ဇန်နဝါရီ ၊ ၂၁
အထူးလှုပ်ရှားတပ် ကို ၂၀၂၄ မေလ မှာ စတင်ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ် ။ တပ်ဖွဲ့မိတ်ဆက် ဖေါ်ပြထားရာမှာ အထူးလှုပ်ရှားတပ်ရင်းမှာပါဝင်တဲ့ ရဲဘော်တွေဟာ လေးကေ့ကော်တိုက်ပွဲ၊ဘလက်တိုတိုက်ပွဲ၊သေ့ဘောဘိုးကုန်း တိုက်ပွဲ၊ဥကရစ်ထကုန်းတိုက်ပွဲ၊ သုံးထပ်ကွေ့တိုက်ပွဲ၊ အလယ်စခန်းရွာတိုက်ပွဲ၊ တောင်ကြာအင်းတိုက်ပွဲ၊ ကော့ကရိတ်တိုက်ပွဲစဉ်တွေနဲ့ ဒီပဲယင်းတိုက်ပွဲ၊ယင်းမာပင်ခရိုင်တိုက်ပွဲ၊ မြို့ပြပျောက်ကြားတိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်ခဲ့သူတွေလို့ ဖေါ်ပြထားပါတယ်။အထူးလှုပ်ရှားတပ်ရင်းအကြောင်း ပိုမိုသိရှိနိုင်ဖို့ တပ်ဖွဲ့မှူး ရဲဘော်သူရ ကို DNA က ဆက်သွယ်မေးမြန်းထားပါတယ်။
မေး : အထူးလှုပ်ရှားတပ် အကြောင်းကို မိတ်ဆက် ဖြေကြားပေးပါ။
ဖြေ : အထူးလှုပ်ရှားတပ်ဆိုတာကတော့ နွေဦးတော်လှန်ရေး ကာလအတွင်းမှာ အတွေ့အကြုံရှိတဲ့ ရဲဘော်တွေနဲ့ စုဖွဲ့ထားတဲ့ တပ်တတပ် ဖြစ်ပါတယ်။ အထူးလှုပ်ရှားတပ်ကို ဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ မဟာဗျူဟာ ထိုးစစ်အတွက် လိုအပ်တဲ့ ထုအင်အားကို တည်ဆောက်နိုင်ဖို့ ၊ နောက်ပြီးတော့ COC ကို ကျကျနန တည်ဆောက်နိုင်ပြီးတော့ စွမ်းအားပြည့်တဲ့ စစ်ဆင်နိုင်တဲ့ တပ်တတပ် ဖြစ်စေနိုင်ဖို့ ရည်ရွယ်ပါတယ် ။ အထူးလှုပ်ရှားတပ်ကတော့ လက်ရှိမှာ ဆိုရင် တပ်ခွဲ(၃) ခွဲနဲ့ ဖွဲ့စည်းထားပြီးတော့ တပ်ခွဲ(၈)ခွဲအထိကို အနည်းဆုံး ဖွဲ့စည်းနိုင်ဖို့ အတွက် ရည်ရွယ်ပါတယ်။ ဒီအတွက်လည်း မဟာမိတ်တွေရဲ့ အင်အားနဲ့အတူ စုဖွဲ့လေ့ကျင့် ပြင်ဆင်လျှက်ရှိပါတယ်။ အဲတော့ လက်ရှိမှာဆိုရင် ချမှတ်ထားတဲ့ ဗျူဟာအရ အထူးလှုပ်ရှားတပ်က စစ်အင်အားနဲ့ စစ်ရေးလှုပ်ရှားမှု သတင်းတွေကို လက်ရှိမှာတော့ စိစစ်ထိန်းချုပ်ထားပါတယ်။ တပ်ခွဲရဲ့ မဟာဗျူဟာ ထိုးစစ်အတွက် လိုအပ်တဲ့ စစ်လက်နက် ခဲယမ်းတွေနဲ့ ချပ်ဝတ်တွေကိုလည်း ထုတ်လုပ် ဖြည့်ဆည်းနိုင်ဖို့ ကြိုးစားနေပြီးတော့ ကာလရှည် လှုပ်ရှား စစ်ကစားနိုင်ဖို့ကိုလည်း လေ့ကျင့်ပြင်ဆင်လျှက် ရှိပါတယ်။ အထူးလှုပ်ရှားတပ်ကို လက်ရှိမှာတော့ စစ်အင်အားကို ခန့်မှန်းနိုင်ခြင်း မရှိစေဖို့နဲ့ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေကို လိုအပ်သလို ဆောင်ရွက်နိုင်ဖို့ အတွက်ကို ဒါ လှုပ်ရှား စစ်ကစားနိုင်ဖို့အတွက်ကို အထူးလှုပ်ရှားတပ်အနေနဲ့ ရည်ညွှန်းပြီးတော့ သုံးနှုန်းပါတယ်။
မေး : အဲဒါဆို အထူးလှုပ်ရှားတပ်ဆိုတာ လူမျိုးစွဲ ဒေသစွဲ မရှိပဲနဲ့ စစ် ၃ စစ် အမြစ်ပြတ်ရေးအတွက် ရည်ရွယ်တာလား ရှင်းပြပေးပါဦး။
ဖြေ : အထူးလှုပ်ရှားတပ်ဆိုတာကတော့ သူ့ရဲ့မူဝါဒမှာ လူမျိုးစွဲ ဒေသစွဲ မရှိပဲ နေရာဒေသမရွေးကို စစ်ဆင်နိုင်တဲ့ တပ်တခုအနေနဲ့ ရည်ရွယ်တယ်ပေါ့နော် ။ ဒါပေမယ့်လည်း ဖွဲ့စည်းပုံအရ ဆောင်ရွက်တဲ့ စစ်ရေးလျှို့ဝှက်ချက်တွေ ရှိတယ်။ဖွဲ့စည်းပုံအရ လုပ်နေရတဲ့ ကိစ္စလေးတွေ ရှိတဲ့အတွက် ဒီအထိပဲ ပြောလို့ရပါတယ်။
မေး : အထူးလှုပ်ရှားတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF အကြားမှာ ဘယ်လို ဆက်ဆံမှု ရှိမလဲ။
ဖြေ : လက်ရှိမှာတော့ အထူးလှုပ်ရှားတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ကြားမှာ ပြောဆိုညှိနှိုင်း ဆွေးနွေးတာတွေတော့ အများကြီး ရှိပါတယ်။ကျွန်တော်တို့ ဒီအဆင့် တဆင့်ချင်းဆီကိုတော့ ဖြတ်ကျော်နေပါတယ် ခင်ဗျ။
မေး : အထူးလှုပ်ရှားတပ် ရပ်တည်ရေးအတွက် ဘဏ္ဍာငွေရရှိဖို့ ဘယ်လို လုပ်ငန်းစဉ်တွေ နဲ့ ရပ်တည်နေပါသလဲ။
ဖြေ :အထူးလှုပ်ရှားတပ်ရဲ့ ရပ်တည်ဖို့ အတွက်ကိုတော့ ပြည်သူလူထုရဲ့ ပံ့ပိုးမှုနဲ့အတူ ရပ်တည်နေပါတယ်။ ပြည်သူလူထုရဲ့ ပံ့ပိုးမှုနဲ့အတူ ရှေ့ဆက်နေပါတယ်။ ကျွန်တော်တို့ အခုလက်ရှိတော့ တပ်ဖွဲ့မှာ စနိုက်ဘာ တလက် တပ်ဆင်နိုင်ဖို့ အတွက်ကို ကမ်ပိန်း လေးလုပ်ထားပါတယ်။ ဒီစနိုက်ဘာ ကမ်ပိန်းရဲ့ အမည်ကတော့ လက်ဖြောင့်စစ်သည် အောင်ပွဲဆီလို့ အဓိပ္ပါယ်ရပါတယ်ဗျ ။ သိန်း ၅၀၀ ကမ်ပိန်း ဖြစ်ပါတယ်။ ဒီဖေဖေါ်ဝါရီလ ၅ ရက်နေ့မှာ အပြီးသတ်မှာ ဖြစ်ပါတယ်။ စုစုပေါင်း တလတာ ကမ်ပိန်းဖြစ်ပါတယ်။ ပြည်သူလူထု အနေနဲ့လည်း ဒီကမ်ပိန်းကို ပါဝင်ပေးကြပါ။ ကျွန်တော်တို့ ဒီအထူးလှုပ်ရှားတပ်ကို ပံ့ပိုးပေးနိုင်ဖို့ အတွက် တတ်နိုင်သမျှ ပါဝင်ပေးကြဖို့အတွက် ကျွန်တော့်အနေနဲ့ တိုက်တွန်း နှိုးဆော်ပါတယ်ဗျ။
မေး : အထူးလှုပ်ရှားတပ်ရဲ့ ရပ်တည်ရေးအတွက် လူထုပါဝင်ထောက်ပံ့မှုက ဘယ်လောက်အတိုင်းအတာ အရေးပါမလဲ။
အထူးလှုပ်ရှားတပ်ရဲ့ ရပ်တည်ရေးအတွက် အပြင်ကို ဒီတောထဲမှာ ရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အားလုံးရဲ့ ရပ်တည်ရေးအတွက် ပြည်သူလူထုရဲ့ ပံ့ပိုးမှုဟာ အဓိက ကျပါတယ်။ ပြည်သူလူထုရဲ့ ပံ့ပိုးမှု မရှိရင်တော့ ဘယ်တော်လှန်ရေးတပ်မှ ရပ်တည်နိုင်ဖို့ အတွက် တော်တော်လေး အခက်အခဲတွေ ကြုံရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူလူထုရဲ့ ပံ့ပိုးမှုကတော့ တော်လှန်ရေးအဖွဲ့တိုင်းအတွက် အရေးကြီးပါတယ်။
ဖြေ : အထူးလှုပ်ရှားတပ်အနေနဲ့ ပြည်သူလူထုကို ၂၀၂၅ အတွက် ဘယ်လို သတင်းစကားပေးချင်ပါသလဲ။
ပြည်သူလူထု အတွက် အားထားရတဲ့ တပ်တခု ဖြစ်အောင်လို့ ကြိုးစားတည်ဆောက်နေပါတယ်။ ပြည်သူလူထုကို ကာကွယ်နိုင်ဖို့ အတွက်ကို ဒီရဲဘော်အပေါင်းက အားသွန်ခွန်စိုက်နဲ့ နေ့မအား ညမအား အလုပ်လုပ်နေကြပါတယ်။ ဒီအတွက် ပြည်သူလူထု အတွက်ကို ကျွန်တော်တို့ အကောင်းဆုံးအနေနဲ့ ထွက်ပေါ်လာဖို့ ရှိတယ်လို့ ပြောချင်ပါတယ် ခင်ဗျ။