ရေဘေးသင့်သူတွေကိုကယ်ထုတ်ရင်း ရေစီးနဲ့မျောပါသွားတဲ့ နေပြည်တော်PDF တပ်ဖွဲ့ဝင်နှစ်ဦးအနက်တဦးကို အသက် ရှင်လျက်ကယ်တင်နိုင်

Photo – Naypyitaw PDF (ပုံဟောင်း)

စက်တင်ဘာ၊ ၁၃

စစ်တောင်းမြစ်ဝှမ်းဒေသတနေရာမှာ ရေဘေးသင့် ဒေသခံပြည်သူတွေကိုကယ်ထုတ်ရင်း ဒီကနေ့မနက်ပိုင်းမှာ ရေစီးနဲ့ မျောပါ ပျောက်ဆုံးသွားတဲ့ နေပြည်တော် PDFတပ်ဖွဲ့ဝင်နှစ်ဦးထဲက တဦးကို အသက်ရှင်လျက်ပြန်လည် တွေ့ရှိ ကယ် ဆယ်ထားနိုင်ပြီး တဦးကိုတော့ ဆက်လက်ရှာဖွေနေဆဲပဲလို့ နေပြည်တော်PDF တပ်ဖွဲ့တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။

“ပြန်ရတဲ့ရဲဘော် ကျန်းမာရေးကုသနေဆဲပါ၊မစိုးရိမ်ရပါဘူး”လို့ သူကပြောပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာန အလယ်ပိုင်းတိုင်းနေပြည်တော် PDF တပ်ရင်းတွေနဲ့ တောင်ပိုင်းတိုင်း PDF တပ် ရင်းတွေ က တပ်ဖွဲ့ဝင်တွေ ရေဘေးသင့်ဒေသခံတွေကို ကူညီကယ်ထုတ်ရင်း နေပြည်တော် PDF တပ်ရင်း ၉၀၁ ကတပ်ဖွဲ့ဝင် တွေဖြစ်တဲ့ ရဲဘော်အီဂဲလ်နဲ့ရဲဘော်အငယ်ကောင်တို့  ရေစီးနဲ့မျောပါသွားတာလို့သိရပါတယ်။

“မနေ့ညကတည်းက PDF ရဲဘော်တွေ ကယ်ဆယ်ရေးလုပ်နေကြတာ၊ ရွာတွေထဲရေတွေအများကြီး စဝင်လာက တည်းက ပြည်သူတွေကိုရွေ့ပြောင်းပေးနေကြတာ၊ပိတ်မိသူတွေကယ်ရင်းဖြစ်သွားတာပါ”လို့ နေပြည်တော် PDF တပ်ဖွဲ့တာဝန်ရှိသူ ကပြောပါတယ်။

ရေစီးနဲ့မျောပါသွားတဲ့ တပ်ဖွဲ့ဝင်နှစ်ဦးလုံးဟာ အသက်နှစ်ဆယ် ဝန်းကျင်လူငယ်တွေဖြစ်ပြီး ပျောက်ဆုံးနေဆဲ ရဲဘော် အီဂဲလ်ကို ဆက်လက်ရှာဖွေနေပေမယ့် ရှာဖွေကယ်ဆယ်ရေးအတွက် အခက်အခဲတွေရှိနေတယ်လို့သိရပါ တယ်။

“အခက်အခဲကတော့ လှေမလုံလောက်မှုပါ”လို့ နေပြည်တော် PDF တပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။

လက်ရှိမှာစစ်ကောင်စီရဲ့ ဗဟိုအုပ်ချုပ်ရေးဌာနတွေရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ဒေသအနှံ့ မှာမိုးများပြီး မြစ်၊ချောင်းရေတွေမြင့်တက်လာတာ၊တောင်ကျချောင်းရေစီးဆင်းတာတွေကြောင့် ရွာလုံးကျွတ်အ ဆောက်အအုံတွေနစ်မြုပ်တဲ့အထိ ရေကြီးနစ်မြုပ်မှုဆိုးဆိုးရွားရွားကြုံနေပြီး ဒေသခံတွေထိခိုက်သေဆုံးတာအပြင် ကယ်ဆယ်ရေးအဖွဲ့ဝင်တွေ ရေစီးနဲ့မျောပါပျောက်ဆုံးတာတွေပါရှိနေပါတယ်။

