ဒုဗိုလ်မှူးကြီးနဲ့အရာရှိရှစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးရာကျော် အစုလိုက်လက်နက်ချလာတယ်လို့ MNDAAအသိပေး

Photo – The Kokang

ဇူလိုင်၊ ၂၃

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ လားရှိုးမြို့တိုက်ပွဲတွေအတွင်း ပြီးခဲ့တဲ့ နှစ်ရက်အကြာ ဇူလိုင် ၂၁ ရက်က ဒုဗိုလ်မှူးကြီးတဦး၊ ဗိုလ်မှူးနှစ်ဦး၊ ဗိုလ်ကြီးငါးဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၁၇ ဦးအစုလိုက် လက်နက်ချလာတယ်လို့ ကိုးကန့်တပ် MNDAA ကအသိပေးထုတ်ပြန်ပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာာ လားရှိုးမြို့တဝိုက်မှာ တပ်စွဲထားတဲ့ တပ်တွေထဲကဖြစ်တယ်လို့ဖော်ပြ ထား ပေမယ့် ဘယ်တပ်ရင်းတွေကဆိုတာကိုတော့ ထည့်သွင်းဖော်ပြထားတာမရှိပါဘူး။

လက်နက်ချစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မဟာမိတ်တပ်တွေနဲ့ပူးပေါင်းကာ စစ်ကောင်စီကို ပြန်လည် တိုက်ခိုက် လိုကြောင်း ထုတ်ဖော်ဆန္ဒပြုတာတွေလည်းရှိတယ်လို့ဆိုပါတယ်။

လက်နက်ချလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို MNDAA နိုင်ငံရေးဌာန ရှေ့တန်း လုပ်ငန်းအဖွဲ့က လက်ခံခဲ့ပြီး နိုင် ငံရေးနဲ့စည်းရုံးရေးဌာန လက်ထောက်ညွှန်ကြားရေးမှူးက ကြိုဆိုကာ စစ်သုံ့ပန်းတွေကအပေါ်ဆက်ဆံမှု၊လက် နက်ချသူတွေအတွက် ဆုကြေးမူဝါဒတွေကိုရှင်းပြခဲ့တယ်လို့ ဖော်ပြပါတယ်။

လက်နက်ချလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လက်ခံခဲ့ချိန်မှာ လားရှိုးအခြေစိုက် စစ်သင်ကျောင်းတခုထဲကနေ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့လည်းသိရပါတယ်။

ဒီမတိုင်ခင်ကလည်း ကိုးကန့်တပ်ဆီလက်နက်ချခဲ့သူနဲ့ တိုက်ပွဲတွေအတွင်း သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်နဲ့ တပ်မိသားစုဝင်တွေရှိတယ်လို့ MNDAA က ထုတ်ပြန်ထားပေမယ့် အရေအတွက်ဘယ်လောက်အထိ ရှိနေတယ်ဆိုတာကိုတော့တိတိကျကျ မသိရပါဘူး။

ဒီကနေ့မှာလည်း MNDAA ပူးပေါင်းတပ်က လားရှိုး-မိုင်းယော်လမ်းပေါ် လားရှိုးမြို့အဝင်မှာရှိတဲ့ စစ်ကောင်စီ ခလရ ၆၈ကိုသိမ်းပိုက်နိုင်ပြီလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေကိုအခြေခံတဲ့ သတင်းတွေထွက်ပေါ်နေပြီး MNDAA ဘက်ကတော့ တစုံတရာ ထုတ်ပြန်ပြောဆိုမှုမရှိသေးပါဘူး။

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းကာလအတွင်း တရုတ်-မြန်မာနယ်စပ် ကိုးကန့်ဒေသအပါအဝင် လားရှိုးမြို့တဝိုက် စစ်ကောင်စီစခန်းတချို့ကိုပါ တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တဲ့ MNDAA နဲ့ပူးပေါင်းတပ်တွေဟာ အခုလ ၃ရက် ကစလို့ လားရှိုးမြို့ကို ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

ဒီထိုးစစ်ကာလအတွင်း လက်နက်ချအလင်းဝင်လာမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအတွက် ဆုကြေးသတ်မှတ် ချက်တွေကိုလည်း ဇူလိုင် ၁၄ရက်က ထုတ်ပြန်ကြေညာခဲ့ပါသေးတယ်။

အဲ့ဒီကြေညာချက်အရ လက်နက်မဲ့ အလင်းဝင်လာသူကို ကျပ်ဆယ်သိန်း၊လက်နက်နဲ့တကွ အလင်းဝင်သူကို ကျပ် ၁၅သိန်း ချီးမြှင့်မယ်လို့ သတ်မှတ်ထားပါတယ်။

ဒါ့အပြင် ဒုဗိုလ်ကနေ ဗိုလ်ကြီးအဆင့်ရှိသူတွေလက်နက်ချလာရင် လက်နက်ပါမပါအပေါ်မူတည်ကာ ကျပ် သိန်း နှစ်ဆယ်ကနေ ၂၅သိန်း၊ဗိုလ်မှူးကနေ ဗိုလ်မှူးကြီးအဆင့်ရှိသူကိုတော့ ကျပ်သိန်းသုံးဆယ်ကနေ ၃၅သိန်းပေးအပ် မှာဖြစ်သလို လက်နက်ချခဲ့ပြီးနောက် ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုပါလက်နက်ချဖို့စည်းရုံးပေးနိုင်ရင် ဆုငွေထပ်ပေးမယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် ၁၂ဒသမ၇ မမနဲ့အထက် စက်သေနတ်တွေ၊၁၀၀မမ နဲ့အထက် အမြောက်တွေ၊သံချပ်ကာ၊တင့်ကားနဲ့ ကြည်းတပ်သုံး အကြီးစား စစ်ရေးကိရိယာတွေ၊ရဟတ်ယာဉ်၊သယ်ယူပို့ဆောင်ရေးလေယာဉ်နဲ့ တိုက်ခိုက်ရေး လေ ယာဉ်တွေကိုအကောင်းအတိုင်းထိန်သိမ်းထားပြီး လက်နက်ချတာ၊ဖျက်ဆီးခဲ့တာတွေအတွက်လည်း ဆုကြေး အ နိမ့်ဆုံး ကျပ်သိန်းငါးဆယ်ကနေ ကျပ်သိန်းတသောင်းအထိ ချီးမြှင့်မယ်လို့ သတ်မှတ်ကြေညာထား ပါတယ်။

အလားတူ အထက်အရာရှိကိုထိန်းချုပ်ပြီး လက်နက်ချလာသူတွေကိုတော့ ဆုငွေ ကျပ်သိန်းတရာ ချီးမြှင့်မယ်လို့ MNDAA က ကြေညာထားတာပါ။လက်ရှိလားရှိုးတိုက်ပွဲကာလအတွင်းမှာပဲ စစ်ကောင်စီက ရမခ တိုင်းမှူးကိုပါ အ ပြောင်းအလဲလုပ်ပြီး ခုခံနေရချိန် MNDAA ကတော့ အလင်းဝင်သူတွေအတွက်အထက်ပါ ဆုကြေးတွေပေးမယ် လို့ ကြေညာထားတာဖြစ်ပါတယ်။