ဒီဇင်ဘာ၊ ၃၁
နိုင်ငံတဝန်းလက်နက်ကိုင်ပဋိပက္ခ တိုက်ပွဲတွေကြားက ရွေးကောက်ပွဲအတွက် မဲစာရင်းမှန်ကန်ဖို့ သန်းခေါင် စာရင်းကောက်ယူမယ်လို့ အာဏာသိမ်းစစ်ကောင်စီကကြွေးကြော်ခဲ့ပေမဲ့ နိုင်ငံအတွင်းရှိမြို့နယ်အားလုံးရဲ့ ထက် ဝက်လောက်ကိုသာ ရာနှုန်းပြည့်ကောက်ယူနိုင်ခဲ့တယ်လို့သိရပါတယ်။
ဒေသအများစုမှာအခုနှစ် အောက်တိုဘာ ၁ရက်ကနေ ၁၅ရက်အထိလဝက်ကြာမြင့်ခဲ့တဲ့ သန်းခေါင်စာရင်းကောက် ယူမှုမှာ စုစု ပေါင်းမြို့နယ် ၃၃၀ထဲက ၁၄၅ မြို့နယ်ကိုသာ ရာနှုန်းပြည့်ကောက်နိုင်ခဲ့ပြီး ၁၂၇မြို့နယ်မှာတော့ တ စိတ်တဒေသပဲ ကောက်ယူနိုင်ခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်တဲ့ ရှေ့ပြေးလူဦးရေစာရင်း အစီရင်ခံစာမှာ ဖော်ပြ ပါတယ်။
သန်းခေါင်စာရင်းလုံးဝမကောက်နိုင်တဲ့ မြို့နယ် ၅၈မြို့နယ်ရှိပြီး အဲဒီဒေသတွေအတွက်လူဦးရေခန့်မှန်းတဲ့ လုပ်ငန်း ကို Earth Remote Sesing(ERS)နည်းပညာ(မြေတိုင်းမှန်းဆမှု)နဲ့ GISနည်းပညာတို့ပေါင်းစပ်အသုံးပြုခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့အခုထုတ်ပြန်ချက်အရ မြို့နယ်ပေါင်း ၁၄၅မြို့နယ်မှာ သန်းခေါင်စာရင်း ရာနှုန်းပြည့်ကောက်နိုင်ခဲ့ တယ်လို့ ဖော်ပြပေမယ့် ရန်ကုန်၊မန္တလေးလို မြို့ကြီးတွေမှာတောင် အိမ်တိုင်းစေ့အချက်အလက်မှန်မှန်ကန်ကန် ကောက်ယူနိုင်တဲ့ အခြေအနေမရှိဘူးလို့ ပြည်သူတချို့က မှတ်ချက်ပြုကြပါတယ်။
“အိမ်တွေကျော်ကောက်သွားတာရှိတယ်၊မကောက်ဘဲ ကောက်ပြီးစတစ်ကာတွေပေးသွားတယ်၊ တချို့ကျမေးတာ တွေမဖြေချင်လို့ရှောင်ထွက်တဲ့အိမ်တွေလည်းရှိတယ်၊ဖြေတဲ့သူတချို့ကလည်း အမှန်မပြောဘူး၊ ဒါကြောင့်အဲဒီ သန်းခေါင်စာရင်းကတိကျမှန်ကန်စရာမရှိဘူး”လို့ သင်္ဃန်းကျွန်းမြို့နယ်နေပြည်သူတဦးကပြောပါတယ်။
လက်ရှိထုတ်ပြန်လိုက်တဲ့ရှေ့ပြေးလူဦးရေးစာရင်းအရ မြန်မာနိူင်ငံရဲ့လူဦးရေမှာ ၅၁ဒဿမ၃သန်းကျော်ရှိတယ်လို့ ဆိုထားပြီး ၂၀၁၄စာရင်းထက်စာရင် ဦးရေ နှစ်သိန်းလောက်လျော့သွားတဲ့သဘောဖြစ်ပါတယ်။
