သံတွဲ-ဂွ ကားလမ်းပေါ်က ချင်းကွင်းတံတားကို AA မိုင်းခွဲဖျက်ဆီးတယ်ဆိုတဲ့ သတင်းမှား

ဂျူလိုင်၊၃၀။

စစ်ကောင်စီရဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာ ရခိုင်ပြည်နယ်၊ သံတွဲ-ဂွ ကားလမ်းပေါ်က ချင်းကွင်းတံတား ကို AA က မိုင်းခွဲဖျက်ဆီးတယ်လို့ ဝါဒဖြန့်ရေးသားထားမှုတွေ ပျံ့နှံ့နေတာကို တွေ့ရပါတယ်။

စစ်ကောင်စီလော်ဘီချန်နယ်ဖြစ်တဲ့ Naung Taw Lay တယ်လီဂရန်ကနေ ၂၀၂၄ ဇူလိုင် ၂၅ ရက်မှာ “ရခိုင်ပြည် နယ်၊ သံတွဲမြိုနယ်နှင့် ဂွမြိုနယ်ကြားရှိ အဝေးပြေးကမ်းလမ်းမပေါ်ရှိ  တံတား ၃ စင်းအား ယမန်နေ့ ၂၀၂၄ ဇူလိုင် ၂၄ ရက်နေ့ ညပိုင်းတွင် AA အကြမ်းဖက်အဖွဲက မိုင်းခွဲဖောက်ခွဲဖျက်ဆီးကာ ဆက်သွယ်ရေး ဖြတ်တောက် လိုက်ကြောင်း သိရသည်။ မိုင်းခွဲဖျက်ဆီးခံလိုက်ရသည့် တံတားများမှာ သရက်ပင်ကွင်းတံတား၊ ဆင်ဒင်က လေးတံတားနှင့် ချင်းကွင်းစစ်ဆေးရေးတံတားတို ဖြစ်ပြီး တံတား ၃ စင်းလုံးသည် သံတွဲနှင့် ဂွကြားတွင် ရှိသည်။ ဧရာဝတီတိုင်း ငသိုင်းချောင်းမှ ရန်ကုန်စသည်ဖက်သို တောက်လျှောက်ပေါက်သည့် အဓိက ဆက် သွယ်ရေးလမ်းမကြီးဖြစ်သည်။ ဒေသခံပြည်သူများက သံတွဲမှ AA အကြမ်းဖက်သမားများသည် ဂွမြိုဘက် သို ဦးတည်ချီတက်နေကြောင်း ဒေသခံပြည်သူများက သတင်းများတင်ပြသော်လည်း တာဝန်ရှိသူများက နှိမ်နင်းဆောင်ရွက်ခဲ့ခြင်း မရှိပေ”(မူရင်းအတိုင်း)ရေးသား ဖြန့်ဝေနေတာကို တွေရှိရပါတယ်။

Naung Taw Lay- https://archive.ph/VraFT

ဒါအပြင် Min Chit Oo တယ်လီဂရန်ချန်နယ်ကနေ ၂၀၂၄ ဇူလိုင် ၂၈ ရက်မှာ “AA အကြမ်းဖက်အဖွဲ့မှ ဧရာဝတီ တိုင်းဘက်မှ စစ်ကူများ မတက်လာနိုင်ရန် သံတွဲ-ဂွ ကားလမ်းမပေါ်မှ ချင်းကွင်းတံတားအား မိုင်းခွဲဖျက် ဆီးသွားသောကြောင့် ဒေသခံများ သွားရေးလာရေးခက်ခဲနေကြောင်း သိရှိရသည်” လို့ ရေးသားခဲ့ပါတယ်။

Min Chit Oo- https://archive.ph/dLGTt

အခြားလော်ဘီချန်နယ်တွေဖြစ်တဲ့ Snow Queen, Ye Yint Htet(#yyh)၊ Ko Thet, Ko Chit (MDY), May Yu Htar Nay, မှိုင်းဝေ၊ နှင်းမောင်၊ သမီးတော်၊ စစ်သွေး၊ ကိုလှရွှေ(သတင်းမှန်)တွေက ဖြန့်ဝေနေ တဲ့အပြင် ပြည်ချစ်သား PCT  Page ကနေ ၂၀၂၄ ဇူလိုင် ၂၉ ရက်မှာ ထပ်မံရေးသားထားတာကို တွေ့ရပါတယ်။

