆက်ပြီး PDF တပ်ဖွဲ့ကို ဝင်ရောက်ခဲ့ကြပေမယ့်အ မှန်တကယ် သင်တန်းတက်ရောက်ရတဲ့အခါ စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်းဖြစ်နေတာကို ဧရာဝ တီတိုင်းစစ်ဌာနချုပ်အနေနဲ့ စီစစ်တွေ့ရှိခဲ့တယ်လို့ သူကပြောပါတယ်။

စီစစ်တွေ့ရှိချက်တွေအရ အထက်ပါအတိုင်း စစ်သားစုဆောင်းခံရသူတွေဟာ ဧရာဝတီတိုင်းကမဟုတ် ဘဲ အခြားသောတိုင်းဒေသကြီးက လူငယ်တွေဖြစ်ပေမယ့်လည်း စစ်သင်တန်းကိုတော့ စစ်ကောင်စီက ဧရာဝတီတိုင်းထဲမှာ ပေးအပ်ခဲ့တာဖြစ်တယ်လို့ သူကဆိုပါတယ်။

PDF တပ်ဖွဲဝင်အယောင်ဆောင်တွေကနေစုဆောင်းခဲ့တဲ့ လူငယ်တွေဟာ အသက် ၁၉ နှစ်ကနေ ၂၉ နှစ်ကြားဖြစ်ပါ တယ်။ သူတို့တွေဟာ အခြားစစ်မှုထမ်းစုဆောင်းခံရသူတွေနဲ့အတူ သင်တန်းတက်ရောက်ရပြီး သင်တန်း ပြီးတဲ့အခါမှာတော့ စစ်ဆင်ရေးတွေကို စေလွှတ်ခြင်းခံရပါတယ်။

လူငယ်တွေကို အင်တာနက်ကွန်ရက်ပေါ်ကနေ စစ်မှုထမ်းဖို့ လိမ်လည်နေတာနဲ့ပတ်သက်လို့ အခြား သောအသေးစိတ်အချက်အလက်တွေကိုတော့ စီစစ်နေဆဲဖြစ်လို့ အလုံးစုံထုတ်ဖော်ပြောဆိုနိုင်တာမရှိသေးဘူးလို့လည်းအထက်ပါတပ်ဖွဲ့ဝင်က ဆက်ပြောပါတယ်။

“လူငယ်တွေအနေနဲ့ စီစစ်ကြဖို့ ၊ တော်ရုံနဲ့ လက်မခံကြဖို့ ပြောချင်ပါတယ်။ ရှောင်လွှဲမရလို့ စစ်မှုထမ်း နေတဲ့ လူငယ်တွေကလည်း တိုက်ပွဲတွေဖြစ်လာရင် အသက်မသေအောင်နေဖို့ ၊ အခွင့်အရေးကြုံလာ တာနဲ့ တော်လှန်ရေးအဖွဲ့တွေဆီ ချိတ်ဆက်ဖို့ ပြောချင်ပါတယ်” လို့ သူကဆိုပါတယ်။

ဒါ့အပြင်ဧရာဝတီတိုင်းဒေသကြီးအတွင်းက စစ်မှုမထမ်းလိုတဲ့ လူငယ်တွေဟာလည်း အုပ်ချုပ်ရေးမှူးတွေဆီ ငွေကြေးပေးဆောင်နေရတယ်လို့ဒေသခံတွေဆီကသိရပါတယ်။

ငွေကြေးပေး ဆောင်တဲ့နေရာမှာ ကျပ် ၁ သောင်းကနေ ကျပ် ၃ သိန်းအကြားအထိ ဒေသတခုနဲ့ တခုမတူညီဘဲ လစဉ်ပေးဆောင်နေရတာလို့ မအူပင်မြို့နယ် နတ်စင်ကျေးရွာ အုပ်စုမှာနေထိုင်သူတဦးပြောပါတယ်။

ဧရဝတီတိုင်းဒေသကြီးမှာ စစ်မှုထမ်းဖို့ပေါ်တာဆွဲနေတယ်ဆိုတဲ့ သတင်းကလည်း မြို့နယ်အနှံ့မှာ ထွက်ပေါ်နေပါတယ်။  ဧရာဝတီတိုင်းဒေသကြီးကနေ စစ်မှုထမ်းလူငယ်အများအပြားစုဆောင်းနိုင်ခဲ့တာကို စစ်ကောင်စီကတော့ သူတို့လက်အောက်သတင်းစာတွေမှာချီးကျူးပြောဆိုထားပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီက ပြုလုပ်နေတဲ့စစ်မှုထမ်းသင်တန်းကအပတ်စဥ်(၉) ရောက်ရှိနေပြီဖြစ်ပါတယ်။