မိုးကုတ်စစ်ဆင်ရေးတွေမှာ MDY-PDF ဒရုန်းတပ်ဖွဲ့ပါဝင်တိုက်ခိုက်ခဲ့

Photo – MDY-PDF
ဇူလိုင်၊ ၂၅
လက်ရှိမှာတော်လှန်ရေး ပူးပေါင်းတပ်က သိမ်းပိုက်ထားနိုင်ပြီဖြစ်တဲ့ မိုးကုတ်မြို့ စစ်ဆင်ရေးတွေအတွင်း ပြည်သူ့ ကာကွယ်ရေးတပ်မတော်(မန္တလေး)MDY-PDF ဒရုန်းတပ်ဖွဲ့ပါဝင်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
ပြည်သူ့ ကာကွယ်ရေးတပ်မတော်(မန္တလေး)ဒရုန်းတပ်ဖွဲ့ဟာ မဟာမိတ်တွေနဲ့အတူ ဟန်ချက်ညီညီလက်တွဲပြီးစစ် ဆင်ရေးတွေဖော်ဆောင်နိုင်ခဲ့တာလို့ဆိုပါတယ်။
မိုးကုတ်မြို့ဟာ MDY-PDF ရဲ့ စစ်ဆင်ရေးတွေမှာ တတိယမြောက်သိမ်းယူနိုင်ခဲ့တဲ့မြို့ဖြစ်တယ်လို့လည်း ဖော်ပြ ပါ တယ်။MDY-PDF တပ်ဖွဲ့ဟာ လက်ရှိ ၁၀၂၇ ထိုးစစ်တွေအတွင်း နောင်ချိုမြို့ကို TNLAပူးပေါင်း တပ်နဲ့အတူ ပါဝင် တိုက်ခိုက်သိမ်းပိုက်ခဲ့သလို စဉ့်ကူမြို့ကိုလည်း ဦးဆောင်သိမ်းပိုက်ထားပါတယ်။
မန္တလေးမြို့နဲ့ မိုင်ငါးဆယ်ကျော်သာဝေးတဲ့ စဉ့်ကူးမြို့အပါအဝင် တမြို့နယ်လုံးက စစ်ကောင်စီစခန်းတွေကိုတော့ MDY-PDF နဲ့ စစ်ကိုင်းတိုင်းအခြေစိုက် PDF ပူးပေါင်းတပ်တွေ ပူးပေါင်းသိမ်းပိုက်ခဲ့ကာ အဲ့ဒီမြို့နယ်ထဲက နောက်ဆုံးလက်ကျန် ပျူစောထီးရွာတရွာဖြစ်တဲ့ ရွာသာယာကျေးရွာကိုတော့ ဒီကနေ့မနက်ပိုင်းမှာ သိမ်းပိုက်ခဲ့ တယ်လို့ မြေပြင်သတင်းတွေအရသိရပါတယ်။
မိုးကုတ်မြို့သိမ်း တိုက်ပွဲ တွေမှာတော့ အတွဲလိုက်ပစ်ဒုံးအပါအဝင် လက်နက်မျိုးစုံ နှစ်ရာကျော်နဲ့ခဲယမ်း အ မြောက်အများ သုံ့ပန်းသုံးဆယ် ကျော်ရခဲ့တယ်လို့ TNLA က ဒီကနေ့ ထုတ်ပြန်ထားပါတယ်။