ပုလောနဲ့ မြိတ်ကြား ပင်လယ်ပြင်မှာ စစ်ရှောင်တွေအပါအဝင် လူရှစ်ဆယ်ကျော်ပါတဲ့ စက်လှေတိမ်းမှောက်

Photo – Social Media

အောက်တိုဘာ၊ ၂၁

တနင်္သာရီတိုင်း၊ ပုလောမြို့နဲ့ မြိတ်မြို့ကြား ပင်လယ်ပြင်မှာ အောက်တိုဘာ ၂၀ ရက်၊ မနေ့ည ၉ နာရီကျော်လောက်မှာ စစ်ဘေးရှောင်တွေအပါအဝင် ခရီးသည် ရှစ်ဆယ်ကျော်လိုက်ပါလာတဲ့ စက်လှေ တစီးတိမ်းမှောက်လို့ သေဆုံး၊ ပျောက်ဆုံးနေသူတွေ များပြားတယ်လို့ ဒေသခံတွေဆီကနေ သိရပါ တယ်။ 

“ချက်ချင်း ကူညီကယ်ဆယ်ရေးတွေလုပ်နေတာ၊ ညကတောင် အလောင်းခုနစ်လောင်းရတယ်၊ အဲ့ လောက်ထိပဲ သိရသေးတယ်” လို့ စက်လှေ တိမ်း မှောက်တဲ့ နေရာနဲ့နီးတဲ့ မိန်းမမြို့ရွာ ရွာခံတဦးက DNA ကို ပြောပါတယ်။ 

ပုလောမြို့နယ်၊ ကျောက္ကာရွာနဲ့ ကိုက်တ ထောင် လောက်အကွာ ပင်လယ်ပြင်မှာ စက်လှေတိမ်း မှောက်ခဲ့တာဖြစ်ပြီး လှေပေါ်မှာတော့ စစ်ရှောင်တွေ၊ ခရီးသည်တွေနဲ့ မြိတ်မြို့မှာ ကျောင်းသွားတက်မယ့် ကလေးငယ်တွေပါ ပါလာခဲ့တယ်လို့ သိရပါတယ်။ 

ဒီကနေ့ မနက် ၉ နာရီလောက်အထိတော့ အသက် ရှင်လျက် ငါးဦးခန့်နဲ့ ရုပ်အလောင်း ခုနစ်လောင်းကို ဆယ်ယူရရှိထားတယ်လို့သိရပြီး သေဆုံးသွားသူ တွေထဲ နို့စို့အရွယ် ကလေးငယ်တဦးပါ ပါဝင်နေ ပါတယ်။ 

တခြားပျောက်ဆုံးနေတဲ့ သူတွေကိုတော့ ဒေသခံ တွေ၊ မြိတ်မြို့က ပရဟိတအဖွဲ့တွေနဲ့ ငါးဖမ်းစ က် လှေပိုင်ရှင်တွေ ပူးပေါင်းရှာဖွေနေကြတယ်လို့ သိရ ပါတယ်။

“ရေကြောင်းအပြောင်းအလဲကြောင့် ရေစီးကတော် တော်သန်တယ်၊ အဲဒါကြောင့်ဖြစ်မယ်ထင်တယ်၊ ထွက်တာကလည်း ညအချိန်ဆိုတော့၊ မုန်တိုင်း ဘာ ညာတော့ မရှိဘူး” လို့လည်း အထက်ပါ ဒေသခံကပြောပါတယ်။ 

စက်လှေပေါ် ပါလာတဲ့သူတွေ သေဆုံးပျောက်ဆုံးနေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ်မေးမြန်းနိုင်ဖို့ ကယ်ဆယ်ရေးလုပ်နေတဲ့သူတွေကို DNA က ဆက်သွယ်ထားပေမယ့် ကယ်ဆယ်ရေးလုပ်နေဆဲမို့ လက်ရှိမှာတော့ ပြန်လည်မဖြေကြားပေးနိုင်ကြသေးပါဘူး။

ပုလောမြို့နဲ့ မြိတ်မြို့ကြား ပြည်ထောင်စုကားလမ်းမကြီးပေါ်က ကြဲကျေးရွာတဝိုက်မှာ အောက်တိုဘာ ၁၄ ရက်နေ့ကတည်းက တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် အဲ့ဒီဒေသ

တဝိုက်က စစ်ဘေးရှောင်တွေဟာ ရေလမ်းကနေတဆင့် မြိတ်မြို့ဘက်ကို တိမ်းရှောင်နေကြတာပါ။

ဒါ့အပြင် တိုက်ပွဲကြောင့် လမ်းမှာပိတ်မိနေတဲ့ ခရီးသည်တွေကလည်း ပလမြို့ကနေတဆင့် မြိတ်မြို့ကို ရေလမ်းကနေ ခရီးဆက်နေကြပြီး အခုစက်လှေမှောက်တဲ့အထဲ အဲဒီလိုခရီးသည်တွေပါ ပါဝင်တယ်လို့ သိရပါတယ်။