ဒီဇင်ဘာ၊ ၁၃
မကွေးတိုင်း ပခုက္ကူမြို့နယ်၊ ကမ္မမြို့အနီးက ပျူစောထီးရွာတရွာဖြစ်တဲ့ ရေလာလေးကျေးရွာအခြေစိုက် စစ်ကောင်စီစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဒီဇင်ဘာ ၁၁ရက်က စီးနင်းတိုက်ခိုက်ရာမှာ နှစ်ဖက်ထိခိုက် ကျဆုံးမှုရှိ ကာ သုံ့ပန်းခုနစ်ဦးနဲ့လက်နက်ခဲယမ်းတချို့ ရခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုသတင်းနဲ့ ပြန်ကြား ရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က DNAကို ပြောပါတယ်။
အဲ့ဒီစစ်ကောင်စီစခန်းကို အညာမြေတပ်ပေါင်းစုတပ်ဖွဲ့အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တွေက ဒီဇင်ဘာ ၁၁ ရက် မနက်ခြောက်နာရီကစလို့ စီးနင်းတိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ချိန် တနာရီခွဲလောက်အ တွင်းစစ်ကောင်စီဘက်က ခြောက်ဦးလောက်သေဆုံးသလို တော်လှန်ရေးတပ်ဖွဲ့ဝင်နှစ်ဦးလည်းကျဆုံးတယ်လို့ အညာမြေတပ်ပေါင်းစုရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
အဲ့ဒီတိုက်ပွဲကနေ ၆၀မမစိန်ပြောင်းတလက်၊ MA-စီးရီးသေနတ်နှစ်လက်၊ ကာဘိုင်၁၂လက်၊ ရှော့ဂန်းသုံးလက်၊ လက်လုပ် 5.56 တလက်၊ ကျည်မျိုးစုံနှစ်ထောင်ဝန်းကျင်နဲ့ တခြားစစ်အသုံးအဆောင်တွေသိမ်းဆည်းနိုင်ခဲ့သလို သုံ့ပန်းတွေလည်းဖမ်းမိခဲ့တာလို့ အညာမြေတပ်ပေါင်းစုက အသိပေးထားပါတယ်။
“သုံ့ပန်းတွေကတော့ဂျနီဗာ ကွန်ဗန်းရှင်းအရဆောင်ရွက်နေပါတယ်”လို့ အညာမြေတပ်ပေါင်းစု သတင်းနဲ့ပြန် ကြား ရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က DNAကိုပြောပါတယ်။
တိုက်ပွဲအတွင်းစစ်ကောင်စီဘက်က လေယာဉ်နဲ့ လေးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံသုံးဦးနဲ့ တော် လှန်ရေးတပ်ဖွဲ့ဝင် သုံးဦးဒဏ်ရာရခဲ့ကာ ကျဆုံးတပ်ဖွဲ့ဝင်နှစ်ဦးကတော့ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ SRF က တပ်စိပ်မှူးရဲဘော်ထောင့်မကျိုး(ခ)ရဲဘော်ဟိန်းမင်းခန့်နဲ့ပြည်သ့လွတ်မြောက်ရေးတပ်မတော်(PLA) အနောက် မြောက်စစ်ဒေသအထူးတပ်ဖွဲ့က ရဲဘော်ကိုထက်တို့နှစ်ဦးဖြစ်တယ်လို့ သိရပါတယ်။
ကျဆုံးသွားတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်နှစ်ဦးထဲက PLA တပ်ဖွဲ့ဝင် ရဲဘော်ကိုထက်ဟာ အထူးတပ်ဖွဲ့ဝင်တဦးဖြစ်သလို ငါးမျိုးကောင်းစစ်သည်ဆုရ တပ်ဖွဲ့ဝင်တဦးလည်းဖြစ်တယ်လို့ သိရပါတယ်။
ကမ္မမြို့ အနီး မြို့အရှေ့ဘက်မှာရှိတဲ့ ရေလာလေးကျေးရွာဟာ အာဏာသိမ်းပြီးနောက် စစ်အုပ်စုတပ်စွဲအခြေချရာ ကျေးရွာတရွာဖြစ်လာပြီး တော်လှန်ရေးတပ်တွေဘက်က မကြာမကြာ သွားရောက်တိုက်ခိုက်လေ့ရှိတဲ့ ကျေးရွာ ဖြစ်ပါတယ်။
အခုတကြိမ်တိုက်ပွဲမှာ အညာမြေတပ်ပေါင်းစု၊ကျောင်းသားလက်ရုံး တပ်တော်၊ပြည်သူ့လွတ်မြောက်ရေး တပ်မ တော်PLA၊ပခုက္ကူခရိုင်Local တပ်ရင်း၊Kamma Revolution Froce၊ Justice Revolution Force တို့ပူးပေါင်း တိုက် ခိုက်ခဲ့ကြပြီး စစ်ကောင်စီစခန်းကိုယာယီစီးနင်းနိုင်ခဲ့ပေမယ့် တော်လှန်ရေးတပ်တွေပြန်လည်ဆုတ်ခွာခဲ့ကြတယ် လို့သိရပါတယ်။
“အခုလက်ရှိ ေ-ွး(စစ်ကောင်စီတပ်)တွေက ရေလာလေးကိုပြန်စီးလိုက်ပါပြီ”လို့ ကိုဘိုဘိုသန့်ဇင်က DNAကိုပြောပါတယ်။
ရေလာလေးရွာတိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်တွေကလည်း အဲ့ဒီရွာကနေ စစ်ကြောင်းနှစ်ခုခွဲထွက်ကာ စစ်ကြောင်းပြန်ထိုးနေပြီး ဒီကနေ့မနက်ပိုင်းမှာ ရေလာကြီးကျေးရွာထဲက နေအိမ်တွေကို မီးရှို့နေတယ်လို့ ဆိုပါ တယ်။