စစ်ကောင်စီလေကြောင်းနဲ့ လက်နက်ကြီးကြောင့် မိုင်းငေါ့နဲ့နောင်ချိုဒေသခံ ခုနစ်ဦးဒဏ်ရာရ

Photo – TNLA

အောက်တိုဘာ၊ ၁၇

တအောင်းတပ် TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မိုင်းငေါ့နဲ့ နောင်ချိုမြို့တွေမှာ စစ်ကောင်စီဘက်ကလေ ကြောင်း တိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒီကနေ့ တရက်တည်း ဒေသခံငါးဦး ထိခိုက်ဒဏ်ရာ တွေရကြသ လို နေအိမ် ၁၅လုံးလည်း ပျက်စီးသွားတယ်လို့ TNLA ကပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးပထမပိုင်းကတည်းက TNLA သိမ်းပိုက်ထိန်းချုပ်ခဲ့တဲ့ မိုင်းငေါ့မြို့ကို စစ်ကောင်စီက ဒီကနေ့ မနက် ၁၁နာခွဲဝန်းကျင်နဲ့ တနာရီခွဲဝန်းကျင်တို့မှာ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအမျိုးသမီးငါးဦး ဒဏ်ရာရကာ နေအိမ် ၁၅လုံးပျက်စီးခဲ့တာလို့သိရပါတယ်။

စစ်ကောင်စီက ပေါင်သုံးရာဗုံး နှစ်ကြိမ်ကြဲချတိုက်ခိုက်ရာမှာ မိုင်းငေါ့မြို့ မန်လုံရပ်ကွက်ထဲ ကျရောာက်ပေါက် ကွဲပြီး လူထိခိုက်မှုနဲ့ နေအိမ်ပျက်စီးမှုတွေဖြစ်ခဲ့တာလို့ TNLA ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

အလားတူ ဒုဌဝတီတံတားနဲ့ ကျောက်ဂူလမ်းမှာရှိနေတဲ့ စစ်ကောင်စီတပ်က ဒီကနေ့မှာပဲ နောင်ချိုမြို့နယ်ဘက်ကို လက်နက်ကြီးနှစ်လုံး ပစ်ခတ်တိုက်ခိုက်တာကြောင့် ဒေသခံနှစ်ဦး ဒဏ်ရာတွေရခဲ့ကြတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ စစ် ရေးသတိရှိဖို့၊လူစုလူဝေးမလုပ်ကြဖို့နဲ့ လေကြောင်းရန်ကာကွယ်မှုဆိုင်ရာ အသိပေးထုတ်ပြန်ချက်တွေကို လိုက်နာ ကြဖို့ TNLA က ထပ်မံအသိပေးထားပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ ဦးဆောင်တဲ့ ၁၀၂၇စစ်ဆင်ရေး ဒုတိယလှိုင်းနဲ့ ရှမ်းမန်းစစ်ဆင်ရေးတွေအတွင်း နမခ ဌာနချုပ်အခြေစိုက်ရာ လားရှိုးမြို့နဲ့ ရှမ်းမြောက်က လက်ကျန်မြို့နယ်တွေအပါအဝင် မန္တလေးတိုင်းအတွင်းက ဒေသတချို့ကိုပါ လက်လွှတ်ခဲ့ရတဲ့နောက် စစ်ကောင်စီက ညီနောင်မဟာမိတ်သုံးဖွဲ့ထိန်းချုပ်ဒေသတွေအပါအဝင် နိုင်ငံတဝန်းမှာ နေ့စဉ် လေကြောင်းတိုက်ခိုက်မှုလုပ်နေတာပါ။

အခုလ နိုဝင်ဘာ ၁၁ရက်နဲ့ ၁၂ရက်တွေတုန်းကတော့ စစ်ကောင်စီက TNLA ထိန်းချုပ်မြို့တွေဖြစ်တဲ့ နောင်ချိုနဲ့ မိုး ကုတ်မြို့တွေထဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် နှစ်ရက်အတွင်း ဒေသခံ နှစ်ဆယ်ဦးသေဆုံး ကာ နှစ်ဒါဇင်လောက် ဒဏ်ရာတွေရခဲ့ကြပါတယ်။

ဒီအတောအတွင်း နောင်ချိုမြို့နယ် တောင်ခမ်းတပ်နယ်မှာတော့ နှစ်ဖက် တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး နိုဝင်ဘာ၁၆ရက်ကဖြစ်ခဲ့တဲ့တောင်ခမ်းအခြေစိုက်အမြောက်တပ်၃၅၄နဲ့ ၉၀၂ စခန်းတိုက်ပွဲတွေအတွင်းစစ် ကောင် စီတပ်မ ၁၁ လက်အောက်ခံ ခမရ၂၁၃ တပ်ရင်းမှူး အပါအဝင် ဗိုလ်မှူး၊ဗိုလ်ကြီးအဆင့်ရှိသူတွေသေဆုံးခဲ့ပြီး သုံ့ပန်း လေးဦးကိုလက်နက်ခဲယမ်းတွေနဲ့ ဖမ်းမိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။