စစ်မှုမထမ်းမနေရစနစ်နဲ့ လူငယ်စုဆောင်းမှုတွေလုပ်မှာမဟုတ်ဘူးလို့ MNDAAက လားရှိုးမြို့ခံတွေကို တွေ့ဆုံပြောဆို

Photo – MNDAA

ဩဂုတ်၊ ၂၀

လားရှိုးမြို့မှာ စစ်မှုမထမ်းမနေရစနစ်နဲ့ လူငယ်စုဆောင်းမှုတွေ လုံးဝပြုလုပ်မှာမဟုတ်တဲ့အကြောင်း MNDAA ရဲ့ လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှုကော်မတီ လူထုလုပ်ငန်းအဖွဲ့အကြီးအကဲနဲ့ ကွတ်ခိုင်ခရိုင်ပါတီ ကော်မတီ ဒုတိ ယအတွင်းရေးမှူးက လားရှိုးမြို့ခံတွေကို တွေ့ဆုံရှင်းပြ အသိ ပေးခဲ့တယ် လို့ ကိုးကန့်တပ် MNDAA က ဒီက နေ့ ထုတ်ပြန်ပါတယ်။

မဟာမိတ်တပ်ဖွဲ့အနေနဲ့ ပြည်သူတွေရဲ့  အကျိုးစီးပွားထိခိုက်စေမယ့် ဘယ်လိုကိစ္စကိုမဆိုပြုလုပ်မှာမဟုတ်ဘူးလို့ MNDAA ရဲ့ လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှုကော်မတီ လူထုလုပ်ငန်းအဖွဲ့အကြီးအကဲ က လားရှိုးမြို့ခံတွေနဲ့ တွေ့ ဆုံချိန်မှာ အလေးအနက်ထားရှင်းပြခဲ့တယ်လို့ဆိုပါတယ်။

လားရှိုးမြို့က ရပ်ကွက်တစုစီတိုင်းမှာ အင်တာနက်ဆက်သွယ်ရေးကွန်ရက် ဆာဗာတခုစီတပ်ဆင်ပေးဖို့နဲ့ ဒေသခံ တွေကို အခမဲ့ အသုံးပြုခွင့်ပေးဖို့ ညွှန်ကြားထားတယ်လို့ MNDAA ရဲ့ လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှု ကော်မတီ လူထုလုပ်ငန်း အဖွဲ့အကြီးအကဲက ပြောဆိုခဲ့တယ်လို့လည်းဖော်ပြထားပါတယ်။

ဒါ့အပြင် နေရပ်စွန့်ခွာသွားတဲ့ လားရှိုးမြို့သူ/မြို့သားတွေ နေရပ်ပြန်လာနိုင်ကြစေဖို့ လက်ရှိလားရှိုးမြို့မှာရှိနေ သူ တွေအနေနဲ့ မြို့အခြေအနေတွေကို ဆွေမျိုးမိတ်ဆွေတွေဆီ အင်တာနက်ကတဆင့် ဆက်သွယ်အသိပေးကြ ဖို့ လည်း သူကတိုက်တွန်းခဲ့တယ်လို့သိရပါတယ်။

မဟာမိတ်တပ်ဖွဲ့အပေါ် အထင်အမြင်မှားဖို့အတွက် ဖြန့်ဝေနေကြတဲ့ မလိုလားအပ်တဲ့ ကောလာဟလတွေကို နား မထောင်ဘဲ မဟာမိတ်တပ်ဖွဲ့ဝင်တွေကို ကြောက်လန့်နေဖို့မလိုဘူးလို့လည်း ညွှန်ကြားထားတယ်လို့ MNDAA ရဲ့ လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှု ကော်မတီ လူထုလုပ်ငန်း အဖွဲ့အကြီးအကဲကဆိုပါတယ်။

လက်ရှိမှာ ကိုးကန့်တပ်ဖွဲ့ လက်အောက်ခံ အထူးဒေသ(၁)ရဲတပ်ဖွဲ့က လားရှိုးမြို့တွင်း လုံခြုံရေးကိစ္စတွေ ဆောင် ရွက်နေပေမယ့် တမြို့လုံး လုံခြုံရေးအတွက် တိုးမြှင့်လုပ်ဆောင်ဖို့လိုအပ်နေသေးတယ်လို့လည်း သူက အသိပေး ပြောဆိုခဲ့ပါတယ်။