နေပြည်တော် PDF တပ်ဖွဲ့ဝင်နှစ်ဦး မျောပါပျောက်ဆုံးတဲ့ ဒေသကို လုံခြုံရေးအရ အတိအကျ မဖော်ပြနိုင်ပေမယ့် အဲ့ဒီ တပ်ဖွဲ့ဟာ ပဲခူးတိုင်း တောင်ငူခရိုင်အတွင်းလှုပ်ရှားတဲ့တပ်ဖွဲ့ဖြစ်ပါတယ်။

ရေဘေးသင့်သူ အများအပြားရှိပြီး ကူညီကယ်ဆယ်ရေးအတွက် အခက်အခဲတွေရှိနေပေမယ့် ဒေသတွင်းက တော် လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထိန်းချုပ်နယ်မြေတွေဆီ ပြင်ပက ကူညီကယ်ဆယ်ရေးအဖွဲ့တွေရောက်လာတာ မရှိသေး ဘူးလို့လည်း နေပြည်တော် PDF တပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။

“ဒီနယ်ထဲကျတော့ ဘယ်အဖွဲ့မှ မလာကြတာများတယ် စကစကိုကြောက်တာလည်းပါတာပေါ့၊ မြစ်အရှေ့ခြမ်းဆို တော့ ပိုခက်ခဲပါတယ်၊လောလောဆယ် ကျွန်တော်တို့စိုးမိုးနယ်မြေပေါ့”လို့သူကပြောပါတယ်။

လက်ရှိတောင်ငူခရိုင်ထဲက တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထိန်းချုပ်ရာဒေသတွေမှာ ဒေသခံတွေအပြင် တော်လှန် ရေးတပ်ဖွဲ့တွေရဲ့ စခန်းတွေလည်း ရေစီးမျောပါသွားတာ၊နေရာရွှေ့ပြောင်းရတာတွေရှိနေတယ်လို့သိရပါတယ်။

“တခြား(ကယ်ဆယ်ရေး)အဖွဲ့တွေ လာကူပေးနိုင်ဖို့မျှော်လင့်ပါတယ် ကျွန်တော်တို့ Page (Nay Pyi Taw PDF ဖေ့စ်ဘွတ်ခ်စာမျက်နှာ)ကတဆင့်လည်း ဒေသခံတွေအတွက်ဆက်သွယ်ကူညီလို့ရပါတယ်”လို့ အဲ့ဒီတပ်ဖွဲ့ တာဝန် ရှိသူက ပြောပါတယ်။

လက်ရှိမှာ တောင်ငူမြို့နယ်အပါအဝင် ခရိုင်အတွင်းက အုတ်ဖို၊ရေတာရှည်၊သာဂရ၊ဆွာ၊ထန်းတပင် စတဲ့ စစ် တောင်းမြစ် ဝှမ်းဒေသတလျှောက်ကျေးရွာအများအပြားကဒေသခံတွေကို ကူညီကယ်ထုတ်ပေးနေရတယ်လို့ တောင်ငူဒေသခံ ပရဟိတအဖွဲ့တွေကပြောပါတယ်။

ပဲခူးတိုင်း တောင်ငူခရိုင်အတွင်း မြို့နယ်တွေဟာ ကရင်ပြည်နယ်နဲ့လည်း နီးစပ်ပြီး စစ်တောင်းမြစ်အရှေ့ခြမ်း ကျေးရွာတွေဟာ ပဲခူး-ကရင်အစပ် ရိုးမတောင်ခြေဒေသတွေဖြစ်ပါတယ်။

လတ်တလောရက်ပိုင်းအတွင်း လူဦးရေ ဆယ်နဲ့ချီရေစီးနဲ့မျောပါသေဆုံးမှုတွေရှိနေတဲ့ နေပြည်တော်ကောင်စီ နယ် မြေထဲကမြို့နယ်တွေဟာ စစ်တောင်း မြစ်ရေမြင့်တက်မှုဒဏ်ကိုကြုံခဲ့ရတာဖြစ်ပါတယ်။