ရှမ်းမြောက်တိုက်ပွဲတွေကြောင့် သုံးပတ်အတွင်း အရပ်သား တရာ့လေးဆယ်ကျော်သေဆုံး

လက်ရှိရှမ်းမြောက်တိုက်ပွဲတွေအတွင်း လက်နက်ကြီးလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးတဲ့အဆောက်အအုံတချို့

Photo – MNDAA/TNLA

ဇူလိုင်၊ ၂၂

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးပြန်စတင်တဲ့ဇွန်လ ၂၅ရက်ကနေ ဇူလိုင် ၁၈ရက်အထိ သုံးပတ်အ တွင်း မြို့နယ် ခုနစ်ခုက အရပ်သား ၁၄၁ဦးသေဆုံးပြီး တရာထက်မနည်း ဒဏ်ရာတွေရခဲ့တယ်လို့ ရှမ်းမြောက်အ ခြေစိုက် အရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။

အရပ်သားသေဆုံးထိခိုက်မှုအများစုဟာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ အပြန်အလှန်တိုက်ပွဲတွေ အ တွင်း လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဖြစ်ပြီး အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေနေ့စဉ်ပို တိုး လာနေတယ်လို့လည်းဆိုပါတယ်။

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ကကောက်ယူအတည်ပြုထားတဲ့ စာရင်းတွေအရတော့ လက်ရှိရှမ်းမြောက်တိုက် ပွဲ တွေဖြစ်နေပြီး တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေဖြတ်သန်းရာ နောင်ချို၊ကျောက်မဲနဲ့ သီပေါမြို့နယ်တွေ မှာ လေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၄၆ ဦးသေဆုံးပြီး ၃၅ဦးဒဏ်ရာရကာ အ ဆောက် အဦ ၁၅၀ကျော်ပျက်စီးခဲ့တယ်လို့ ဒီကနေ့ ထုတ်ပြန်ထားပါတယ်။

ဒါဟာ ဇွန်လ ၁၉ရက်ကနေ ဇူလိုင် ၄ရက်အထိ နှစ်ပတ်အတွင်း အဲ့ဒီမြို့နယ်သုံးခုက အရပ်သားသေဆုံးမှုနဲ့ အ ဆောက်အအုံထိခိုက်မှုအရေအတွက်ဖြစ်ပါတယ်။၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းတိုက်ပွဲတွေကြောင့် လားရှိုး၊သိ န္နီ၊နဲ့ ကျောက်မဲမြို့နယ်တို့မှာ လူငါးဦးထက်ပိုတဲ့အစုအပြုံလိုက်သေဆုံးမှုတွေအပါအဝင် ဒေသခံဆယ်ချီ သေဆုံး မှုတွေရှိနေပါတယ်။ 

အဲ့ဒီနှစ်ပတ်အတွင်း ကျောက်မဲမြို့နယ်မှာ သီလရှင်တပါး အပါအဝင် အရပ်သား ၄၄ဦးသေဆုံးခဲ့ကာ ၂၅ဦးဒဏ်ရာ ရခဲ့ပြီး နောင်ချိုမြို့နယ်မှာတော့ နှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ရဲ့ အချက်အလက်တွေအရသိရပါတယ်။

၁၀၂၇ စစ်ဆင်းရေး ဒုတိယပိုင်းထိုးစစ်တွေစတင်ပြီးနောက် နောင်ချိုတမြို့နယ်လုံးနီးပါးကို TNLA ပူးပေါင်းတပ် တွေထိန်းချုပ်ထားပေမယ့် တိုက်ပွဲတချို့ဆက်ဖြစ်နေတာ၊စစ်ကောင်စီဘက်က လေကြောင်းနဲ့လက်နက်ကြီး တိုက်ခိုက်တာတွေဆက်ရှိနေပါသေးတယ်။

ဒါ့အပြင် ကျောက်မဲမြို့ကိုလည်း TNLA ပူးပေါင်းတပ်တွေ ကနဦးထိန်းချုပ်နိုင်ခဲ့တာရှိပေမယ့် မြို့အနီးက ခမရ ၅၀၁နဲ့ ၅၀၂ တပ်ရင်းတွေကိုသိမ်းပိုက်နိုင်ခြင်းမရှိသေးသလို ရှမ်းတောင်ဘက်ကနေ စစ်ကောင်စီစစ်ကူတပ်တွေ ထပ်ရောက်လာတာကြောင့် လက်ရှိမှာမြို့တွင်းတိုက်ပွဲတွေပါပြန်ဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒါကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ထပ်တိုးလာဖွယ်ရှိနိုင်ပါသေးတယ်။

စစ်ကောင်စီဟာ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းကာလတုန်းကလိုပဲ တရုတ်ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း တ လျှောက် မြို့တွေမှာ သေဆုံးထိခိုက်မှုများစေတဲ့ ပေါင် ငါးရာဗုံးကြဲချတာအပါအဝင် လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ပိုလုပ်နေတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ကဆိုပါတယ်။

