ဒီဇင်ဘာ၊ ၂၆
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းသိန်းသောင်းချီတန်ကြေးရှိ ရှေးဟောင်းပစ္စည်းတွေတူးဖော်တွေ့ရှိ ကြောင်းသတင်းထွက်ပြီးလပိုင်းအကြာအထိ စစ်ကောင်စီကနှုတ်ဆိတ်နေခဲ့ပေမဲ့ မနေ့ညမှာတော့ အဲ့ဒီရှေးဟောင်း ပစ္စည်းတွေတွေ့ရှိ ထုခွဲ ရောင်းချသူသုံးဦးကို ဖမ်းဆီးထားတယ်လို့ ထုတ်ပြန်လာပါတယ်။
ရှေးဟောင်းရွှေထည်တွေ တူးဖော်တွေ့ရှိပြီးနောက် သက်ဆိုင်ရာကိုသတင်းမပို့ဘဲ ထုခွဲရောင်းချခွဲခဲ့သူတွေကို ရှာ ဖွေဖမ်းဆီးရာမှာ နိုဝင်ဘာ ၉ရက်မှာ ပန်းရံလုပ်သားသုံးဦးကို သူတို့ရဲ့နေအိမ်တွေကနေ ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖြစ် စဉ်နဲ့ပတ်သက်နေသူ နောက်ထပ် ၁၂ဦးကိုတော့ ဖမ်းမိတာမရှိသေးဘူးလို့ စစ်ကောင်စီထုတ်ပြန်ချက်မှာ ဖော်ပြပါ တယ်။
ကနဦးထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ တူးဖော်တွေ့ရှိခဲ့တဲ့ ရှေးဟောင်းပစ္စည်းတွေဟာ သိန်းသောင်းချီတန်ကြေး ရှိနိုင်တယ်လို့ ရှေးဟောင်းပညာရှင်တချို့ကခန့်မှန်းပြောဆိုမှုတွေရှိခဲ့တဲ့ အဲ့ဒီဖြစ်စဉ်မှာ ရွှေလက်ကောက် ဆယ် ကွင်း၊ရွှေလုံးနှစ်ခုနဲ့ ရွှေဘယက်တချို့ပါဝင်တဲ့ ရှေးဟောင်းမြေအိုးတလုံးတူးဖော်တွေ့ခဲ့တာလို့ စစ်ကောင်စီက ဆိုပါတယ်။
ညောင်ဦးမြို့ မြင်းကပါကျေးရွာ၊ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရေမြောင်းဖောက်လုပ်ရေး လုပ်ငန်း တွေဆောင်ရွက်ရင်း စက်တင်ဘာ ၂၀ရက်မှာ ရေမြောင်းဖောက်လုပ်ငန်းလုပ်ကိုင်ခွင့်ရထားသူ ဦးညို(ခကိုကိုညိုဆို သူနဲ့ ပန်းရံအလုပ်သမား ၁၂ဦးတို့က ရှေးဟောင်းရွှေထည်တွေပါတဲ့ မြေအိုးတလုံးတူးဖော်တွေ့ခဲ့တာလို့ စစ်ကောင် စီထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
အဲ့ဒီရှေးဟောင်းရွှေထည်တွေကို ရေမြောင်းဖောက်လုပ်ငန်းလုပ်ကိုင်ခွင့်ရထားသူနဲ့ ပန်းရံအလုပ်သမားတွေခွဲဝေ ကာ ထုခွဲရောင်းချခဲ့ကြရာမှာ စုစုပေါင်းကျပ် သိန်း ၁၅,၀၀ လောက်ရခဲ့တဲ့အပြင် လက်ရှိဖမ်းဆီးခံထားရတဲ့ ပန်းရံ လုပ်သားသုံးဦးအနက် နှစ်ဦးဆီကလည်း ရှေးဟောင်းရွှေလက်ကောက်အကွေး ငါးခု၊ရွှေခဲသုံးခု၊ရွှေထည် ပစ္စည်းမျိုး စုံ လေးကျပ်သားကျော်၊ရွှေထည်ပစ္စည်းအပိုင်း အစ ၁၃ကျပ်သားကျော်တို့ကို သိမ်းဆည်းရမိထားသေးတယ်လို့ သိ ရပါတယ်။
ရှေးဟောင်းသုသေတနပညာရှင်အသိုင်းအဝိုင်းမှာတော့ အဲ့ဒီဖြစ်စဉ်မှာ သံလျက်၊ရွှေစလွယ်၊ရွှေဘယက် ၊ရွှေလက် ကြပ်၊ရွှေဆင်းတုတော်တွေအပြင် တခြားရွှေထည်အများအပြားပါဝင်တဲ့ ရွှေးဟောင်းပစ္စည်းတွေကို အိုးလိုက် တူး ဖော်တွေ့ရှိခဲ့တာလို့ ကနဦးသတင်းတွေထွက်ပေါ်ချိန်မှာ ပြောဆိုကြတာရှိပါတယ်။
ရေမြောင်းဖောက်လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိတဲ့ ကန်ထရိုက်က အလုပ်သမားတွေကို ကျပ်သိန်းငါးဆယ်စီပဲ ပေးတာ ကြောင့် အချင်းချင်းအဝေမတည့်ရာက ဒေသတွင်း စစ်ကောင်စီအာဏာပိုင်တွေ၊ဒေသခံတွေကြား လူသိများလာ တာလို့ ရှေးဟောင်းသုတေသနပညာရှင်တဦးက နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း လူမှုကွန်ရက်မှာ ထုတ်ဖော် ပြောဆိုခဲ့ပါသေးတယ်။
စစ်ကောင်စီရဲ့ လက်ရှိသတင်းထုတ်ပြန်ချက်မှာတော့ တူးဖော်တွေ့ရှိတဲ့မြေအိုးထဲက ရှေးဟောင်းရွှေထည်တွေကို ကန်ထရိုက်နဲ့အလုပ်သမားတဦး ခွဲဝေယူခဲ့ကြသလို ကန်ထရိုက်ဖြစ်သူ ဦးညို(ခ)ကိုကိုညိုဆိုသူယူထားတဲ့ ရှေး ဟောင်းရွှေထည်ရောင်းရငွေတွေထဲကနေ ကျန်တဲ့အလုပ်သမား ၁၂ဦးကို တဦးကျပ် ၅၂သိန်းကျော်စီပေးခဲ့သေး တယ်လို့လည်းဖော်ပြပါတယ်။