မိုးမိတ်မြို့သိမ်းတိုက်ပွဲအပြီး တော်လှန်ရေးတပ်တွေကို ကြိုဆိုခဲ့တဲ့ ဒေသခံတွေ

Photo PLA/Mai A Hein

ဩဂုတ်၊ ၁

တော်လှန်ရေးတပ်ဖွဲ့တွေကို ဒေသခံတွေက ကြိုဆိုကြတယ်ဆိုတာ လုပ်ကြံဝါဒဖြန့်တာလို့ စစ်ကောင်စီဘက်က ပြောထားပေမယ့် မိုးမိတ်မြို့သိမ်းတိုက်ပွဲမှာလည်း ဒေသခံတွေက တော်လှန်ရေးတပ်တွေကို ထပ်မံကြိုဆိုခဲ့ကြပါ တယ်။

ပြီးခဲ့တဲ့လ က မိုးကုတ်မြို့သိမ်းတိုက်ပွဲအပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက မြို့ခံတွေကြိုဆိုနေကြတဲ့ ရုပ်သံနဲ့ ဓာတ်ပုံတွေဟာ လူမှုကွန်ရက်မှာ လူပြောများခဲ့တဲ့နောက် လုပ်ကြံဝါဒဖြန့်တာလို့ စစ်ကောင်စီသတင်းမှန် ထုတ် ပြန်ရေးအဖွဲ့က တုံ့ပြန်ခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီထောက်ခံသူတွေကလည်း တခြားဒေသရောက်နေတဲ့ မိုးကုတ်မြို့ခံတွေကို ဖမ်းဆီးအရေး ယူဖို့၊မြို့ကို ဗုံးကြဲဖျက်ဆီးပစ်လို့ ဝါဒဖြန့်ခြိမ်းခြောက် လှုံ့ဆော်မှုတွေလုပ်ခဲ့ကြပါတယ်။

လက်တွေ့မှာလည်း စစ်ကောင်စီဟာ တော်လှန်ရေးတပ်တွေမြို့သိမ်းတိုက်ပွဲအောင်မြင်တဲ့အပေါ် ကြိုဆို ထောက် ခံကြောင်း လူမှုကွန်ရက်ပေါ်မှာ ရေးသားသူတချို့ကို ဖမ်းဆီးမှုတွေလုပ်ခဲ့ပါတယ်။

စစ်ကောင်စီဘက်က အဲ့ဒီလို ခြိမ်းခြောက်ပြောဆို ဆောင်ရွက်မှုတွေရှိပေမယ့် မိုးမိတ်မြို့ခံတွေကလည်း မိုးကုတ် ဒေသခံတွေနဲ့ အလားတူ ဂုဏ်ပြုကြိုဆိုခဲ့ကြတာပါ။