လက်ရှိ ၁၀၂၇ စစ်ဆင်ရေးစတင်ချိန်ကစလို့ မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ကြားတိုက်ပွဲတွေကြောင့် လားရှိုး၊ကျောက်မဲ ၊သီပေါ၊မိုးမိတ်၊မိုးကုတ်စတဲ့မြို့နယ်တို့မှာ အရပ်သားထိခိုက်သေဆုံးမှုတွေရှိခဲ့သလို ညီနောင် မ ဟာမိတ်တပ်တွေထိန်းချုပ် ထားတဲ့ လောက်ကိုင်၊သိန္နီ၊နမ့်ဆန် စတဲ့မြို့နယ်တွေမှာလည်း မြေပြင်တိုက်ပွဲမရှိဘဲ စစ်  ကောင်စီရဲ့ လေကြောင်း၊လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် အရပ်သားသေဆုံးထိခိုက်မှုတွေရှိနေပါတယ်။

ရှမ်းလူငယ်အရပ်ဘက် အဖွဲ့တွေရဲ့ ဇူလိုင်၁၈ရက်က ထုတ်ပြန်ချက်တရပ်မှာတော့ လက်ရှိရှမ်းမြောက် တိုက်ပွဲ တွေမှာ လက်နက်ကြီး၊လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုမြင့်တက်နေသလို နှစ် ဖက်လက်နက်ကိုင်တပ်တွေက ဒေသခံတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်တာတွေရှိနေတယ်လို့ ဝေဖန် ထားပါတယ်။

လားရှိုးမြို့တိုက်ပွဲတွေမှာ မြို့တွင်းကအရပ်ဘက်နေရာတွေကိုပါ ရှော့တိုက်ဒုံးတွေကျရောက်ပေါက်ကွဲ တာ၊လားရှိုး မြို့ကနေ ထွက်ခွာလာတဲ့ စစ်ရှောင်အနည်းဆုံးခြောက်ဦးကို MNDAA က တပ်သားအဖြစ်အဓမ္မစုဆောင်းတာ၊ စစ် ရှောင်တွေရဲ့မော်တော်ယာဉ်တွေသိမ်းယူခံရတာတွေရှိနေတယ်လို့ ရှမ်းလူငယ်အရပ်ဘက် အဖွဲ့တွေကပြောပါ တယ်။

ဒါ့အပြင် ကျောက်မဲမြို့နယ်မှာလည်း လက်နက်ကိုင်အဖွဲ့ဝင်တချို့က အရပ်သားတွေရဲ့နေအိမ်တွေထဲ ဝင်ရောက် နေထိုင်တာ၊ဆိုင်ကယ်တွေကို အဓမ္မယူတာမျိုးတွေလုပ်နေတာကြောင့် တော်လှန်ရေးအဖွ့အစည်းတွေအနေနဲ့ စစ် အာဏာရှင်တွေနဲ့အလားတူတဲ့ လုပ်ရပ်တွေမလုပ်ကြဖို့ မေတ္တာရပ်ခံကြောင်း ရှမ်းလူငယ်အရပ်ဘက်အဖွဲ့တွေ ရဲ့ ထုတ်ပြန်ချက်မှာတောင်းဆိုထားပါတယ်။

လက်ရှိရှမ်းမြောက်ထိုးစစ်အတွင်း စစ်ကောင်စီရဲ့အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ကို အဓိကဦး ဆောင်တိုက်ခိုက်နေတဲ့ ကိုးကန့်တပ် MNDAAကတော့ လက်အောက်ခံတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူတွေနဲ့ ပြည်သူပိုင်ပစ္စည်းတွေအပေါ် အနိုင်ကျင့်သတ်ဖြတ်၊လုယူတာတွေမလုပ်ဖို့ ဇူလိုင် ၁၀ရက်က ထုတ်ပြန်တားမြစ် ထားပါတယ်။

ပြည်သူတွေကိုအနိုင်ကျင့်သတ်ဖြတ်မှုမလုပ်ဖို့၊ပြည်သူပိုင်ပစ္စည်းတွေကိုထိပါးခြင်းမပြုဖို့၊ပြည်သူပိုင်ယာဉ်နဲ့ ငွေကြေးတွေကို သိမ်းဆည်း၊သုံးဆောင်တာ၊ကောက်ခံတောင်းယူတာတွေ မလုပ်ဖို့လမ်းကြောင်းပိတ်ပြီး တပ် သားသစ်စုဆောင်းတာတွေမလုပ်ဖို့နဲ့ တားမြစ်ချက်တွေကိုချိုးဖောက်ရင် စစ်ဥပဒေအရအရေးယူမယ်လို့ အဲ့ဒီ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

MNDAA ဟာ အခုလဆန်းကစလို့ လားရှိုးမြို့ကို ထိုးစစ်နေတာဖြစ်ပြီး တရုတ်နိုင်ငံရဲ့တောင်းဆိုချက်အရဆိုကာ ဇူလိုင် ၁၄ရက်ကနေ ၁၈ရက်အထိ ပထမအကြိမ်နဲ့ ဇူလိုင် ၁၉ရက်ကနေ အခုလကုန်အထိ တဖက်သတ်အပစ် ရပ်တယ်လို့ ထုတ်ပြန်တာတွေရှိပေမယ့် မြေပြင်မှာတော့ တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။