ဒေါက်တာဇော်မြင့်မောင် ကျန်းမာရေးအခြေအနေစိုးရိမ်နေရ

Photo – Google

အောက်တိုဘာ၊ ၆

အကျဉ်းထောင်အတွင်း ကျန်းမာရေးမကောင်းလို့ မန္တလေးဆေးရုံကြီးမှာ ကုသမှုခံယူနေရတဲ့ မန္တလေးတိုင်း ဝန်ကြီး ချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ အခုရက်ပိုင်းအတွင်း ကျန်းမာရေးပိုမိုဆိုးရွားလာတာကြောင့် စိုးရိမ်နေရတယ် လို့ NLD ပါတီနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် တွေဆီက သိရပါတယ်။

၂၀၂၁ခုနှစ် အာဏာသိမ်းချိန်ကတည်းက ဖမ်းဆီးအကျဉ်းချခံထားရတဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ ကျန်းမာရေး အခြေအနေအရ အိုးဘိုထောင်တွင်းဆေးရုံကနေ မန္တလေးဆေးရုံကြီးအထူးကြပ်မတ်ကုသဆောင်မှာ ကုသမှုခံယူ နေရတာပါ။

NLD အစိုးရလက်ထက် မန္တလေးတိုင်းဝန်ကြီးချုပ်တာဝန်ယူချိန်ကတည်းက သွေးကင်ဆာဝေဒနာကို ကုသမှုခံယူ နေရတဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ လက်ရှိ မန္တလေးဆေးရုံကြီးမှာ သတိလစ်နေတဲ့ အခြေအနေလို့ နီးစပ်တဲ့ သ တင်းရင်းမြစ်တွေကပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကုန်နဲ့ အခုလဆန်းပိုင်းမှာ ဒေါက်တာဇော်မြင့်မောင်ရဲ့ ကျန်းမာရေးအခြေအနေအနည်း ငယ်သက်သာလာသလိုရှိပေမယ့် မောပန်းမှုနဲ့ အဖျားဝေဒနာတွေခံစားနေရဆဲဖြစ်တာကြောင့် ကင်ဆာဆေးသွင်း ရမယ့် နေ့တွေကို ရွှေ့ဆိုင်းရတာမျိုးတွေရှိခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်တဲ့ မန္တလေးဒေသခံ သတင်းရင်းမြစ်တဦးက DNAကို ပြောပါတယ်။

အိုးဘိုထောင်တွင်းကနေ မန္တလေးဆေးရုံကြီးမှ ကုသမှုခံယူနေချိန်အတွင်း စစ်ကောင်စီဘက်က ထောင်တွင်းဆေးရုံ ကိုပဲ ပြန်လည်ပြောင်းရွှေ့စေချင်နေခဲ့တာကြောင့် မန္တလေးဆေးရုံကြီးမှာပဲ ဆက်လက်ကုသမှုခံယူခွင့်ရဖို့ တောင်း ဆိုခဲ့ရတဲ့ အခြေအနေတွေလည်းရှိတယ်လို့ အဲ့ဒီသတင်းရင်းမြစ်ကပြောပါတယ်။

ဒါပေမယ့် လက်ရှိ ဒေါက်တာဇော်မြင့်မောင် ကျန်းမာရေးအခြေအနေဆိုးရွာပြီး သတိလစ်နေချိန် ဒီကနေ့မှာတော့ စစ်ကောင်စီက သူ့ကို လွတ်ငြိမ်ချမ်းသာခွင့်ပေးတဲ့အကြောင်း အမိန့်စာဖတ်ပြခဲ့တယ်ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

အဲ့ဒီအခြေအနေကိုတော့ DNAအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ဖမ်းဆီးမခံရခင်ကတည်းက ကျန်းမာရေး မကောင်းတဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ စစ်ကောင်စီရဲ့ အိုးဘိုထောင်တွင်းမှာ ၂၀၂၁ခုနှစ်က ကိုဗစ်ရောဂါကူး စက်ခဲ့သလိုနောက်ပိုင်းမှာလည်း သွေးကင်ဆာရောဂါကိုတောက်လျှောက်ကုသနေခဲ့ရတာဖြစ်ပါတယ်။

ဝါရင့်နိုင်ငံရေးသမားတဦးဖြစ်သလို NLD ပါတီဝင်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲသုံး ကြိမ်နဲ့ ကြားဖြတ်ရွေးကောက်ပွဲတကြိမ် စုစုပေါင်းလေးကြိမ်လုံးမှာ အနိုင်ရခဲ့တဲ့ ဒေါက်တာဇော်မြင့်မောင်ကို စစ် ကောင်စီက အာဏာသိမ်းပြီးနောက်ဖမ်းဆီးကာ ထောင်ဒဏ် နှစ်သုံးဆယ်နီးပါးချမှတ်ထားတာပါ။

ဒေါက်တာဇော်ြမင့်မောင်ကို စစ်ကောင်စီကစွဲဆိုခဲ့တဲ့ အမှုတွေထဲ အဂတိမှု၊ရွေးကောက်ပွဲမှာမလျော်ြသဇာသုံးပြီးမဲ မသမာမှုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်းပါဝင်ပြီး စုစုပေါင်းထောင်ဒဏ် ၂၉နှစ်ချမှတ်ထားတာဖြစ်ပါတယ်။

ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံမှာပါဝင်ခဲ့ပြီး ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲမှာ အမရပူရမြို့နယ်ကနေ NLD ပါတီဝင်ကိုယ်စာားလှယ်လောင်းအဖြစ် အနိုင်ရပြီးချိန်ကလည်း ဒေါက်တာဇော်မြင့်မောင်ကိုစစ်အုပ်စုက ထောင်ဒဏ် ၂၅နှစ်ချမှတ်ခဲ့ပါသေးတယ်။

နဝတ၊နအဖ စစ်အစိုးရတွေလက်ထက် အကျဉ်းထောင်တွင်းမှာ ၁၉နှစ်ကြာ ချုပ်နှောင်ခံခဲ့ရပြီး ၂၀၀၉ ခုနှစ်မှာ ပြန် လည်လွတ်မြောက်ခဲ့တဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ ၂၀၂၁ခုနှစ်ဖမ်းဆီးမခံရခင်အထိ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် ဦးဆောင်တဲ့ NLD ပါတီမှာ ဒုတိယ ဥက္ကဌ(၂) တာဝန်အထိ အဆင့်ဆင့်တာဝန်ယူခဲ့ပါတယ်။