ဒါကြောင့် လားရှိုးမြို့ခံတွေအနေနဲ့ တရားမဝင်မှုခင်းမျိုးစုံကို ဖော်ထုတ်တင်ပြတိုင်ကြားဖို့၊လုံခြုံရေးလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်ထိန်းသိမ်းဖို့ကိုလည်း တိုက်တွန်းပြောဆိုခဲ့တယ်လို့ MNDAA ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းကာလအတွင်း ကိုးကန့်ဒေသတခုလုံးကိုသိမ်းပိုက်နိုင်ခဲ့တဲ့ MNDAA တပ်ဖွဲ့ဟာ ဒေ သတွင်းနေထိုင်တဲ့ ကိုးကန့်အပါအဝင် ဗမာမဟုတ်တဲ့တိုင်းရင်းသားတချို့ကို စစ်မှုထမ်းအဖြစ် စုဆောင်းတာ တွေရှိ တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ ပေမယ့် လူအင်အားဘယ်လောက်အထိ စုဆောင်းခံရတယ်ဆိုတဲ့တိကျတဲ့ သ တင်းအချက်အလက်တွေတော့ထွက် ပေါ် လာတာမရှိသေးပါဘူး။

စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)အခြေစိုက်ရာ လားရှိုးမြို့ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း အတွင်း သိမ်းပိုက်နိုင်ခဲ့ပြီးနောက် MNDAA က လားရှိုးမြို့ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေဆောင်ရွက်နေပြီး ဒေသခံတွေနေရပ်ပြန်လာကြဖို့လည်းဖိတ်ခေါ်ထားပါတယ်။

ဒါပေမယ့် တချိန်တည်းမှာအာဏာသိမ်းစစ်ကောင်စီဟာ လားရှိုးမြို့အပါအဝင် လက်လွှတ်လိုက်ရတဲ့ ရှမ်းမြောက် ဒေသတွေကိုပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ဖို့ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါသေး တယ်။

ရမခ ဌာနချုပ်အပါအဝင် လားရှိုးတမြို့လုံးကို လက်လွှတ်လိုက်ရပြီးနောက် စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်မှုတွေရပ်တန့်သွားပေမယ့် MNDAA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်၊သန္နီ၊လောက်ကိုင်စတဲ့ ဒေသ တွေကို လားရှိုးတိုက်ပွဲကာလအတွင်းလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။

အလားတူ မိုးကုတ်၊မိုးမိတ်၊ကျောက်မဲ၊နောင်ချို၊သီပေါတို့ကို TNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်နေ ချိန်မှာ လည်း စစ်ကောင်စီက TNLA ထိန်းချုပ်ဒေသတွေကို လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တာရှိပါတယ်။

၁၀၂၇ စစ်ဆင်ရေး နှစ်ကြိမ်အတွင်း မြို့နယ်တွေအများအပြားလက်လွှတ်လိုက်ရတဲ့ စစ်ကောင်စီဟာ တိုက်ပွဲမရှိ တော့တဲ့ တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ရာဒေသတွေကိုပါ လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တာကြောင့် ဇူလိုင်လဆန်းကနေ အခုလလယ်ပိုင်းအထိ သိန္နီ၊ကွတ်ခိုင်၊မန်တုံ၊နမ့်ဆန်၊နမ့်လန်နဲ့ကျောက်မဲဒေသတွေမှာ အရပ် သား သေဆုံးထိခိုက်မှုတွေရှိခဲ့တယ်လို့ တအာင်းအရပ်ဘက် အဖွဲ့အစည်းတွေက ဒီကနေ့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အဲ့ဒီမြို့နယ်တွေမှာ ဒေသခံ အရပ်သား ခုနစ်ဦးသေဆုံးကာ ၃၄ဦး ဒဏ်ရာရခဲ့ပြီး နေအိမ်၊အဆောက်အအုံပျက်စီးမှုတွေလည်းရှိတာကြောင့် စစ်ကောင်စီရဲ့ ပြည်သူတွေအပေါ် ဦး တည်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေချက်ချင်းရပ်တန့်ဖို့ နိုင်ငံတကာ အမြန်ဆုံးဖိအားပေးဆောင်ရွက်ဖို့လည်း အဲ့ဒီထုတ်ပြန်ချက်မှာတိုက်တွန်းထားပါတယ်။

လက်ရှိမှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေစတင်နေတဲ့ လားရှိုးမြို့မှာလည်း တိုက်ခိုက်မှုတွေရပ်တန့်နေ ပေ မယ့် စစ်ကောင်စီရဲ့ ကင်းထောက်လေယာဉ်ပျံသန်းမှုတွေ ပြန်ရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြော ကြပါတယ်။

စစ်အုပ်စုဘက်က ဝါဒဖြန့်သတင်းတွေအရတော့ ရှမ်းမြောက်နဲ့ကချင်က လက်လွှတ်ဒေသတွေကိုပြန် လည်ထိုး စစ် ဆင်ဖို့အတွက် အာဏာသိမ်းစစ်တပ် ဒုခေါင်းဆောင် စိုးဝင်းဦးဆောင်ကာ စစ်ဆင်ရေးတရပ်ကိုကွပ်ကွဲနေပြီး လက်ရှိမှာ လေကြောင်းကင်းထောက်မှုနဲ့ ပစ်မှတ်မှတ်ပုံတင်ခြင်းလုပ်ငန်းတွေဆောင်ရွက်နေတယ်လို့ဆိုပါတယ်။