အဲဒီ လူဦးရေ ၅၁ဒဿမ၃သန်းကျော်မှာ စာရင်းကောက်နိူင်တဲ့လူဦးရေက ၃၂သန်းကျော်ဖြစ်ပြီး ဦးရေ၁၉သန်း ကျော်ကို (ERS)နည်းပညာနဲ့ခန့်မှန်းတွက်ချက်ထားတာလို့လည်းဆိုပါတယ်။ဒါကြောင့် စစ်ကောင်စီအခုထုတ်ပြန် လိုက်တဲ့လူဦးရေစာရင်းထဲက လေးဆယ်ရာခိုင်နှုန်းနီးပါးလောက်ဟာ ခန့်မှန်းတွက်ချက်ဖော်ပြထားတဲ့ သဘော ဖြစ်ပါတယ်။
လက်ရှိစာရင်းအရ အမျိုးသားဦးရေမှာ ၄၆ဒဿမ၉ရာခိုင်နူန်းရှိပြီးအမျိုးသမီးဦးရေကတော့ ၅၃ဒဿမ၁ ရာခိုင်နှုန်းရှိကာ အမျိုးသမီးဦးရေက နှစ်သန်းနီးပါးပိုများတယ်လို့လည်း စစ်ကောင်စီရဲ့ ရှေ့ပြေး အစီရင်ခံစာ ကဆိုပါတယ်။
NLD ပါတီဆက်လက်အနိုင်ရခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိလို့ဆိုကာ အစိုးရအဖွဲ့ခေါင်းဆော င်တွေနဲ့ အနိုင်ရပါတီခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းပြီး အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီဟာ သူတို့ ဦးစီးကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲစာရင်းမှန်ကန်ရေးအလေးထားလုပ်ဆောင်နေတယ်လို့ ကြွေးကြော် ထားပါတယ်။
ဒါပေမဲ့ တဖက်မှာ မဲစာရင်းမှန်ကန်ရေး အကြောင်းပြချက်နဲ့ စစ်ကောင်စီရဲ့သန်းခေါင်စာရင်းကောက်ယူမှုကို နိုင်ငံတကာ ပညာရှင်တွေပံ့ပိုးကူညီမှုမရှိသလို မြေပြင်အခြေအနေတွေအရလည်း စစ်ကောင်စီရဲ့ ထိန်းချုပ် ဒေသတွေလက်လွှတ်ထားရတာ၊တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီရဲ့သန်းခေါင်စာရင်းကောက်ယူမှု ကိုလက်မခံဘဲ ဆန့်ကျင်တာတွေအပြင် စစ်ကောင်စီအပေါ်မယုံကြည်တာကြောင့် လူထုကလည်း အပြည့်အဝပူး ပေါင်းဆောင်ရွက်တာမျိုးအားနည်းခဲ့တယ်လို့ ပြည်သူတွေနဲ့ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။
ဒါ့အပြင် သန်းခေါင်စာရင်းကောက်ယူချိန်ဟာ မြန်မာနိုင်ငံဒေသအနှံ့အပြားမှာ မိုးများပြီး မြေပြိုတာ၊ရေကြီးနစ် မြုပ်တာစတဲ့ သဘာဝဘေးဒဏ်တွေနဲ့ကြုံနေရချိန်ဖြစ်ပြီး သန်းခေါင်စာရင်း ကောက်ယူမှုကို မရွှေ့ဆိုင်းရဖို့ အတွက်ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေရတဲ့ ရေဘေးသင့်ပြည်သူတွေကို အမြန်ဆုံးနေရပ်ပြန်ပို့ဖို့ အာဏာသိမ်းစစ်ခေါင်းဆောင်ကသူ့လက်အောက်ခံတွေကိုညွှန်ကြားခဲ့ပါသေးတယ်။