PCT Page- https://archive.ph/UbhaT

Snow Queen- https://archive.ph/KbXPo

Ye Yint Htet(#yyh)- https://archive.ph/MPyA9

ကိုနှင်းမောင်- https://archive.ph/WDcKG

မှိုင်းဝေ-  https://archive.ph/l2KW7

D.I Thameedaw- https://archive.ph/raao2

စစ်သွေး- https://archive.ph/YSx8d

ကိုလှရွှေ(သတင်းမှန်)- https://archive.ph/nyoiT

အဲဒီပျံ့နှံ့နေတဲ့သတင်းကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check Team က စိစစ်ကြည့်တဲ့အခါ ချင်းကွင်းတံတားထိပ်မှာ စစ်ကောင်စီက တပ်အခိုင်အမာချပြီး စစ်ဆေးရေးဂိတ်ဖွင့် စစ်နေတဲ့နေရာဖြစ်ကာ သံတွဲမြို့ကိုဆုံးရှုံးရတဲ့ စစ်ကောင်စီဟာ AA ဝင်မလာနိုင်ရေးအတွက် ဂွမြို့ကို နောက် ဆုံးခံတပ်အနေနဲ့ ခံစစ်ဆင်ဖို့ သံတွဲနဲ့ ဂွမြို့ကြားထဲက တံတားတွေကို မိုင်းခွဲဖျက်ဆီးခဲ့ပြီး AA က တံတား တွေကို မိုင်းခွဲဖျက်ဆီးနေတယ်လို့ လုပ်ကြံဝါဒဖြန့်ရေးသားခဲ့တဲ့ သတင်းမှား ဆိုတာ တွေ့ရှိရပါတယ်။

ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Narinjara ကနေ “သံတွဲ-ဂွ ကားလမ်းပေါ်က ချင်းကွင်းတံတားကို AA ဝင်မလာနိုင်အောင် မိုင်းခွဲဖျက်ဆီးခဲ့ပြီး ချင်းကွင်းရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ချင်းကွင်း ကနေ တပ်ဆုတ်သွားပြီး ၅ မိုင်လောက်ဝေးတဲ့ ကျိန္တလီမြို့အနီး ပုန်းညှက်တောင်ကုန်းပေါ်မှာ မှော်ဘီက ရဲတပ်ရင်း(၂)နဲ့ သံတွဲက  ထွက်ပြေးလာသော ရဲတွေနဲ့ပေါင်းပြီး တပ်စွဲနေတယ်”လို့ ရေးသားထားတာကို ဖတ်ရှုနိုင်ပါတယ်။

Narinjara သတင်းလင့်- https://archive.ph/HwPu7

ဒါအပြင် လွတ်လပ်တဲ့သတင်းမီဒီယာတွေဖြစ်တဲ့ RFA နဲ့ Mizzima တို့ကနေ “AA ထိုးစစ်ဆင်နေတဲ့ မောင် ရွှေလေးရေတပ်နဲ့ ဇလွန်ရွာကြားက သရက်ပင်ကွင်းတံတားနဲ့ ဆင်ဒင်ကလေးတံတားကို စစ်ကောင်စီတပ် က ၂၀၂၄ ဇူလိုင်လ ၂၄ ရက် ညနေပိုင်းမှာ မိုင်းခွဲဖျက်ဆီးခဲ့ပြီး သံတွဲနဲ့ဂွမြို့ကြားမှာရှိတဲ့ ကျိန္တလီရွာအနီး အဝေးပြေး လမ်းမပေါ်က ချင်းကွင်းတံတားကို AA ဝင်လာလို့မရအောင် ထပ်ပြီး မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ ရေးသားထား တာကို ဖတ်ရှုနိုင်ပါတယ်။

