ဇန်နဝါရီလ၊ ၁၅ရက်။
(Fact Check) DNA / The Red Flag
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုမှာရှိတဲ့ရွာနှစ်ရွာ အနီးက KIAတပ်စခန်းတွေကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ရက်က လေကြောင်းတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းမှားတခု လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။
အဲဒီ့သတင်းမှားကို စစ်ကောင်စီ လက်အောက်ခံမီဒီယာဖြစ်တဲ့ People Media က ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ရက်က wedsiteနဲ့ တယ်လီဂရန်ချန်နယ်တွေကတဆင့် စတင်ဖြန့်ဝေခဲ့ပြီး ကြည့်ရှုသူ ၃,၄၃၄၆ဦး၊ reactions ပြုလုပ်သူ ၅၆၂ဦးနဲ့ comment ရေးသားသူ ၁၆ဦးထိရှိနေပြီး ပြန်လှည်မျှဝေသူတွေရှိနေကာ ပျံ့နှံ့မှုအားကောင်းနေတာပါ။
People Media – https://archive.ph/vSlnB
ဒီသတင်းကိုပဲ စစ်ကောင်စီလော်ဘီတယ်လီဂရန်ချန်နယ်တခုဖြစ်တဲ့ နေပြည်တော်ချန်နယ်ကလည်း “ ဖားကန်းမြို့နယ် ဂျင်းဖောကင်များလေကြောင်းတိုက်ခိုက်သုတ်သင်အပြီး ကဦးတွေ့ရ။” ဆိုတဲ့ (မူးရင်းအတိုင်း) စာသားနဲ့အတူ ဓါတ်ပုံတွေကို ဖြန့်ဝေထားခဲ့ပြီး တခြားချန်နယ်တွေကလည်း ပြန်လည်ဖြန့်ဝေထား သလို Tiktokနဲ့ တခြားလူမှုကွန်ရက်စာမျက်နှာတွေမှာပါ ပျံ့နှံ့နေတာပါ။
သတင်းမှားလင့်များ –
နေပြည်တော် – https://archive.ph/rCoVx
Ye Yint Htet (#yyh) – https://archive.ph/6lPz5
မှိုင်းဝေ – https://archive.ph/uLUaa
Ye’ Ba Nyein – https://t.me/yebanyein007/55308
BMT – https://archive.ph/zboNf
အဲဒီ့ပျံ့နှံ့နေတဲ့သတင်းကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကနေ အချက်လက် စိစစ်ကြည့်တဲ့အခါမှာ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်တာမရှိဘဲ ဆန်ခါရွာထိပ်နဲ့ မဆွပ်ယန်စာသင်ကျောင်းအနီးကိုလေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားထိခိုက်သေဆုံးခဲ့တယ်ဆိုတာကို တွေ့ရှိရပြီး သတင်းမှားဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။
☑️ သတင်းစိစစ်ချက်
DNA Fact Check အဖွဲ့ကနေ လေကြောင်းတိုက်ခိုက်ခဲ့တဲ့နေရာနဲ့ ဖြစ်စဥ်တွေကို တိုက်ဆိုင်စစ်ဆေးကြည့်တဲ့အခါမှာ သေဆုံးသူတွေက ရေမဆေးကျောက်ရှာဖွေသူတွေနဲ့ ဖြစ်စဥ်အနီးကလမ်းသွားလမ်းလာသူတွေဖြစ်တယ်လို့ တွေ့ရှိရပါတယ်။
လေကြောင်းတိုက်ခိုက်ခံထားရတဲ့ ဓါတ်ပုံတွေမှာလည်း သေဆုံးသူတချို့က ဆိုင်ကယ်မောင်းနေရင်းနဲ့ တိုက်ခိုက်ခံထားရတဲ့ပုံအချို့လည်း ပါဝင်နေသလို ရေမဆေးကျောက်ရှာဖွေနေတဲ့သူတွေလွယ်လေ့ရှိတဲ့ လွယ်အိတ်တွေကို လွယ်ထားတာဖြစ်ပြီး ယူနီဖောင်းနဲ့ လက်နက်ကိုင်ဆောင်ထားတာမျိုးကိုလည်း မတွေ့ရပါဘူး။
စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခဲ့တဲ့နေရာတွေမှာ ကျောက်စိမ်းတူးဖော်တဲ့ကုမ္မဏီတွေ၊ ရေမဆေးကျောက်ရှာဖွေနေသူတွေနဲ့ ဖြတ်သန်းသွားလာတဲ့သူတွေပဲရှိပြီး ဆန်ခါကျေးရွာက လူမှုကူညီရေးအသင်းအနီးကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်ဆိုတာကို ကချင်ပြည်နယ် အခြေစိုက်သတင်းဌာနတခုဖြစ်တဲ့ Kachin News Group ရေးသားထားတာကို ဖတ်ကြည့်နိုင်ပါတယ်။
Kachin News Group – https://shorturl.at/eQl72
စစ်ကောင်စီက ဂျက်လေယာဥ်နဲ့လေကြောင်းတိုက်ခိုက်တာအပြင် စက်သေနတ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတွေအပါအဝင် အရပ်သားသေဆုံးမှုများပြားခဲ့တယ်လို့ RFA Burmese သတင်းဌာနကနေလည်းရေးသားထားပါသေးတယ်။
RFA Burmese – https://shorturl.at/2PubS
လုံးခင်းကျေးရွာအုပ်စုက မဆွပ်ယန်ကျေးရွာ၊မဆွပ်ယန်ထောင်အနီးနဲ့ ဆန်ခါကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိပဲ အရပ်သားတွေအလုပ်လုပ်တဲ့ ကျောက်စိမ်းလုပ်ကွက်နေရာတွေမှာ ဗုံးကြဲချခဲ့တာဖြစ်တယ်လို့ Myitkyina News Journal က သတင်းရေးသားထားပါသေးတယ်။
Myitkyina News Journal – https://shorturl.at/rIcXh
☑️ သုံးသပ်ချက်
စစ်ကောင်စီက လေကြောင်းကတဆင့် လုံးခင်းကျေးရွှာအုပ်စုမှာရှိတဲ့ ဒေသခံအရပ်သားတွေအလုပ်လုပ်ကိုင်ရာနေရာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့သလို၊ စက်သေနတ်နဲ့လည်းပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတာကို တွေ့ရှိရပါတယ်။
စစ်ကောင်စီလော်ဘီချန်နယ်တွေက လေကြောင်းနဲ့တိုက်ခိုက်ခံရလို့ အရပ်သားသေဆုံးမှုဖြစ်ပွားခဲ့တဲ့ဖြစ်စဥ်ကို KIAတပ်စခန်းကိုဗုံးကြဲချခဲ့လို့ KIAတပ်သားအများအပြားသေဆုံးခဲ့တယ်လို့ လိမ်လည်ရေးသားထားတာပါ။
ဒါကြောင့် ဖားကန့် လုံးခင်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ လေကြောင်းတိုက်ခိုက်ခံမှုမှာ အရပ်သားတွေသေဆုံးခဲ့တာဖြစ်ပြီး KIAတပ်စခန်းကိုဗုံးကြဲချလို့ KIAတပ်သားအများအပြားသေဆုံးခဲ့တယ်ဆိုတဲ့သတင်းအကြောင်းအရာက မှားယွင်းနေကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ရက်၊ ၂၀၂၄ခုနှစ်ကလည်း TNLAတပ်သားတွေ မူးယစ်ဆေးသုံးစွဲတဲ့နေရာကို စစ်ကောင်စီကလေကြောင်းနဲ့တိုက်ခိုက်ဆိုတဲ့သတင်းမှားကိုလည်း MFCN အဖွဲ့ဝင်တွေက စစ်ဆေးနိုင်ခဲ့ပါသေးတယ်။
အချက်လက်စစ်ဆေးထားသည့် လင့်ခ် – https://www.facebook.com/share/v/19xnExPAAZ/
ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check ကို ဒီနေရာ ကနေ ဝင်ရောက်ဆက်သွယ်မေးမြန်းအကြံပြုဖို့လည်း ဖိတ်ခေါ် အပ်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဤနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
#လေကြောင်းတိုက်ခိုက် #KIA #CivilianCasualties #MFCN #DNAFactCheck