RFA သတင်းလင့်- https://archive.ph/4lYj8

Mizzima သတင်းလင့်- https://archive.ph/rw3DN

ဂွမြို့နယ်၊ ကျိန္တလီမြို့အနီးက ချင်းကွင်းရွာတံတားနဲ့ သံတွဲ-ဂွကားလမ်းက သရက်ပင်ကွင်းနဲ့ဆင်ဒင်ကလေး တံတားတွေကို စစ်ကောင်စီက AA အလွယ်တကူဝင်မလာနိုင်အောင် မိုင်းခွဲဖျက်ဆီးခဲ့တာဖြစ်တယ်လို့ Delta News AgencyWestern NewsDevelopment Media Group တို့က ရေးသားထားတာကို ဖတ်ရှုနိုင်ပါတယ်။

DNA သတင်းလင့်- https://archive.ph/w4tEU

Western News-  https://archive.ph/vaOPu

DMG သတင်းလင့်- https://archive.ph/QSI33

 

ချင်းကွင်းတံတားဟာ ကွန်ကရစ်အမျိုးစားဖြစ်ပြီး အရှည်ပေ ၆၀ ခန့်ရှိကာ သံတွဲ – ဂွ ကားလမ်းပေါ် ကျိန္တလီ မြို့အနီးမှာတည်ရှိတဲ့ တံတားတစင်းဖြစ်ပြီး ဧရာ၀တီတိုင်း၊ ငသိုင်းချောင်းကနေ ရန်ကုန်အထိ သွားလို့ရတဲ့ အတွက် ကျန်းမာရေးနဲ့ ကူးသန်းရောင်းဝယ်ရေးအတွက်ရော အရေးပါတဲ့ တံတားတခုဖြစ်ပြီး ၂၀၂၄ ခုနှစ်မှာ လက်ရှိအထိ ရခိုင်ပြည်နယ်အတွင်းက တံတားအကြီး၊ အသေး ၂၀ ထက်မနည်း စစ်ကောင်စီက ဖျက်ဆီးခဲ့ တယ်လို့ သိရှိရပါတယ်။

 

ဖေဖော်ဝါရီလထဲမှာ တောင်ကုတ်မြို့နယ်ရှိ မအီတံတားနဲ့ ကျောက်ကြီးတံတား၊ ကျောက်ဖြူမြို့နယ်က တံတားတစင်းနဲ့ စစ်တွေ-ရန်ကုန်ကားလမ်းပေါ်က မင်းချောင်းတံတားစတဲ့ တံတား ၄ စင်း၊ မေလထဲမှာ မောင်တောမြို့နယ်ထဲက လှဖိုးခေါင်ရွာအနီးရှိ လှဘော်ဇားတံတား၊ သီဟိုအေးရွာအနီးရှိ ၃ မိုင်တံတားနဲ့ ဘူးသီးတောင်မြို့၊ ပန်းဇင်းမော်တံတား စတဲ့ တံတား ၃ စင်း၊ ဇွန်လထဲမှာ မောင်တောမြို့နယ်ထဲက မောရ ဝတီကျေးရွာအနီးရှိ တံတား နှစ်စင်း၊ မြင်းလွှတ်ကျေးရွာအနီးရှိ တံတားနှစ်စင်း၊ အလယ်သံကျော်ကျေးရွာ အနီးရှိ တံတားနှစ်စင်းနဲ့ အမ်းမြို့အဝင်ရှိ တံတားငယ်တစင်း စတဲ့ တံတား ၇ စင်း၊  ဇူလိုင်လထဲမှာ သံတွဲနဲ့ ဂွကြားက ချင်းကွင်း၊ သရက်ပင်ကွင်း၊ ဆင်ဒင်ကလေး စတဲ့တံတား ၃ စင်းတို့ ဖြစ်ပါတယ်။

 

အလားတူ DNA Fact Check Team က စစ်တွေမြို့က မင်းချောင်းတံတားနဲ့ ကျောက်တော်မြို့က ကစ္ဆပနဒီ တံတားကို ရက္ခိုင့်တပ်တော် AA က မိုင်းခွဲဖျက်ဆီးလိုက်တယ်ဆိုတဲ့ သတင်းမှား စိစစ်ရေးသားထားတာကို  ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။

DNA Fact Check Link- https://deltanewsagency.com/46703/

ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check Team ကို ဒီနေရာ ကနေ ဝင် ရောက်ဆက်သွယ်မေးမြန်းအကြံပြုဖို့လည်း ဖိတ်ခေါ် အပ်ပါတယ်။

DNA Fact Check Connect- Link 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork